Skip to main content
ဖမ္းဝရမ္း ထုတ္ခံထားရသည့္ မုိက္ကယ္ေက်ာ္ျမင့္ ယေန႔အထိ ရန္ကုန္ ျပန္မေရာက္ေသး
Ads Block

ဖမ္းဝရမ္း ထုတ္ခံထားရသည့္ မုိက္ကယ္ေက်ာ္ျမင့္ ယေန႔အထိ ရန္ကုန္ ျပန္မေရာက္ေသး


ရန္ကုန္တုိင္းေဒသႀကီး ဒဂံုၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့သည့္ အစၥလာမ္ဘာသာဝင္တို႔၏ ဝတ္ျပဳဆုေတာင္းပြဲ ပိတ္ပင္ ခံရမႈႏွင့္ ပတ္သက္ၿပီး ဖမ္းဝရမ္းထုတ္ခံထားရသည့္ မုိက္ကယ္ေက်ာ္ျမင့္မွာ လက္ရိွတြင္ ရန္ကုန္ၿမိဳ႕၌ မရွိေၾကာင္း ၎၏ ဇနီးျဖစ္ သူက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ဒံဂံုၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ ၁၀၆ ရပ္ကြက္ႏွင့္ ၆၄ ရပ္ကြက္တို႔ရွိ အစၥလာမ္ဘာသာဝင္ ႏွစ္ဦး၏အိမ္တြင္ ျပဳလုပ္သည့္ ဥပုသ္လ ဆုေတာင္းပြဲကုိ မုိက္ကယ္ေက်ာ္ျမင့္ ဦးေဆာင္ကာ ပိတ္ပင္ခဲ့သည့္အတြက္ ပုဒ္မ ၅၀၅(ခ)ျဖင့္ အမႈဖြင့္ထားၿပီး ေမလ ၂၃ ရက္ တြင္ တရားရုံးသို႔ လာေရာက္ရန္အတြက္ ဆင့္ေခၚထားၿပီး ဖမ္းဝရမ္းလည္း ထုတ္ထားေၾကာင္း သိရသည္။
“ သူက ကိစၥတစ္ခုသြားေနတာ။ အဆက္အသြယ္ ခုထိမရေသးပါဘူး။ သူက ရန္ကုန္မွာေတာ့ မရွိဘူး။ သူကပဲ ဖုန္းလွမ္းဆက္ သြယ္တာ ဆုိေတာ့ေလ။ ကၽြန္မက ပါတီကိစၥပဲ လုပ္ေနတာ။ ခုမွသာ သတင္းေတြက ခုမွေတြ႔လုိ႔။ သတင္းေတြမွာပဲ ဖမ္းဝရမ္းဘ ထုတ္ထားတယ္ ဆုိတာကိုပဲ သိေသးတာပါ” ဟု မုိက္ကယ္ေက်ာ္ျမင့္၏ ဇနီးျဖစ္သူက ေျပာသည္။
ဝတ္ျပဳဆုေတာင္းပြဲ ပိတ္ပင္မႈႏွင့္ ပတ္သက္ၿပီး ဦးေဆာင္ပါဝင္သည့္ မုိက္ကယ္ေက်ာ္ျမင့္ပါ ႏွစ္ဦးကို ပုဒ္မ ၅၀၅(ခ)ျဖင့္ အမႈဖြင့္ ကာ ဖမ္းဝရမ္း ထုတ္ထားေၾကာင္း သိရသည္။
“ တရားရုံးက ဖမ္းဝရမ္းထုတ္ထားၿပီး ဆင့္ေခၚထားတာ ပ်က္ကြက္ရင္ ေနာက္ရုံးခ်ိန္း ထပ္ခ်ိန္းရမယ္။ မမိမခ်င္း ဖမ္းရပါ့မယ္။ ရဲကဖမ္းတဲ့အခါမွာလည္း အာမခံေပးလုိ႔ရတယ္။ ေနာက္တရားရုံးစြဲတင္တဲ့အခါမွာ တရားရုံးမွာ ထပ္ၿပီး အာမခံေလွ်ာက္ရဦးမွာပါ” ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ေဇယ်က ေျပာသည္။
လက္ရွိတြင္ မုိက္ကယ္ေက်ာ္ျမင့္ ဦးေဆာင္ၿပီး ပိတ္ပင္မႈမ်ားျပဳလုပ္ခဲ့သည့္ ဝတ္ျပဳဆုေတာင္းရာ ေနရာမ်ားကို တိုင္းေဒႀကီး အစိုးရ အဖြဲ႔က ျပန္လည္ခြင့္ျပဳထားေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode Version


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာဝင်တို့၏ ဝတ်ပြုဆုတောင်းပွဲ ပိတ်ပင် ခံရမှုနှင့် ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသည့် မိုက်ကယ်ကျော်မြင့်မှာ လက်ရှိတွင် ရန်ကုန်မြို့၌ မရှိကြောင်း ၎င်း၏ ဇနီးဖြစ် သူက အကုန်သိသတင်းဌာနသို့ ပြောသည်။
ဒံဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၀၆ ရပ်ကွက်နှင့် ၆၄ ရပ်ကွက်တို့ရှိ အစ္စလာမ်ဘာသာဝင် နှစ်ဦး၏အိမ်တွင် ပြုလုပ်သည့် ဥပုသ်လ ဆုတောင်းပွဲကို မိုက်ကယ်ကျော်မြင့် ဦးဆောင်ကာ ပိတ်ပင်ခဲ့သည့်အတွက် ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ထားပြီး မေလ ၂၃ ရက် တွင် တရားရုံးသို့ လာရောက်ရန်အတွက် ဆင့်ခေါ်ထားပြီး ဖမ်းဝရမ်းလည်း ထုတ်ထားကြောင်း သိရသည်။
“ သူက ကိစ္စတစ်ခုသွားနေတာ။ အဆက်အသွယ် ခုထိမရသေးပါဘူး။ သူက ရန်ကုန်မှာတော့ မရှိဘူး။ သူကပဲ ဖုန်းလှမ်းဆက် သွယ်တာ ဆိုတော့လေ။ ကျွန်မက ပါတီကိစ္စပဲ လုပ်နေတာ။ ခုမှသာ သတင်းတွေက ခုမှတွေ့လို့။ သတင်းတွေမှာပဲ ဖမ်းဝရမ်းဘ ထုတ်ထားတယ် ဆိုတာကိုပဲ သိသေးတာပါ” ဟု မိုက်ကယ်ကျော်မြင့်၏ ဇနီးဖြစ်သူက ပြောသည်။
ဝတ်ပြုဆုတောင်းပွဲ ပိတ်ပင်မှုနှင့် ပတ်သက်ပြီး ဦးဆောင်ပါဝင်သည့် မိုက်ကယ်ကျော်မြင့်ပါ နှစ်ဦးကို ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့် ကာ ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။
“ တရားရုံးက ဖမ်းဝရမ်းထုတ်ထားပြီး ဆင့်ခေါ်ထားတာ ပျက်ကွက်ရင် နောက်ရုံးချိန်း ထပ်ချိန်းရမယ်။ မမိမချင်း ဖမ်းရပါ့မယ်။ ရဲကဖမ်းတဲ့အခါမှာလည်း အာမခံပေးလို့ရတယ်။ နောက်တရားရုံးစွဲတင်တဲ့အခါမှာ တရားရုံးမှာ ထပ်ပြီး အာမခံလျှောက်ရဦးမှာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇေယျက ပြောသည်။
လက်ရှိတွင် မိုက်ကယ်ကျော်မြင့် ဦးဆောင်ပြီး ပိတ်ပင်မှုများပြုလုပ်ခဲ့သည့် ဝတ်ပြုဆုတောင်းရာ နေရာများကို တိုင်းဒေကြီး အစိုးရ အဖွဲ့က ပြန်လည်ခွင့်ပြုထားကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။