Skip to main content
တရားမဝင္ ကုန္သြယ္မႈမွ ေငြက်ပ္ ၉ ဒႆမ ၁၁၃ ဘီလ်ံဖိုး ဖမ္းဆီးရမိခဲ့
Ads Block

တရားမဝင္ ကုန္သြယ္မႈမွ ေငြက်ပ္ ၉ ဒႆမ ၁၁၃ ဘီလ်ံဖိုး ဖမ္းဆီးရမိခဲ့


နယ္စပ္ေဒသ (၉) ခုတြင္ တရားမဝင္ ကုန္သြယ္ေနျခင္းကို အထူးစံုစမ္းစစ္ေဆးအဖြဲ႔ျဖင့္ စစ္ေဆးရာတြင္ အမႈေပါင္း ၅၁၂ မႈရွိၿပီး ယင္းမွ ေငြက်ပ္ ၉ ဒႆမ ၁၁၃ ဘီလ်ံတန္ဖိုး ဖမ္းဆီးရမိေၾကာင္း ႏိုင္ငံေတာ္ဒုတိယသမၼတ(၁) ဦးျမင့္ေဆြက ေျပာသည္။

တရားမဝင္ ကုန္သြယ္မႈမွ ေငြက်ပ္ ၉ ဒႆမ ၁၁၃ ဘီလ်ံဖိုး ဖမ္းဆီးရမိခဲ့


ရန္ကုန္ၿမိဳ႕ရိွ ကုန္သည္စက္မႈအသင္းခ်ဳပ္ရံုး၌ (၂၇) ႀကိမ္ေျမာက္ က်င္းပျပဳလုပ္သည့္ ႏိုင္ငံတာ္ဒုတိယသမၼတ(၁) ႏွင့္ လုပ္ငန္းရွင္ မ်ား ပံုမွန္ေတြ႔ဆံုသည့္ အစည္းအေဝးတြင္ ၄င္းက အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“တရားမဝင္ ကုန္သြယ္မႈေတြေၾကာင့္ MSME လုပ္ငန္းရွင္ေတြ ဘယ္လိုမွ ရပ္တည္လို႔ မရေတာ့ဘူးဆိုၿပီး တင္ျပလာတယ္။ တ ရားမဝင္ ကုန္သြယ္မႈေတြကို ထိန္းခ်ဳပ္ေပးဖို႔အတြက္ လုပ္ငန္းရွင္ေတြဘက္က ေတာင္းဆိုမႈေတြေၾကာင့္ အထူးစံုစမ္းစစ္ေဆး အ ဖြဲ႔ေတြ ဖြဲ႔စည္းၿပီးေတာ့ နယ္စပ္ေဒသေတြမွာ စစ္ေဆးတယ္။ ဒါေပမဲ့ သတင္းေပးတိုင္ၾကားမႈေတြရွိရင္ စစ္ေဆးေဆာင္ရြက္တဲ့ အခါမွာ ပိုၿပီးထိေရာက္မႈရွိတယ္။ သတင္းေပးတဲ့ သူကိုလည္း ဆုေၾကးေငြေတြ ေျပာင္းလဲ သတ္မွတ္ထားၿပီးေတာ့ ေပးဖို႔ျပင္ဆင္ ထားတယ္။ ဒါမွလည္း တရားမဝင္ကုန္သြယ္မႈကို ႏွိမ္ႏွင္းႏိုင္မွာပါ”ဟု ႏိုင္ငံေတာ္ဒုတိယသမၼတ(၁) ဦးျမင့္ေဆြက ေျပာသည္။
လက္ရွိတြင္ တရားမဝင္ကုန္ပစၥည္းမ်ား တင္သြင္းေနမႈမ်ားကို ထိန္းခ်ဳပ္ရန္အတြက္ ျပည္ထဲေရးဝန္ႀကီးဌာန အပါအဝင္ သက္ ဆိုင္ရာျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ပူးေပါင္း၍ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ မြန္ျပည္နယ္၊ ကယား ျပည္နယ္၊ ကရင္ျပည္နယ္တို႔တြင္ အထူးစံုစမ္းစစ္ေဆးေရးအဖြဲ႔မ်ား ဖြဲ႔စည္း၍ စစ္ေဆးေဆာင္ရြက္လ်က္ရွိၿပီး ရခိုင္ျပည္နယ္ႏွင့္ တနသၤာရီ တိုင္းေဒသႀကီးတို႔တြင္လည္း အထူးအဖြဲ႔မ်ား ဖြဲ႔စည္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
ယခင္က တရားမဝင္ကုန္သြယ္မႈကို ေလွ်ာ့ခ်ရန္အတြက္ တရားမဝင္ကုန္သြယ္မႈ တားဆီးထိန္းခ်ဳပ္ေရး ဗဟိုေကာ္မတီ (Mobile Team) အဖြဲ႔ကို ၂၀၁၂ ခုႏွစ္တြင္ စတင္ဖြဲ႔စည္းခဲ့ၿပီး ေလဆိပ္၊ နယ္စပ္ဝင္ဂိတ္ႏွင့္ ဆိပ္ကမ္းမ်ား၌ စစ္ေဆးေဆာင္ရြက္လ်က္ရွိၿပီး အထူးသျဖင့္ မူဆယ္ - မႏၱေလးလမ္းေၾကာင္း၊ ျမဝတီ - ရန္ကုန္လမ္းေၾကာင္းကို အဓိကထား စစ္ေဆးေဆာင္ရြက္ခဲ့ေၾကာင္း သိရ သည္။
ယင္းအဖြဲ႔အစည္းေၾကာင့္ တရားမဝင္ကုန္သြယ္မႈမွာ သိသိသာသာေလ်ာ့နည္းသြားေသာ္လည္း ၂၀၁၆ ခုႏွစ္တြင္ အဆိုပါ အဖြဲ႔ အစည္းအား ဖ်က္သိမ္းခဲ့သည့္အတြက္ တရားမဝင္ကုန္သြယ္မႈမွာ ပိုဆိုးလာေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version


နယ်စပ်ဒေသ (၉) ခုတွင် တရားမဝင် ကုန်သွယ်နေခြင်းကို အထူးစုံစမ်းစစ်ဆေးအဖွဲ့ဖြင့် စစ်ဆေးရာတွင် အမှုပေါင်း ၅၁၂ မှုရှိပြီး ယင်းမှ ငွေကျပ် ၉ ဒဿမ ၁၁၃ ဘီလျံတန်ဖိုး ဖမ်းဆီးရမိကြောင်း နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောသည်။
ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ (၂၇) ကြိမ်မြောက် ကျင်းပပြုလုပ်သည့် နိုင်ငံတာ်ဒုတိယသမ္မတ(၁) နှင့် လုပ်ငန်းရှင် များ ပုံမှန်တွေ့ဆုံသည့် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“တရားမဝင် ကုန်သွယ်မှုတွေကြောင့် MSME လုပ်ငန်းရှင်တွေ ဘယ်လိုမှ ရပ်တည်လို့ မရတော့ဘူးဆိုပြီး တင်ပြလာတယ်။ တ ရားမဝင် ကုန်သွယ်မှုတွေကို ထိန်းချုပ်ပေးဖို့အတွက် လုပ်ငန်းရှင်တွေဘက်က တောင်းဆိုမှုတွေကြောင့် အထူးစုံစမ်းစစ်ဆေး အ ဖွဲ့တွေ ဖွဲ့စည်းပြီးတော့ နယ်စပ်ဒေသတွေမှာ စစ်ဆေးတယ်။ ဒါပေမဲ့ သတင်းပေးတိုင်ကြားမှုတွေရှိရင် စစ်ဆေးဆောင်ရွက်တဲ့ အခါမှာ ပိုပြီးထိရောက်မှုရှိတယ်။ သတင်းပေးတဲ့ သူကိုလည်း ဆုကြေးငွေတွေ ပြောင်းလဲ သတ်မှတ်ထားပြီးတော့ ပေးဖို့ပြင်ဆင် ထားတယ်။ ဒါမှလည်း တရားမဝင်ကုန်သွယ်မှုကို နှိမ်နှင်းနိုင်မှာပါ”ဟု နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောသည်။
လက်ရှိတွင် တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းနေမှုများကို ထိန်းချုပ်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် သက် ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင်လည်း အထူးအဖွဲ့များ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်က တရားမဝင်ကုန်သွယ်မှုကို လျှော့ချရန်အတွက် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ (Mobile Team) အဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လေဆိပ်၊ နယ်စပ်ဝင်ဂိတ်နှင့် ဆိပ်ကမ်းများ၌ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် မူဆယ် - မန္တလေးလမ်းကြောင်း၊ မြဝတီ - ရန်ကုန်လမ်းကြောင်းကို အဓိကထား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ယင်းအဖွဲ့အစည်းကြောင့် တရားမဝင်ကုန်သွယ်မှုမှာ သိသိသာသာလျော့နည်းသွားသော်လည်း ၂၀၁၆ ခုနှစ်တွင် အဆိုပါ အဖွဲ့ အစည်းအား ဖျက်သိမ်းခဲ့သည့်အတွက် တရားမဝင်ကုန်သွယ်မှုမှာ ပိုဆိုးလာကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။