Skip to main content
ထုိင္းအမ်ဳိးသမီးေတြကုိ လူကုန္ကူးကာ ျပည့္တန္ဆာအျဖစ္ေစခုိင္းခဲ့သူမ်ားကုိ ဂ်ာမနီမွာ ရုံးထုတ္
Ads Block

ထုိင္းအမ်ဳိးသမီးေတြကုိ လူကုန္ကူးကာ ျပည့္တန္ဆာအျဖစ္ေစခုိင္းခဲ့သူမ်ားကုိ ဂ်ာမနီမွာ ရုံးထုတ္


ထုိင္းအမ်ဳိးသမီး ၂၀၀ ေလာက္ကုိ လူကုန္ကူးကာ ႏုိင္ငံတ၀န္းက ျပည့္တန္ဆာအိမ္ေတြမွာ ခုိင္းေစခဲ့မႈနဲ ့ လူ ၅ ဦးကုိ ဂ်ာမနီႏုိင္ငံမွာ ရုံးထုတ္စစ္ေဆးခဲ့ပါတယ္။
ဖက္ဒရယ္ ရဲတပ္ဖြဲ ့ရဲ႕သမုိင္းမွာ ပမာဏအမ်ားဆုံး ရွာေဖြေတြ ့ရွိမႈအျဖစ္ မွတ္တမ္း၀င္ခဲ့တဲ့ ယင္းျဖစ္စဥ္နဲ ့ပတ္သက္ၿပီး ၿပီးခဲ့တဲ့ႏွစ္မွာ ထုိင္းအမ်ဳိးသမီး ၄ ဦးနဲ ့ဂ်ာမန္အမ်ဳိးသားတစ္ဦးတုိ႔ကုိ ဖမ္းဆီး ခဲ့တာျဖစ္ပါတယ္။ လိင္ေျပာင္း အမ်ဳိးသမီးအမ်ားစုပါ၀င္တဲ့ ျပည့္တန္ဆာခုိင္းေစခံရသူေတြက သူတုိ ့ရဲ႕ ပတ္စ္ပုိ ့ေတြနဲ ့ လစာေတြကုိ သိမ္းယူထားခံရေၾကာင္း ေျပာဆုိခဲ့ၾကပါတယ္။

ထုိင္းအမ်ဳိးသမီးေတြကုိ လူကုန္ကူးကာ ျပည့္တန္ဆာအျဖစ္ေစခုိင္းခဲ့သူမ်ားကုိ ဂ်ာမနီမွာ ရုံးထုတ္


ယင္းအမႈနဲ ့ပတ္သက္ၿပီး ေမ ၂၁ ရက္ေန ့က ဂ်ာမနီ အေနာက္ပုိင္း ဟန္ႏူၿမိဳ႕တရားရုံးတစ္ရုံးမွာ ရုံးတင္စစ္ေဆးခဲ့တာျဖစ္ပါတယ္။ အသက္ ၄၉ နဲ ့ ၆၀ အၾကား အရြယ္ေတြျဖစ္တဲ့ သံသယတရားခံေတြဟာ ျပည့္တန္ဆာအိမ္ေတြ ခ်ိတ္ဆက္ ဖြင့္လွစ္ထားခဲ့ၾကကာ အမ်ဳိးသမီးေတြကုိ အလွည့္က်စနစ္နဲ ့ လည္ပတ္ အသုံးခ်ေနခဲ့တာျဖစ္ေၾကာင္း ေရွ ့ေနေတြက ေျပာဆုိခဲ့ပါတယ္။ ထုိင္း အမ်ဳိးသမီးေတြကုိ ခရီးသြား ဗီဇာအတုေတြနဲ ့ ဂ်ာမနီသုိ ့ ေခၚသြင္းခဲ့ကာ ကနဦးမွာ အေနာက္ပုိင္းၿမိဳ႕ဆုိင္ဂ်န္ရွိ ျပည့္တန္ဆာအိမ္ သုံးလုံးမွာ ခုိင္းေစခဲ့ေၾကာင္းနဲ ့ ေနာက္ပုိင္းမွာ ႏုိင္ငံအႏွံ ့က ျပည့္တန္ဆာအိမ္ေတြမွာ ခုိင္းေစခဲ့ေၾကာင္း စြဲဆုိခ်က္မွာ ပါ၀င္ခဲ့ပါတယ္။
ဂ်ာမနီႏုိင္ငံမွာ ျပည့္တန္ဆာလုပ္ငန္းဟာ တရား၀င္ အလုပ္အကုိင္တစ္ခုျဖစ္ေပမယ့္ သံသယ တရားခံေတြဟာ အမ်ဳိးသမီးေတြကုိ အခေၾကးေငြ မေပးခဲ့ဘူးလုိ ့ စြပ္စြဲခံထားရပါတယ္။ သံသယရွိသူေတြဟာ ဥေရာပရဲ႕နယ္စပ္ Schengen ဇုံသုိ ့ ၀င္ေရာက္ခ၊ ေလယာဥ္စရိတ္၊ ေနထုိင္စရိတ္ေတြ အလုိ ့ငွာ အမ်ဳိးသမီး ေတြရဲ႕လစာေငြေတြကုိ သိမ္းယူထားခဲ့ေၾကာင္း ေရွ ့ေနေတြက ေျပာဆုိပါတယ္။ သံသယရွိသူ ငါးဦးကုိ လူကုန္ ကူးမႈ၊ ကုိယ္က်ဳိးရွာ အျမတ္ထုတ္မႈ စြဲခ်က္ေတြနဲ ့ စြဲဆုိထားကာ ၄င္းတုိ ့ထဲကႏွစ္ဦးကေတာ့ အခြန္ေရွာင္မႈ စြဲခ်က္နဲ ့ပါ တရားစြဲဆုိခံထားရပါတယ္။

- ကုိလင္း (အကုန္သိ သတင္းဌာန)

Unicode Version


ထိုင်းအမျိုးသမီး ၂၀၀ လောက်ကို လူကုန်ကူးကာ နိုင်ငံတဝန်းက ပြည့်တန်ဆာအိမ်တွေမှာ ခိုင်းစေခဲ့မှုနဲ့ လူ ၅ ဦးကို ဂျာမနီနိုင်ငံမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဖက်ဒရယ် ရဲတပ်ဖွဲ့ရဲ့သမိုင်းမှာ ပမာဏအများဆုံး ရှာဖွေတွေ့ရှိမှုအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်မှာ ထိုင်းအမျိုးသမီး ၄ ဦးနဲ့ဂျာမန်အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။ လိင်ပြောင်း အမျိုးသမီးအများစုပါဝင်တဲ့ ပြည့်တန်ဆာခိုင်းစေခံရသူတွေက သူတို့ရဲ့ ပတ်စ်ပို့တွေနဲ့ လစာတွေကို သိမ်းယူထားခံရကြောင်း ပြောဆိုခဲ့ကြပါတယ်။
ယင်းအမှုနဲ့ပတ်သက်ပြီး မေ ၂၁ ရက်နေ့က ဂျာမနီ အနောက်ပိုင်း ဟန်နူမြို့တရားရုံးတစ်ရုံးမှာ ရုံးတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အသက် ၄၉ နဲ့ ၆၀ အကြား အရွယ်တွေဖြစ်တဲ့ သံသယတရားခံတွေဟာ ပြည့်တန်ဆာအိမ်တွေ ချိတ်ဆက် ဖွင့်လှစ်ထားခဲ့ကြကာ အမျိုးသမီးတွေကို အလှည့်ကျစနစ်နဲ့ လည်ပတ် အသုံးချနေခဲ့တာဖြစ်ကြောင်း ရှေ့နေတွေက ပြောဆိုခဲ့ပါတယ်။ ထိုင်း အမျိုးသမီးတွေကို ခရီးသွား ဗီဇာအတုတွေနဲ့ ဂျာမနီသို့ ခေါ်သွင်းခဲ့ကာ ကနဦးမှာ အနောက်ပိုင်းမြို့ဆိုင်ဂျန်ရှိ ပြည့်တန်ဆာအိမ် သုံးလုံးမှာ ခိုင်းစေခဲ့ကြောင်းနဲ့ နောက်ပိုင်းမှာ နိုင်ငံအနှံ့က ပြည့်တန်ဆာအိမ်တွေမှာ ခိုင်းစေခဲ့ကြောင်း စွဲဆိုချက်မှာ ပါဝင်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းဟာ တရားဝင် အလုပ်အကိုင်တစ်ခုဖြစ်ပေမယ့် သံသယ တရားခံတွေဟာ အမျိုးသမီးတွေကို အခကြေးငွေ မပေးခဲ့ဘူးလို့ စွပ်စွဲခံထားရပါတယ်။ သံသယရှိသူတွေဟာ ဥရောပရဲ့နယ်စပ် Schengen ဇုံသို့ ဝင်ရောက်ခ၊ လေယာဉ်စရိတ်၊ နေထိုင်စရိတ်တွေ အလို့ငှာ အမျိုးသမီး တွေရဲ့လစာငွေတွေကို သိမ်းယူထားခဲ့ကြောင်း ရှေ့နေတွေက ပြောဆိုပါတယ်။ သံသယရှိသူ ငါးဦးကို လူကုန် ကူးမှု၊ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှု စွဲချက်တွေနဲ့ စွဲဆိုထားကာ ၎င်းတို့ထဲကနှစ်ဦးကတော့ အခွန်ရှောင်မှု စွဲချက်နဲ့ပါ တရားစွဲဆိုခံထားရပါတယ်။

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။