Skip to main content
ယခင္အစိုးရလက္ထက္တြင္လည္း ေ၀ဖန္ေထာက္ျပစရာမ်ားစြာရွိခဲ့ဟု NLD ပါတီမွ မံုရြာဦးေအာင္ရွင္ ေျပာ
Ads Block

ယခင္အစိုးရလက္ထက္တြင္လည္း ေ၀ဖန္ေထာက္ျပစရာမ်ားစြာရွိခဲ့ဟု NLD ပါတီမွ မံုရြာဦးေအာင္ရွင္ ေျပာ


လက္ရွိအစိုးရအား အတိုက္အခံပါတီမွ ေ၀ဖန္ေနျခင္းမ်ားႏွင့္ပတ္သက္ၿပီး ျပည္သူလူထုမွ အဆံုးအျဖတ္ေပးလိမ့္မည္ျဖစ္ေၾကာင္း NLD ပါတီဗဟုိျပန္ၾကားေရးမွ အတြင္းေရးမွဴး မုံရြာဦးေအာင္ရွင္က ေျပာလုိက္သည္။
ေမလ ၂၁ ရက္၌ အကုန္သိသတင္းဌာန၏ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။

ယခင္အစိုးရလက္ထက္တြင္လည္း ေ၀ဖန္ေထာက္ျပစရာမ်ားစြာရွိခဲ့ဟု NLD ပါတီမွ မံုရြာဦးေအာင္ရွင္ ေျပာ


“ တုိင္းျပည္အေျခအေနကဆုိးရြားေနၿပီဆုိတာ အတုိက္အခံပါတီေခါင္းေဆာင္ကေျပာတယ္။ ပထမတစ္ခ်က္က ဒီလုိသူလုိက္ေျပာတာ သူ႔အခြင့္အေရးေပါ့။သူ႔ရပုိင္ခြင့္။ဒါကုိေတာ့တားျမစ္ဖုိ႔မျဖစ္ႏုိင္ဘူး။ ဒီမုိကေရစီဆုိေတာ့ ကုိယ္ပုိင္ေျပာဆုိခြင့္ရွိတယ္။သုိ႔ေသာ္လည္းတကယ့္အျဖစ္အပ်က္နဲ႔သူေျပာတာ ဟုတ္သလား၊ မဟုတ္ဘူးလား ဆုိတာ ျပည္သူလူထုကစဥ္းစားဆုံးျဖတ္လိမ့္မယ္။ တကယ္ျဖစ္သလား။မျဖစ္ဘူးလားဆုိတာခ်ိန္ဆလိမ့္မယ္။ ဒီလုိတုိင္းျပည္အေျခအေနဆုိးရြားေနတယ္လုိ႔ ခဏခဏေျပာတာေတာ့ သူ႔သိကၡာေပါ့။ အဲဒီေတာ့ သူတုိ႔အစုိးရလုပ္တုန္းက ေရာေျပာစရာမရွိဘူးလားဆုိေတာ့ ေထာက္ျပစရာေတြ၊ ေျပာစရာေတြ အမ်ားႀကီးပါ။ ဒါေပမဲ့ သူတုိ႔လုပ္ခဲ့တာေကာင္းေအာင္လုပ္တယ္လုိ႔ဒီလုိပဲမွတ္ယူတယ္။အဲဒီေတာ့ တုိင္းျပည္ဆုိးရြားတယ္လုိ႔ ေျပာတာ အေထာက္အထားဘာမွမရွိဘဲေယဘုယ်သူေျပာတာေပါ့။ သူတုိ႔မွာဒီလုိေျပာတာ ရည္မွန္းခ်က္လည္းရွိပါလိမ့္မယ္။ ၂၀၂၀ေရြးေကာက္ပြဲနီးရင္ ဒီထက္ေတာင္ျပင္းျပင္းထန္ထန္ေျပာဦးမယ္။ ဒီလုိပဲသူတုိ႔ေျပာေလေလ၊ မ်ားမ်ားေျပာေလေလ သူတုိ႔ပဲႏုိင္ငံေရးနစ္နာမႈျဖစ္ပါလိမ့္မယ္။ ဒါက ျပည္သူလူထု အဆုံးအျဖတ္ေပးလိမ့္မယ္’’ဟု NLD ပါတီဗဟုိျပန္ၾကားေရးမွ အတြင္းေရးမွဴး မုံရြာဦးေအာင္ရွင္က ေျပာသည္။
လက္ရွိ တုိင္းျပည္အေျခအေနမွာ အမ်ိဳးသားစည္းလုံးမႈအစည္းေျပမႈႀကီးျဖစ္ေပၚေနၿပီး အဆုိးဘက္တြင္ဂုဏ္ထူးထြက္ေနေၾကာင္း ျပည္ခုိင္ၿဖဳိးပါတီဥကၠ႒ ဦးသန္းေဌးမွ ေျပာၾကားထားသည္။
NLD ပါတီသည္ ၂၀၁၅ ခုနွစ္ေရြးေကာက္ပြဲတြင္ “ေျပာင္းလဲခ်ိန္တန္ၿပီ” ေဆာင္ပုဒ္ျဖင့္ ေရြးေကာက္ပြဲတြင္ မဲဆြယ္စည္းရုံးကာ အႏုိင္ရရွိခဲ့ၿပီး လႊတ္ေတာ္တြင္ကုိယ္စားလွယ္ေနရာအမ်ားစုရရွိခဲ့သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version


လက်ရှိအစိုးရအား အတိုက်အခံပါတီမှ ဝေဖန်နေခြင်းများနှင့်ပတ်သက်ပြီး ပြည်သူလူထုမှ အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်း NLD ပါတီဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောလိုက်သည်။
မေလ ၂၁ ရက်၌ အကုန်သိသတင်းဌာန၏ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။
“ တိုင်းပြည်အခြေအနေကဆိုးရွားနေပြီဆိုတာ အတိုက်အခံပါတီခေါင်းဆောင်ကပြောတယ်။ ပထမတစ်ချက်က ဒီလိုသူလိုက်ပြောတာ သူ့အခွင့်အရေးပေါ့။သူ့ရပိုင်ခွင့်။ဒါကိုတော့တားမြစ်ဖို့မဖြစ်နိုင်ဘူး။ ဒီမိုကရေစီဆိုတော့ ကိုယ်ပိုင်ပြောဆိုခွင့်ရှိတယ်။သို့သော်လည်းတကယ့်အဖြစ်အပျက်နဲ့သူပြောတာ ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာ ပြည်သူလူထုကစဉ်းစားဆုံးဖြတ်လိမ့်မယ်။ တကယ်ဖြစ်သလား။မဖြစ်ဘူးလားဆိုတာချိန်ဆလိမ့်မယ်။ ဒီလိုတိုင်းပြည်အခြေအနေဆိုးရွားနေတယ်လို့ ခဏခဏပြောတာတော့ သူ့သိက္ခာပေါ့။ အဲဒီတော့ သူတို့အစိုးရလုပ်တုန်းက ရောပြောစရာမရှိဘူးလားဆိုတော့ ထောက်ပြစရာတွေ၊ ပြောစရာတွေ အများကြီးပါ။ ဒါပေမဲ့ သူတို့လုပ်ခဲ့တာကောင်းအောင်လုပ်တယ်လို့ဒီလိုပဲမှတ်ယူတယ်။အဲဒီတော့ တိုင်းပြည်ဆိုးရွားတယ်လို့ ပြောတာ အထောက်အထားဘာမှမရှိဘဲယေဘုယျသူပြောတာပေါ့။ သူတို့မှာဒီလိုပြောတာ ရည်မှန်းချက်လည်းရှိပါလိမ့်မယ်။ ၂၀၂၀ရွေးကောက်ပွဲနီးရင် ဒီထက်တောင်ပြင်းပြင်းထန်ထန်ပြောဦးမယ်။ ဒီလိုပဲသူတို့ပြောလေလေ၊ များများပြောလေလေ သူတို့ပဲနိုင်ငံရေးနစ်နာမှုဖြစ်ပါလိမ့်မယ်။ ဒါက ပြည်သူလူထု အဆုံးအဖြတ်ပေးလိမ့်မယ်’’ဟု NLD ပါတီဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောသည်။
လက်ရှိ တိုင်းပြည်အခြေအနေမှာ အမျိုးသားစည်းလုံးမှုအစည်းပြေမှုကြီးဖြစ်ပေါ်နေပြီး အဆိုးဘက်တွင်ဂုဏ်ထူးထွက်နေကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပြောကြားထားသည်။
NLD ပါတီသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် “ပြောင်းလဲချိန်တန်ပြီ” ဆောင်ပုဒ်ဖြင့် ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးကာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်ကိုယ်စားလှယ်နေရာအများစုရရှိခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။