Skip to main content
နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)
Ads Block

စက္ေလွျဖင့္ လိုက္မပို႔ေပးသည့္အတြက္ AA အဖြဲ႔မွ ေသနတ္ျဖင့္ပစ္ကာ ဓားျဖင့္ထိုးသျဖင့္ အမ်ဳိးသား ၁ ဦး ေသဆုံး

 

ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ စက္ေလွေမာင္းသူတစ္ဦးကို AA အဖြဲ႔မွ ေသနတ္ျဖင့္ပစ္ကာ ဓားျဖင့္ထိုးသျဖင့္ ေသဆုံးသြားေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ၾကာညိဳျပင္ေက်း႐ြာေန စိုး၀င္းႏိုင္၊ (၃၈)ႏွစ္(ရခိုင္/ဗုဒၶ) (စက္ေလွလုပ္ငန္း)သည္ ေမလ ၂၀ ရက္၊ ည ၇ နာရီခန္႔က ေနအိမ္၌ရွိေနစဥ္ AA အဖြဲ႔ဝင္ ၄ ဦးသည္ ဆိုင္ကယ္ ၂ စီးျဖင့္ ေရာက္ရွိလာကာ ၎တို႔အား စက္ေလွျဖင့္ ဘူးသီးေတာင္ၿမိဳ႕သို႔ ပို႔ေဆာင္ေပးရန္ ေျပာၾကားရာ စိုးဝင္းႏိုင္က မိုးခ်ဳပ္ေနေသာေၾကာင့္ ပို႔ေဆာင္မေပးႏိုင္ေၾကာင္း ျပန္လည္ေျပာဆိုခဲ့ရာမွ စကားမ်ားခ့ဲေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။

စက္ေလွျဖင့္ လိုက္မပို႔ေပးသည့္အတြက္ AA အဖြဲ႔မွ ေသနတ္ျဖင့္ပစ္ကာ ဓားျဖင့္ထိုးသျဖင့္ အမ်ဳိးသား ၁ ဦး ေသဆုံး

ထိုသို႔စကားမ်ားရာမွ AA အဖြဲ႔ဝင္ ၄ ဦးက ေသနတ္ျဖင့္ ၁ ခ်က္ပစ္ခတ္၍ ဓားျဖင့္ ဝိုင္းဝန္းထိုးခ့ဲေသာေၾကာင့္ စိုးဝင္းႏိုင္တြင္ ဝဲ/ယာ ရင္ဘတ္ ထိုးသြင္းဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ AA အဖြဲ႔ဝင္မ်ားသည္ ဆိုင္ကယ္မ်ားျဖင့္ ဘူးသီးေတာင္-ရေသ့ေတာင္ကားလမ္းအတိုင္း ဖုံညိဳလိပ္ေက်း႐ြာဘက္သို႔ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ အခင္းျဖစ္ညတြင္းခ်င္း ၾကာညိဳျပင္ေက်း႐ြာသို႔ တပ္မေတာ္ႏွင့္ အမွတ္(၃)နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ခြဲမွ တပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းသြားေရာက္ကာ နယ္ေျမရွင္းလင္းစိုးမိုးခဲ့ၿပီး ဝန္းက်င္နယ္ေျမလုံၿခဳံေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ စိုးဝင္းႏိုင္ ေသဆုံးမႈအား အမႈဖြင့္ အေရးယူေဆာင္႐ြက္လ်က္ေနေၾကာင္း သိရသည္။

- .ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

ဓာတ္ပုံ-ရဲဇာနည္

Unicode Version

စက်လှေဖြင့် လိုက်မပို့ပေးသည့်အတွက် AA အဖွဲ့မှ သေနတ်ဖြင့်ပစ်ကာ ဓားဖြင့်ထိုးသဖြင့် အမျိုးသား ၁ ဦး သေဆုံး

 

ဘူးသီးတောင်မြို့နယ်တွင် စက်လှေမောင်းသူတစ်ဦးကို AA အဖွဲ့မှ သေနတ်ဖြင့်ပစ်ကာ ဓားဖြင့်ထိုးသဖြင့် သေဆုံးသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်ကျေးရွာနေ စိုးဝင်းနိုင်၊ (၃၈)နှစ်(ရခိုင်/ဗုဒ္ဓ) (စက်လှေလုပ်ငန်း)သည် မေလ ၂၀ ရက်၊ ည ၇ နာရီခန့်က နေအိမ်၌ရှိနေစဉ် AA အဖွဲ့ဝင် ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာကာ ၎င်းတို့အား စက်လှေဖြင့် ဘူးသီးတောင်မြို့သို့ ပို့ဆောင်ပေးရန် ပြောကြားရာ စိုးဝင်းနိုင်က မိုးချုပ်နေသောကြောင့် ပို့ဆောင်မပေးနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့ရာမှ စကားများခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့စကားများရာမှ AA အဖွဲ့ဝင် ၄ ဦးက သေနတ်ဖြင့် ၁ ချက်ပစ်ခတ်၍ ဓားဖြင့် ဝိုင်းဝန်းထိုးခဲ့သောကြောင့် စိုးဝင်းနိုင်တွင် ဝဲ/ယာ ရင်ဘတ် ထိုးသွင်းဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် AA အဖွဲ့ဝင်များသည် ဆိုင်ကယ်များဖြင့် ဘူးသီးတောင်-ရသေ့တောင်ကားလမ်းအတိုင်း ဖုံညိုလိပ်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်ညတွင်းချင်း ကြာညိုပြင်ကျေးရွာသို့ တပ်မတော်နှင့် အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းသွားရောက်ကာ နယ်မြေရှင်းလင်းစိုးမိုးခဲ့ပြီး ဝန်းကျင်နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် စိုးဝင်းနိုင် သေဆုံးမှုအား အမှုဖွင့် အရေးယူဆောင်ရွက်လျက်နေကြောင်း သိရသည်။

ဓာတ်ပုံ-ရဲဇာနည်

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။