Skip to main content
သန္လ်င္ေဆးရုံမွ ဆရာ၀န္အားေႏွာင့္ယွက္သူႏွင့္ ေဆးရံုလံုၿခံဳေရး၀န္ထမ္းအားပါးရိုက္သူတို႔ကို အမႈဖြင့္ထား
Ads Block

သန္လ်င္ေဆးရုံမွ ဆရာ၀န္အားေႏွာင့္ယွက္သူႏွင့္ ေဆးရံုလံုၿခံဳေရး၀န္ထမ္းအားပါးရိုက္သူတို႔ကို အမႈဖြင့္ထား

သန္လ်င္ေဆးရုံတြင္ ႏွလုံးေသြးေၾကာပိတ္ေရာဂါျဖစ္ပြားေနေသာလူနာအား အေရးေပၚကုသေနသည့္ ဆရာဝန္အား ေႏွာက္ယွက္ခဲ့သူႏွင့္ ေဆး႐ုံလုံၿခံဳေရးဝန္ထမ္းအားပါးရိုက္ခဲ့သူတို႔ကို အမႈဖြင့္ထားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ေန ေဒါက္တာရဲမင္းစိုး၊ (၂၉)ႏွစ္သည္ သန္လ်င္ၿမိဳ႕နယ္၊ အေထြေထြေရာဂါကုေဆး႐ုံ၊ ေဆးကုသေဆာင္တြင္ ေမလ ၁၆ ရက္၊ ည ၉ နာရီခြဲခန္႔က ေဒါက္တာေက်ာ္မ်ဳိး၊ သူနာျပဳမ်ားႏွင့္အတူ ႏွလုံးေသြးေၾကာပိတ္ေရာဂါျဖစ္ပြားေနေသာလူနာအား အေရးေပၚကုသမႈေဆာင္ရြက္ေနေၾကာင္း သိရသည္။
ထိုစဥ္ အမႈထမ္းရပ္ကြက္ေန ေအာင္မိုးသူ၊ (၂၅)ႏွစ္မွ “ ဒီလူနာႏွလုံးခုန္ႏႈန္းက်လာၿပီ၊ ႏွလုံးေသြးပ်စ္လို႔၊ ေသြးျပန္ေၾကာကို ေဖာက္ထုတ္မွရမယ္၊ ဆရာဝန္ေတြဘာမွမလုပ္ဘူးလား၊ ငါ့ကိုပညာမတတ္ဘူးထင္ေနလား၊ စကၤာပူမွာသင္တန္းတက္လာတာ” ဟု က်ယ္ေလာင္စြာ ေအာ္ဟစ္ေျပာဆိုေနသျဖင့္ ေဒါက္တာရဲမင္းစိုးမွ မေျပာရန္တားျမစ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေနာက္ သန္လ်င္ၿမိဳ႕နယ္၊ အုတ္ဖိုစုရပ္ကြက္ေန ေဆး႐ုံလုံၿခံဳေရးဝန္ထမ္း ဦးေအာင္လတ္၊ (၃၇)ႏွစ္ ေရာက္ရွိ လာကာ ေအာင္မိုးသူကို အျပင္သို႔ေခၚသြားခဲ့ၿပီး ခဏအၾကာတြင္ ဦးေအာင္လတ္ျပန္ေရာက္လာ၍ ၎အား ဗိုလ္ခ်ဳပ္ေက်းရြာေန ေဒၚမိုးဝါ၊ (၃၅)ႏွစ္မွ ဝဲဘက္ပါးအား လက္ျဖင့္ရိုက္လိုက္သျဖင့္ နာက်င္ဒဏ္ရာမ်ားရရွိခဲ့ ေၾကာင္း သိရွိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေအာင္မိုးသူပါ ၂ ဦးကို သန္လ်င္ၿမိဳ႕မရဲစခန္း၌ (ပ)၁၆၂၁/၂၀၁၉၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ- ၃၅၃/၃၃၂ ျဖင့္အမႈဖြင့္ထားေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version

သန်လျင်ဆေးရုံတွင် နှလုံးသွေးကြောပိတ်ရောဂါဖြစ်ပွားနေသောလူနာအား အရေးပေါ်ကုသနေသည့် ဆရာဝန်အား နှောက်ယှက်ခဲ့သူနှင့် ဆေးရုံလုံခြုံရေးဝန်ထမ်းအားပါးရိုက်ခဲ့သူတို့ကို အမှုဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်နေ ဒေါက်တာရဲမင်းစိုး၊ (၂၉)နှစ်သည် သန်လျင်မြို့နယ်၊ အထွေထွေရောဂါကုဆေးရုံ၊ ဆေးကုသဆောင်တွင် မေလ ၁၆ ရက်၊ ည ၉ နာရီခွဲခန့်က ဒေါက်တာကျော်မျိုး၊ သူနာပြုများနှင့်အတူ နှလုံးသွေးကြောပိတ်ရောဂါဖြစ်ပွားနေသောလူနာအား အရေးပေါ်ကုသမှုဆောင်ရွက်နေကြောင်း သိရသည်။
ထိုစဉ် အမှုထမ်းရပ်ကွက်နေ အောင်မိုးသူ၊ (၂၅)နှစ်မှ “ ဒီလူနာနှလုံးခုန်နှုန်းကျလာပြီ၊ နှလုံးသွေးပျစ်လို့၊ သွေးပြန်ကြောကို ဖောက်ထုတ်မှရမယ်၊ ဆရာဝန်တွေဘာမှမလုပ်ဘူးလား၊ ငါ့ကိုပညာမတတ်ဘူးထင်နေလား၊ စင်္ကာပူမှာသင်တန်းတက်လာတာ” ဟု ကျယ်လောင်စွာ အော်ဟစ်ပြောဆိုနေသဖြင့် ဒေါက်တာရဲမင်းစိုးမှ မပြောရန်တားမြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် သန်လျင်မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်နေ ဆေးရုံလုံခြုံရေးဝန်ထမ်း ဦးအောင်လတ်၊ (၃၇)နှစ် ရောက်ရှိ လာကာ အောင်မိုးသူကို အပြင်သို့ခေါ်သွားခဲ့ပြီး ခဏအကြာတွင် ဦးအောင်လတ်ပြန်ရောက်လာ၍ ၎င်းအား ဗိုလ်ချုပ်ကျေးရွာနေ ဒေါ်မိုးဝါ၊ (၃၅)နှစ်မှ ဝဲဘက်ပါးအား လက်ဖြင့်ရိုက်လိုက်သဖြင့် နာကျင်ဒဏ်ရာများရရှိခဲ့ ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောင်မိုးသူပါ ၂ ဦးကို သန်လျင်မြို့မရဲစခန်း၌ (ပ)၁၆၂၁/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၅၃/၃၃၂ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။