Skip to main content
Ads Block

မေကြးတိုင္းေဒသႀကီးအတြင္း ေလျပင္းတိုက္ခို္က္မႈေၾကာင့္ ေနအိမ္ေတြ ၿပိဳက်ပ်က္စီး (ရုပ္သံ)

မေကြးတိုင္းေဒသၾကီးအတြင္း ၿမိဳ႕နယ္အမ်ားအျပားမွာ ေလျပင္းတုိက္ခိုက္မႈေၾကာင့္ ေနအိမ္ေတြ ၿပိဳက်ပ်က္စီးမႈေတြ ေမလ (၂၀) ရက္ေန႔က ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။ ေလျပင္းတုိက္ခိုက္မႈဟာ ေမလအတြင္း ႏွစ္ႀကိမ္ျဖစ္ပြားခဲ့ၿပီး ေမလ (၁၇) ရက္ေန႔က တိုက္ခို္က္ခဲ့တဲ့ျဖစ္စဥ္မွာ လူေနအိမ္ပ်က္စီးဆံုးရႈံးမႈ အနည္းငယ္သာ ရွိခဲ့ေပမယ့္ ေမလ (၂၀) ရက္ေန႔မွာေတာ့ တုိင္းေဒသႀကီးရဲ႕ ၿမိဳ႕နယ္အႏွံအျပားမွာ ေနအိမ္ၿပိဳက်ပ်က္စီးမႈေတြ သိသိသာသာတိုးျမင့္ခဲ့တယ္လို႔လည္း သိရပါတယ္။ ပ်က္စီးမႈေတြအတြက္ စာရင္းေကာက္ယူေနၿပီး ေထာက္ပံ့မႈေတြ ျပဳလုပ္သြားမယ္ဆိုတဲ့အေၾကာင္းကို မေကြးတုိင္း လူကယ္ျပန္ဦးစီးမွဴး ဦးျမင့္စိုး က အခုလို ေျပာျပခဲ့ပါတယ္။

Unicode version

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အများအပြားမှာ လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေ ပြိုကျပျက်စီးမှုတွေ မေလ (၂၀) ရက်နေ့က ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ လေပြင်းတိုက်ခိုက်မှုဟာ မေလအတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မေလ (၁၇) ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ လူနေအိမ်ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာ ရှိခဲ့ပေမယ့် မေလ (၂၀) ရက်နေ့မှာတော့ တိုင်းဒေသကြီးရဲ့ မြို့နယ်အနှံအပြားမှာ နေအိမ်ပြိုကျပျက်စီးမှုတွေ သိသိသာသာတိုးမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။ ပျက်စီးမှုတွေအတွက် စာရင်းကောက်ယူနေပြီး ထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့အကြောင်းကို မကွေးတိုင်း လူကယ်ပြန်ဦးစီးမှူး ဦးမြင့်စိုး က အခုလို ပြောပြခဲ့ပါတယ်။
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။