Skip to main content
ႏိုင္ငံျခားသားမ်ား စေတာ့ရွယ္ယာအေရာင္းအ၀ယ္ျပဳလုပ္ႏုိင္ရန္ မၾကာမီခြင့္ျပဳေပးသြားမည္ဟု ဆို
Ads Block

ႏိုင္ငံျခားသားမ်ား စေတာ့ရွယ္ယာအေရာင္းအ၀ယ္ျပဳလုပ္ႏုိင္ရန္ မၾကာမီခြင့္ျပဳေပးသြားမည္ဟု ဆို


ႏိုင္ငံျခားသားမ်ား စေတာ့ရွယ္ယာအေရာင္းအဝယ္ျပဳလုပ္ရန္ မၾကာမီကာလအတြင္းစတင္ခြင့္ျပဳမည္ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေငြေၾကးသက္ေသခံလက္မွတ္ႀကီးၾကပ္ေရးေကာ္မရွင္မွ သိရသည္။
လက္ရွိတြင္ ႏိုင္ငံျခားသားမ်ားအား စေတာ့ရွယ္ယာအေရာင္းအဝယ္ျပဳလုပ္ခြင့္ျပဳရန္ ျမန္မာႏိုင္ငံ ေငြေၾကးသက္ေသခံလက္မွတ္ႀကီးၾကပ္ေရးေကာ္မရွင္မွ လိုအပ္ေသာစည္းမ်ဥ္းစည္းကမ္းမ်ားကို ျပင္ဆင္ ေဆာင္ရြက္ၿပီး စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနသို႔ တင္ျပထားကာ ယင္းဝန္ႀကီးဌာနမွ ခြင့္ျပဳသည္ႏွင့္ တစ္ၿပိဳင္နက္ ရွယ္ယာအေရာင္းအဝယ္ျပဳလုပ္ခြင့္ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။
“ကုမၸဏီဥပေဒမွာက ႏုိင္ငံျခားသားရင္းႏွီးျမွဳပ္ႏွံမႈကိုက ၃၅ ရာခိုင္ႏႈန္းခြင့္ျပဳတယ္ေလ။ ခြင့္ျပဳေတာ့ စေတာ့အိပ္ခ်ိန္းမွာလည္း ဒါကိုခြင့္ျပဳပါတယ္။ လိုအပ္တဲ့စည္းမ်ဥ္းစည္းကမ္းေတြ ေဆာင္ရြက္တဲ့အခါမွာ အမိန္႔ေၾကာျငာစာမူၾကမ္းျပဳစုရပါတယ္။ သေဘာထားမွတ္ခ်က္ေတာင္းရပါတယ္။ အထက္အဖြဲ႕အစည္းျဖစ္တဲ့ ဝန္ႀကီးဌာနကိုဒါ ေတြကိုတင္ျပရပါတယ္။ အကုန္လံုးလုပ္ၿပီးပါၿပီ။ ဝန္ႀကီးဌာနကေစ်းကြက္နဲ႔ ညီမွ်ေအာင္ဆိုၿပီး လက္ရွိမွာသေဘာထားမွတ္ခ်က္ေတြ ျပန္ေတာင္းေနပါတယ္။ မၾကာမီထြက္လာပါလိမ့္မယ္။ လပိုင္းအတြင္း ေလာက္ပါပဲ။ သိပ္မၾကာေတာ့ပါဘူး” ဟု ျမန္မာႏိုင္ငံေငြေၾကးသက္ေသခံလက္မွတ္ႀကီးၾကပ္ေရးေကာ္မရွင္မွ တာဝန္ခံအရာရွိ ဦးေဌးခၽြန္ကေျပာသည္။
ျမန္မာႏိုင္ငံကုမၸဏီဥပေဒတြင္ ျမန္မာႏိုင္ငံသားပိုင္ကုမၸဏီတစ္ခုလွ်င္ ၃၅ ရာခိုင္ႏႈန္းအထိ ႏုိင္ငံျခားသားမ်ားအား ရင္းႏွီးျမွဳပ္ႏွံခြင့္ျပဳထားသျဖင့္ ရန္ကုန္စေတာ့အိပ္ခ်ိန္းတြင္လည္း ႏုိင္ငံျခားသားမ်ားအား ရွယ္ယာ ေရာင္းဝယ္ခြင့္ျပဳရန္ ေဆာင္ရြက္ေနျခင္းျဖစ္သည္။  
ရန္ကုန္စေတာ့အိတ္ခ်ိန္း၌ စေတာ့ရွယ္ယာလက္မွတ္ေရာင္းခ်သည့္စာရင္းဝင္အမ်ားပိုင္ကုမၸဏီမ်ားအေနျဖင့္ လက္ရွိတြင္ FMI ကုမၸဏီ၊ သီလဝါအထူးစီးပြားေရးဇုန္အမ်ားပိုင္ကုမၸဏီ (MTSH)၊ ျမန္မာႏိုင္ငံသားမ်ားဘဏ္၊ ပထမပုဂၢလိကဘဏ္ႏွင့္ MTH တယ္လီကြန္းကုမၸဏီ၊ စုစုေပါင္းကုမၸဏီ ၅ ခုရွိေၾကာင္း သိရသည္။

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version


နိုင်ငံခြားသားများ စတော့ရှယ်ယာအရောင်းအဝယ်ပြုလုပ်ရန် မကြာမီကာလအတွင်းစတင်ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံငွေကြေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်မှ သိရသည်။
လက်ရှိတွင် နိုင်ငံခြားသားများအား စတော့ရှယ်ယာအရောင်းအဝယ်ပြုလုပ်ခွင့်ပြုရန် မြန်မာနိုင်ငံ ငွေကြေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်မှ လိုအပ်သောစည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် ဆောင်ရွက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြထားကာ ယင်းဝန်ကြီးဌာနမှ ခွင့်ပြုသည်နှင့် တစ်ပြိုင်နက် ရှယ်ယာအရောင်းအဝယ်ပြုလုပ်ခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
“ကုမ္ပဏီဥပဒေမှာက နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကိုက ၃၅ ရာခိုင်နှုန်းခွင့်ပြုတယ်လေ။ ခွင့်ပြုတော့ စတော့အိပ်ချိန်းမှာလည်း ဒါကိုခွင့်ပြုပါတယ်။ လိုအပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ဆောင်ရွက်တဲ့အခါမှာ အမိန့်ကြောငြာစာမူကြမ်းပြုစုရပါတယ်။ သဘောထားမှတ်ချက်တောင်းရပါတယ်။ အထက်အဖွဲ့အစည်းဖြစ်တဲ့ ဝန်ကြီးဌာနကိုဒါ တွေကိုတင်ပြရပါတယ်။ အကုန်လုံးလုပ်ပြီးပါပြီ။ ဝန်ကြီးဌာနကဈေးကွက်နဲ့ ညီမျှအောင်ဆိုပြီး လက်ရှိမှာသဘောထားမှတ်ချက်တွေ ပြန်တောင်းနေပါတယ်။ မကြာမီထွက်လာပါလိမ့်မယ်။ လပိုင်းအတွင်း လောက်ပါပဲ။ သိပ်မကြာတော့ပါဘူး” ဟု မြန်မာနိုင်ငံငွေကြေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်မှ တာဝန်ခံအရာရှိ ဦးဌေးချွန်ကပြောသည်။
မြန်မာနိုင်ငံကုမ္ပဏီဥပဒေတွင် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုလျှင် ၃၅ ရာခိုင်နှုန်းအထိ နိုင်ငံခြားသားများအား ရင်းနှီးမြှုပ်နှံခွင့်ပြုထားသဖြင့် ရန်ကုန်စတော့အိပ်ချိန်းတွင်လည်း နိုင်ငံခြားသားများအား ရှယ်ယာ ရောင်းဝယ်ခွင့်ပြုရန် ဆောင်ရွက်နေခြင်းဖြစ်သည်။  
ရန်ကုန်စတော့အိတ်ချိန်း၌ စတော့ရှယ်ယာလက်မှတ်ရောင်းချသည့်စာရင်းဝင်အများပိုင်ကုမ္ပဏီများအနေဖြင့် လက်ရှိတွင် FMI ကုမ္ပဏီ၊ သီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်နှင့် MTH တယ်လီကွန်းကုမ္ပဏီ၊ စုစုပေါင်းကုမ္ပဏီ ၅ ခုရှိကြောင်း သိရသည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။