Skip to main content
မဟာသႏၱိသုခေက်ာင္းကိစၥႏွင့္ ပတ္သက္၍ ၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းကို တရားစြဲမည္ဟုဆို
Ads Block

မဟာသႏၱိသုခေက်ာင္းကိစၥႏွင့္ ပတ္သက္၍ ၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းကို တရားစြဲမည္ဟုဆို

မဟာသႏၱိသုခ ေက်ာင္းကိစၥႏွင့္ ပတ္သက္ၿပီး ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း အဆိုပါ ေက်ာင္းတိုက္ ဥပေဒအေထာက္အကူျပဳအဖြဲ႔မွ တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းထြန္းေအာင္(ၿမိဳ႕မ)က ေျပာသည္။
ေမလ ၂၁ ရက္က အဆိုပါ ေက်ာင္းကိစၥႏွင့္ ပတ္သက္ၿပီး တာေမြၿမိဳ႕နယ္၊ နတ္ေခ်ာင္းရပ္ကြက္ ေဇယ်မဂၤလာ စာသင္တိုက္တြင္ ျပဳလုပ္သည့္ ေကာ္မတီဖြဲ႔စည္းျခင္း အစည္းအေ၀းတြင္ အထက္ပါအတိုင္း ေျပာၾကားလိုက္ျခင္း ျဖစ္သည္။
“ကၽြန္ေတာ္တို႔က မဟနနဲ႔ သာသနာေရးက မတရားအၾကမ္းဖက္ သိမ္းယူထားတဲ့ ဒီေက်ာင္းႀကီး ျပန္ရဖို႔အတြက္ အမွန္တရား အတိုင္း ဆက္တိုက္ပြဲ၀င္သြားဖို႔ရွိပါတယ္၊ အဲဒီေတာ့ ကၽြန္ေတာ္တို႔က တရားစြဲဖို႔ ရွိပါတယ္၊ ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ကို ကၽြန္ ေတာ္ကိုယ္တိုင္ လက္မွတ္ထိုးၿပီး သတိေပးစာပို႔ထားပါတယ္၊ အဲဒီလိုပို႔ၿပီးတာက ၾကာေနပါၿပီ။ အခုထိကို အေၾကာင္းျပန္တာ မရွိ ေသးတဲ့အတြက္ တရားစြဲသြားဖို႔ ရွိပါတယ္”ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းထြန္းေအာင္(ၿမိဳ႕မ)က ေျပာသည္။

မဟာသႏၱိသုခေက်ာင္းကိစၥႏွင့္ ပတ္သက္၍ ၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းကို တရားစြဲမည္ဟုဆို


မဟာသႏၱိသုခေက်ာင္းတိုက္ကို ၿပီးခဲ့သည့္ ၂၀၁၄ ခုႏွစ္ ဇြန္လ ၁၀ ရက္ ညပိုင္းက အစိုးရဘက္မွ အၾကမ္းဖက္ ဖယ္ရွားမႈျပဳလုပ္ ကာ ဇြန္လ ၁၁ ရက္တြင္ ခ်ိတ္ပိတ္ထားသည္မွာ ယခုသည္တိုင္ ျဖစ္သည္။
လန္ဒန္ဆရာေတာ္ ဥဴးဥတၱရ အပါအ၀င္ ဆရာေတာ္ ၅ ပါးကို သႏၱိသုခေက်ာင္းကိစၥႏွင့္ ပတ္သက္ၿပီး သံဃာ့မဟာနာယကအဖဲြ႔ ၏ တိုင္ၾကားခ်က္ျဖင့္ သာသနာေရးဝန္ႀကီးဌာနမွ သာသနာ ညစ္ႏြမ္းေစမႈ ပုဒ္မ ၂၉၅ (က) အပါအဝင္ သံဃာ့အဖြဲ႔အစည္းဆိုင္ရာ ဥပေဒပုဒ္မ ၂၀/၉၀ ျဖင့္ တရားစြဲဆိုခဲ့ထားျခင္းလည္း ျဖစ္သည္။
သာသနာညႇိဳးႏြမ္းေစမႈ အမိန္႔ညႊန္ၾကားခ်က္ ၂၀/၉၀ ျဖင့္ အေရးယူခံထားရၿပီး ဆရာေတာ္မ်ား အာမခံႏွင့္ ျပန္လည္လြတ္ေျမာက္ ခဲ့ၿပီး ေနာက္ပိုင္း သႏိၱသုခေက်ာင္းတိုက္အနီးရွိ သံုးထပ္ေက်ာင္း၌ ဇြဲကပင္ ဆရာေတာ္ႀကီးမွ သကၤန္းျပန္လည္ စည္းေပးခဲ့၍ သကၤန္းဝတ္ႏွင့္ အမႈရင္ဆိုင္ေနရေၾကာင္း သိရသည္။

- ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

Unicode Version

 

မဟာသန္တိသုခ ကျောင်းကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အဆိုပါ ကျောင်းတိုက် ဥပဒေအထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းအောင်(မြို့မ)က ပြောသည်။
မေလ ၂၁ ရက်က အဆိုပါ ကျောင်းကိစ္စနှင့် ပတ်သက်ပြီး တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက် ဇေယျမင်္ဂလာ စာသင်တိုက်တွင် ပြုလုပ်သည့် ကော်မတီဖွဲ့စည်းခြင်း အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကျွန်တော်တို့က မဟနနဲ့ သာသနာရေးက မတရားအကြမ်းဖက် သိမ်းယူထားတဲ့ ဒီကျောင်းကြီး ပြန်ရဖို့အတွက် အမှန်တရား အတိုင်း ဆက်တိုက်ပွဲဝင်သွားဖို့ရှိပါတယ်၊ အဲဒီတော့ ကျွန်တော်တို့က တရားစွဲဖို့ ရှိပါတယ်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ကျွန် တော်ကိုယ်တိုင် လက်မှတ်ထိုးပြီး သတိပေးစာပို့ထားပါတယ်၊ အဲဒီလိုပို့ပြီးတာက ကြာနေပါပြီ။ အခုထိကို အကြောင်းပြန်တာ မရှိ သေးတဲ့အတွက် တရားစွဲသွားဖို့ ရှိပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းအောင်(မြို့မ)က ပြောသည်။
မဟာသန္တိသုခကျောင်းတိုက်ကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇွန်လ ၁၀ ရက် ညပိုင်းက အစိုးရဘက်မှ အကြမ်းဖက် ဖယ်ရှားမှုပြုလုပ် ကာ ဇွန်လ ၁၁ ရက်တွင် ချိတ်ပိတ်ထားသည်မှာ ယခုသည်တိုင် ဖြစ်သည်။
လန်ဒန်ဆရာတော် ဥူးဥတ္တရ အပါအဝင် ဆရာတော် ၅ ပါးကို သန္တိသုခကျောင်းကိစ္စနှင့် ပတ်သက်ပြီး သံဃာ့မဟာနာယကအဖွဲ့ ၏ တိုင်ကြားချက်ဖြင့် သာသနာရေးဝန်ကြီးဌာနမှ သာသနာ ညစ်နွမ်းစေမှု ပုဒ်မ ၂၉၅ (က) အပါအဝင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၂၀/၉၀ ဖြင့် တရားစွဲဆိုခဲ့ထားခြင်းလည်း ဖြစ်သည်။
သာသနာညှိုးနွမ်းစေမှု အမိန့်ညွှန်ကြားချက် ၂၀/၉၀ ဖြင့် အရေးယူခံထားရပြီး ဆရာတော်များ အာမခံနှင့် ပြန်လည်လွတ်မြောက် ခဲ့ပြီး နောက်ပိုင်း သန္တိသုခကျောင်းတိုက်အနီးရှိ သုံးထပ်ကျောင်း၌ ဇွဲကပင် ဆရာတော်ကြီးမှ သင်္ကန်းပြန်လည် စည်းပေးခဲ့၍ သင်္ကန်းဝတ်နှင့် အမှုရင်ဆိုင်နေရကြောင်း သိရသည်။

- ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။