Skip to main content
အမျိုးသားနိုင်ငံရေးလုပ်ရာတွင် အစွန်းရောက်ပါက တိုင်းပြည်ပျက်စီးမည်ဟု မုံရွာဦးအောင်ရှင် ပြော
Ads Block

အမျိုးသားနိုင်ငံရေးလုပ်ရာတွင် အစွန်းရောက်ပါက တိုင်းပြည်ပျက်စီးမည်ဟု မုံရွာဦးအောင်ရှင် ပြော



အမျိုးသားနိုင်ငံရေးလုပ်ရာတွင် အစွန်းရောက်ပါက တိုင်းပြည်ပျက်စီးမည်ဟု မုံရွာဦးအောင်ရှင် ပြော



အမျိုးသားနိုင်ငံရေးလုပ်ရာတွင် အစွန်းရောက်ပါက တိုင်းပြည်ပျက်စီးမည်ဟု မုံရွာဦးအောင်ရှင် ပြော




Unicode Version


အမျိုးသားနိုင်ငံရေးလုပ်ရာတွင် အစွန်းရောက်ပါက တိုင်းပြည်ပျက်စီးမည်ဟု NLD ပါတီမှ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောလိုက်သည်။
မေလ၂၁ ရက်၌ အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။
“အမျိုးသားနိုင်ငံရေးလုပ်တာမကောင်းဘူးလို့ ဒီလိုတစ်ဖက်သတ်မစွပ်စွဲချင်ဘူး။ တိုင်းပြည်ကို ဖျက်ဆီးနေတယ်လို့ မပြောချင်ဘူး။ ဒါက အမျိုးသားနိုင်ငံရေးဆိုတာ တစ်မျိုးသားလုံးအတွက် ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက ပါတီဖွဲ့ပြီးလုပ်နေကြတာပဲ။ တစ်ခုလေးပဲ ကျွန်တော်ပြောချင်တယ်။ အမျိုးသားနိုင်ငံရေး လုပ်တာမှာ အရမ်းကြီးအစွန်းရောက်ရင် တိုင်းပြည်ပျက်စီးမယ်’’ဟု မုံရွာဦးအောင်ရှင်ကပြောသည်။
လက်ရှိတွင် အစိုးရတာဝန်ယူထားရသော NLD ပါတီအနေဖြင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီး အတိုက်အခံ ပါတီကြီးများ၏ ပုတ်ခတ်ဝေဖန်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုဆိုထောက်ခံပွဲများနှင့်အတူ အမျိုးသားရေး လှုပ်ရှားသူများမှလည်း ၂၀၀၈ ဖွဲ့စည်းပုံပါ ၅၉(စ) မပြင်ဆင်ရေး၊ ပုဒ်မ ၅၉ ကို ထောက်ခံသည့်ပွဲများ အပြိုင်ကျင်းပခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။