Skip to main content
ေဒၚနီလာသိန္းကို ညဘက္၀င္ဖမ္းျခင္းသည္ ဂုဏ္သိကၡာကို ထိခိုက္ေစေၾကာင္း ၈၈ ေက်ာင္းသားေခါင္းေဆာင္ ကိုမာကီးေျပာ
Ads Block

ေဒၚနီလာသိန္းကို ညဘက္၀င္ဖမ္းျခင္းသည္ ဂုဏ္သိကၡာကို ထိခိုက္ေစေၾကာင္း ၈၈ ေက်ာင္းသားေခါင္းေဆာင္ ကိုမာကီးေျပာ


၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႔အစည္းမွ ေဒၚနီလာသိန္းကို ေနအိမ္၌ ဝင္ေရာက္ဖမ္းဆီးျခင္းသည္ မျဖစ္သင့္ ေသာ ကိစၥျဖစ္ၿပီး ကိုယ္တိုင္ခံဝန္လုပ္ခိုင္းျခင္းသည္လည္း ဂုဏ္သိကၡာကို ထိခိုက္ေစေၾကာင္း ၈၈ ေက်ာင္းသားေခါင္းေဆာင္ ကိုမာကီး(ခ)ဦးေက်ာ္ေက်ာ္ေထြးက ေျပာသည္။

ေဒၚနီလာသိန္းကို ညဘက္၀င္ဖမ္းျခင္းသည္ ဂုဏ္သိကၡာကို ထိခိုက္ေစေၾကာင္း ၈၈ ေက်ာင္းသားေခါင္းေဆာင္ ကိုမာကီးေျပာ


ေဒါင္းတို႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႔ဝင္ ၇ ဦးကို ေမလ ၂၀ ရက္က ဗိုလ္တေထာင္ၿမိဳ႕နယ္ တရားရုံးတြင္ လက္ထိပ္ခတ္ကာ ရုံးထုတ္ခဲ့ သည့္ ကိစၥႏွင့္ပတ္သက္၍ ဝန္းရံသူမ်ားႏွင့္ ရဲတပ္ဖြဲ႔ဝင္မ်ာၾကား ရုန္းရင္းဆန္ခတ္ျဖစ္ေပၚခဲ့မႈေၾကာင့္ ေဒၚနီလာသိန္း အပါအဝင္ ၅ ဦးကို အမႈဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဝတၱရားေႏွာင့္ယွက္မႈနဲ႔ စြဲတယ္။ ဒါေပမယ့္ ရဲလုပ္ထုံးလုပ္နည္း၊ တရားရုံးလုပ္ထုံးလုပ္နည္းေတြနဲ႔ မညီဘူးလို႔ ကြ်န္ေတာ္တို႔ ယူ ဆတယ္။ ညဘက္မွာ လူအိပ္တဲ့ အခ်ိန္မွ လာဖမ္းတယ္။ မီးပ်က္ၿပီးေတာ့ ဝင္ဖမ္းတယ္ဆိုတဲ့ ဥစၥာဟာ ဘယ္လိုမွ တရားဥပေဒ စိုးမိုးမႈနဲ႔ မလုံမလဲျဖစ္တာေပါ့ေလ။ တကယ္တမ္းဆိုလို႔ရွိရင္ မနီလာသိန္းပဲျဖစ္ျဖစ္ ႏိုင္ငံေရးလႈပ္ရွားသူ အားလုံးဟာ ဘယ္သူမွ လွ်ိဳ႕ဝွက္ၿပီး ခိုးဝွက္ၿပီး လုပ္လို႔ရတဲ့ ဥစၥာမဟုတ္ဘူး။ အားလုံးဟာ ကိုယ့္ရဲ႕ယုံၾကည္ခ်က္နဲ႔ လုပ္ေနက်တဲ့သူေတြ။ ျဖစ္လာလို႔ရွိရင္ သတၱိရွိရွိရင္ဆိုင္ရဲတဲ့ အေတြ႔အႀကံဳ ေတြေရွ႕မွာလဲရွိခဲ့တယ္။ အဲဒါကို အတင္းမီးအေမွာင္ခ်ၿပီး ဝင္ဖမ္းတာတို႔ဘာတို႔ဟာ မျဖစ္သင့္ တဲ့ကိစၥေတြ၊ ၿပီးေတာ့ ရဲစခန္းက ဖမ္းၿပီးေခၚသြားတဲ့ ကိစၥမွာလည္း ကိုယ္တိုင္ခံဝန္လုပ္ခဲ့တာတို႔ဘာတို႔ဟာ လူတစ္ေယာက္ရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစတယ္ေပါ့ေနာ္” ဟု ဦးမာကီးက အကုန္သိ သတင္းဌာနသို႔ ေျပာသည္။
ေဒၚနီလာသိန္းကို ရန္ကုန္ၿမိဳ႕ ၅၁ လမ္းရွိ ေနအိမ္တြင္ ေမလ ၂၁ ရက္၊ ညပိုင္းက ရဲတပ္ဖြဲ႔မွ လာေရာက္ေခၚ ေဆာင္သြားခဲ့ၿပီး ဗိုလ္တေထာင္ၿမိဳ႕မရဲစခန္းတြင္ ကိုယ္တိုင္ခံဝန္ထိုးခိုင္းခဲ့ရာ မထိုးေပးသျဖင့္ ၎ကိုယ္စား ၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္း လူ႔အဖြဲ႔အစည္းမွ ၂ ဦးက အာမခံသေဘာမ်ဳိး လက္မွတ္ထိုးေပးခဲ့ေၾကာင္း သိရသည္။
“တရားရုံကို တင္လိုက္ရင္ တရားရုံးကိုလာၿပီးေတာ့ ရင္ဆိုင္ေျဖရွင္းရမွာက အစ္ကိုတို႔ ႏိုင္ငံေရးသမားေတြရဲ႕ တာဝန္ေပါ့ေလ။ အဲဒါကိုမွ မယုံမၾကည္သလိုမ်ဳိးနဲ႔ ခံဝန္လုပ္ခိုင္း၊ အာမခံလုပ္ခိုင္းဆိုတဲ့ကိစၥဟာ သူတို႔ဥပေဒအရ တည္ဆဲဥပေဒအရ လုပ္ထုံး လုပ္နည္းအရ မွန္ေကာင္းမွန္လိမ့္မယ္။ ဒါေပမယ့္ ႏိုင္ငံေရးသမားေတြရဲ႕ ခံယူခ်က္ မွာက်ေတာ့ ဒါဟာ ကိုယ့္ရဲ႕ ကိုယ္က်င့္ သိ ကၡာကို ထိခိုက္ေစတယ္လို႔ ခံစားရတာေပါ့” ဟု ဦးမာကီက ေျပာသည္။
လက္ရွိတြင္ ေဒၚနီလာသိန္းအပါအဝင္ ရွားယမံု၊ နန္းလင္း၊ ႏိုင္ကိုသူ၊ မင္းဟန္ထက္တို႔ ၅ ဦးကို ဗိုလ္တေထာင္ၿမိဳ႕မရဲစခန္း၌ (ပ) ၂၃၄ /၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္ မ- ၃၃၂/၃၅၃/၁၈၆/၁၁၄ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

Unicode Version


၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်နီလာသိန်းကို နေအိမ်၌ ဝင်ရောက်ဖမ်းဆီးခြင်းသည် မဖြစ်သင့် သော ကိစ္စဖြစ်ပြီး ကိုယ်တိုင်ခံဝန်လုပ်ခိုင်းခြင်းသည်လည်း ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုမာကီး(ခ)ဦးကျော်ကျော်ထွေးက ပြောသည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၇ ဦးကို မေလ ၂၀ ရက်က ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် လက်ထိပ်ခတ်ကာ ရုံးထုတ်ခဲ့ သည့် ကိစ္စနှင့်ပတ်သက်၍ ဝန်းရံသူများနှင့် ရဲတပ်ဖွဲ့ဝင်မျာကြား ရုန်းရင်းဆန်ခတ်ဖြစ်ပေါ်ခဲ့မှုကြောင့် ဒေါ်နီလာသိန်း အပါအဝင် ၅ ဦးကို အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဝတ္တရားနှောင့်ယှက်မှုနဲ့ စွဲတယ်။ ဒါပေမယ့် ရဲလုပ်ထုံးလုပ်နည်း၊ တရားရုံးလုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘူးလို့ ကျွန်တော်တို့ ယူ ဆတယ်။ ညဘက်မှာ လူအိပ်တဲ့ အချိန်မှ လာဖမ်းတယ်။ မီးပျက်ပြီးတော့ ဝင်ဖမ်းတယ်ဆိုတဲ့ ဥစ္စာဟာ ဘယ်လိုမှ တရားဥပဒေ စိုးမိုးမှုနဲ့ မလုံမလဲဖြစ်တာပေါ့လေ။ တကယ်တမ်းဆိုလို့ရှိရင် မနီလာသိန်းပဲဖြစ်ဖြစ် နိုင်ငံရေးလှုပ်ရှားသူ အားလုံးဟာ ဘယ်သူမှ လျှို့ဝှက်ပြီး ခိုးဝှက်ပြီး လုပ်လို့ရတဲ့ ဥစ္စာမဟုတ်ဘူး။ အားလုံးဟာ ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ လုပ်နေကျတဲ့သူတွေ။ ဖြစ်လာလို့ရှိရင် သတ္တိရှိရှိရင်ဆိုင်ရဲတဲ့ အတွေ့အကြုံ တွေရှေ့မှာလဲရှိခဲ့တယ်။ အဲဒါကို အတင်းမီးအမှောင်ချပြီး ဝင်ဖမ်းတာတို့ဘာတို့ဟာ မဖြစ်သင့် တဲ့ကိစ္စတွေ၊ ပြီးတော့ ရဲစခန်းက ဖမ်းပြီးခေါ်သွားတဲ့ ကိစ္စမှာလည်း ကိုယ်တိုင်ခံဝန်လုပ်ခဲ့တာတို့ဘာတို့ဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ပေါ့နော်” ဟု ဦးမာကီးက အကုန်သိ သတင်းဌာနသို့ ပြောသည်။
ဒေါ်နီလာသိန်းကို ရန်ကုန်မြို့ ၅၁ လမ်းရှိ နေအိမ်တွင် မေလ ၂၁ ရက်၊ ညပိုင်းက ရဲတပ်ဖွဲ့မှ လာရောက်ခေါ် ဆောင်သွားခဲ့ပြီး ဗိုလ်တထောင်မြို့မရဲစခန်းတွင် ကိုယ်တိုင်ခံဝန်ထိုးခိုင်းခဲ့ရာ မထိုးပေးသဖြင့် ၎င်းကိုယ်စား ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ၂ ဦးက အာမခံသဘောမျိုး လက်မှတ်ထိုးပေးခဲ့ကြောင်း သိရသည်။
“တရားရုံကို တင်လိုက်ရင် တရားရုံးကိုလာပြီးတော့ ရင်ဆိုင်ဖြေရှင်းရမှာက အစ်ကိုတို့ နိုင်ငံရေးသမားတွေရဲ့ တာဝန်ပေါ့လေ။ အဲဒါကိုမှ မယုံမကြည်သလိုမျိုးနဲ့ ခံဝန်လုပ်ခိုင်း၊ အာမခံလုပ်ခိုင်းဆိုတဲ့ကိစ္စဟာ သူတို့ဥပဒေအရ တည်ဆဲဥပဒေအရ လုပ်ထုံး လုပ်နည်းအရ မှန်ကောင်းမှန်လိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးသမားတွေရဲ့ ခံယူချက် မှာကျတော့ ဒါဟာ ကိုယ့်ရဲ့ ကိုယ်ကျင့် သိ က္ခာကို ထိခိုက်စေတယ်လို့ ခံစားရတာပေါ့” ဟု ဦးမာကီက ပြောသည်။
လက်ရှိတွင် ဒေါ်နီလာသိန်းအပါအဝင် ရှားယမုံ၊ နန်းလင်း၊ နိုင်ကိုသူ၊ မင်းဟန်ထက်တို့ ၅ ဦးကို ဗိုလ်တထောင်မြို့မရဲစခန်း၌ (ပ) ၂၃၄ /၂၀၁၉၊ ရာဇသတ်ကြီးပုဒ် မ- ၃၃၂/၃၅၃/၁၈၆/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။