Skip to main content
ေျမာင္းျမၿမိဳ႕နယ္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ခြဲမန္ေနဂ်ာကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္
Ads Block

ေျမာင္းျမၿမိဳ႕နယ္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ခြဲမန္ေနဂ်ာကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္

 

လယ္သမားမ်ား၏ အခက္အခဲမ်ားအေပၚ အခြင့္ေကာင္းယူကာ ေငြေၾကးရယူသည့္ ေျမာင္းျမၿမိဳ႕နယ္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ခြဲမန္ေနဂ်ာကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လိုက္ေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွထုတ္ျပန္ခ်က္အရ သိရသည္။ ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕နယ္အတြင္း ေတာင္သူလယ္သမားမ်ား၏စပါးရာသီအလိုက္ စိုက္ပ်ဳိး စရိတ္ေခ်းေငြထုတ္ေခ်းရာတြင္ ေျမာင္းျမၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဘဏ္ မန္ေနဂ်ာ ေဒၚမာလာတင္သည္ အဂတိ လိုက္စားၿပီး ဥပေဒစည္းမ်ဥ္းစည္းကမ္းျပင္ပေဆာင္႐ြက္ေနျခင္းကို အေရးယူေပးပါရန္ဟုဆိုကာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားခဲ့ျခင္းျဖစ္သည္။ အဆိုပါတိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ ေျမာင္းျမၿမိဳ႕နယ္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ခြဲ မန္ေနဂ်ာ ေဒၚမာလာတင္သည္ ေလးအိမ္တန္းေက်း႐ြာအုပ္စုမွ ေတာင္သူ ၁၄ ဦး၏ ၂၀၁၆ ခုႏွစ္ မိုးစပါးစိုက္ပ်ဳိးစရိတ္ ေခ်းေငြက်ပ္ ၁၈၉၇၀၅၆ဝ ကို ၂၀၁၇ ခုႏွစ္၊ ဇူလုိင္လ ၂၀ ရက္တြင္ ေပးဆပ္သည္ဟုဆိုကာ ျမန္မာ့စီးပြားေရးဘဏ္သို႔ေပးသြင္းခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ၂၀၁၇ ခုႏွစ္၊ ဇူလုိင္လ ၂၁ ရက္တြင္ ယင္းေတာင္သူ ၁၄ ဦးအား ၂၀၁၇ ခုႏွစ္၊ မိုးစပါးစိုက္ပ်ဳိးစရိတ္ ေခ်းေငြသစ္ ထုတ္ေခ်းေပးခဲ့ၿပီး ၂၀၁၆ ခုႏွစ္ မိုးစပါးစိုက္ပ်ဳိးစရိတ္မွ ေခ်းေငြေပးဆပ္ရန္က်န္ ေတာင္သူ ၁၁ ဦး၏ တစ္ဦးခ်င္း ျပန္လည္ေပးဆပ္သည့္ ေခ်းေငြက်ပ္ ၁၅၄၁၁၀၀ဝ ႏွင့္ ငါးရာခိုင္ႏႈန္းအတိုးျဖင့္ အပိုေဆာင္းေပးရေငြ က်ပ္ ၇၇၀၅၅ဝ ကို ေဒၚမာလာတင္က ကိုယ္တိုင္လက္ခံရယူခဲ့ေၾကာင္း ေကာ္မရွင္၏ထုတ္ျပန္ခ်က္အရ သိရသည္။ ထို႔ေၾကာင့္ ေျမာင္းျမၿမိဳ႕နယ္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ခြဲမန္ေနဂ်ာ ေဒၚမာလာတင္သည္ ရာထူးတာဝန္ကို အလြဲသုံး စားျပဳ၍ အတိုးငါးရာခိုင္ႏႈန္း က်ပ္ ၇၇၀၅၅ဝ ကို မိမိကိုယ္က်ဳိးအတြက္ရယူျခင္းျဖင့္ အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့သည္ဟု စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သိရသည္။ အမႈႏွင့္ပတ္သက္၍ ေျမာင္းျမၿမိဳ႕နယ္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ခြဲမန္ေနဂ်ာ ေဒၚမာလာတင္ (ယခု ေက်ာင္းကုန္းၿမိဳ႕နယ္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္)အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ- ၅၆ အရ ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕မရဲစခန္းတြင္ ေမလ ၂၁ ရက္၌ ပထမသတင္းေပးတိုင္ၾကားခ်က္ ဖြင့္လွစ္၍ တရားစြဲဆိုႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version



လယ်သမားများ၏ အခက်အခဲများအပေါ် အခွင့်ကောင်းယူကာ ငွေကြေးရယူသည့် မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှထုတ်ပြန်ချက်အရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း တောင်သူလယ်သမားများ၏စပါးရာသီအလိုက် စိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးရာတွင် မြောင်းမြမြို့နယ် စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဒေါ်မာလာတင်သည် အဂတိ လိုက်စားပြီး ဥပဒေစည်းမျဉ်းစည်းကမ်းပြင်ပဆောင်ရွက်နေခြင်းကို အရေးယူပေးပါရန်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင်သည် လေးအိမ်တန်းကျေးရွာအုပ်စုမှ တောင်သူ ၁၄ ဦး၏ ၂၀၁၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေကျပ် ၁၈၉၇၀၅၆ဝ ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်တွင် ပေးဆပ်သည်ဟုဆိုကာ မြန်မာ့စီးပွားရေးဘဏ်သို့ပေးသွင်းခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် ယင်းတောင်သူ ၁၄ ဦးအား ၂၀၁၇ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေသစ် ထုတ်ချေးပေးခဲ့ပြီး ၂၀၁၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်မှ ချေးငွေပေးဆပ်ရန်ကျန် တောင်သူ ၁၁ ဦး၏ တစ်ဦးချင်း ပြန်လည်ပေးဆပ်သည့် ချေးငွေကျပ် ၁၅၄၁၁၀၀ဝ နှင့် ငါးရာခိုင်နှုန်းအတိုးဖြင့် အပိုဆောင်းပေးရငွေ ကျပ် ၇၇၀၅၅ဝ ကို ဒေါ်မာလာတင်က ကိုယ်တိုင်လက်ခံရယူခဲ့ကြောင်း ကော်မရှင်၏ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မာလာတင်သည် ရာထူးတာဝန်ကို အလွဲသုံး စားပြု၍ အတိုးငါးရာခိုင်နှုန်း ကျပ် ၇၇၀၅၅ဝ ကို မိမိကိုယ်ကျိုးအတွက်ရယူခြင်းဖြင့် အဂတိလိုက်စားမှု ကျူးလွန်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မာလာတင် (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်)အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၆ အရ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မရဲစခန်းတွင် မေလ ၂၁ ရက်၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။