Skip to main content
အာဖရိကဝက္အျပင္းဖ်ားေရာဂါေၾကာင့္ ကမာၻတြင္ ဝက္သားမ်ား ေစ်းေကာင္းရေန
Ads Block

အာဖရိကဝက္အျပင္းဖ်ားေရာဂါေၾကာင့္ ကမာၻတြင္ ဝက္သားမ်ား ေစ်းေကာင္းရေန

 

တ႐ုတ္တုိ႔ရဲ႕ဝက္ႏွစ္မွာ အာဖရိကဝက္အျပင္းဖ်ားေရာဂါပ်ံ႕ပြားမႈမ်ား ျဖစ္ပြားခဲ့တာေၾကာင့္ ၄င္းျဖစ္ရပ္နဲ႔သက္ဆုိင္တဲ့ ကမာၻ႕ႏုိင္ငံေတြမွာ ဝက္သားေစ်းေတြ မၾကံဳစဖူး ျမင့္တက္ေနေၾကာင္း ေမလ ၂၁ ရက္ေန႔မွာ သတင္းေတြမွာ ေဖာ္ျပပါတယ္။
ဝက္သားေစ်းေတြဟာ အေမရိကန္ ခ်ီကာဂုိကုန္သြယ္ေရေၾကာင္း အိတ္ခ်ိန္းေစ်းကြက္နဲ႔ ဝက္အျပင္းဖ်ားေရာဂါ အဓိကပ်ံ႕ပြားေနတဲ့ တ႐ုတ္ႏုိင္ငံတုိ႔မွာ ၅၀ ရာခုိင္ႏႈန္းအထိ ျမင့္တက္ေနေၾကာင္း ကုလသမဂၢ စားနပ္ရိကၡာနဲ႔စုိက္ပ်ိဳးေရးအဖြဲ႕(FAO)ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။ ဥေရာပမွာလည္း မတ္လဆန္းကတည္းက ၁၈ ရာခုိင္ႏႈန္းအထိ ျမင့္တက္ေနၿပီး ျပင္သစ္နဲ႔ဂ်ာမနီမွာဆုိလွ်င္ ၃၀ ရာခုိင္ႏႈန္းအထိ ေစ်းတက္ေနပါတယ္။ ဝက္သားတင္သြင္းမႈႏႈန္း ျမင့္မားတဲ့ ဂ်ပန္နဲ႔ေတာင္ကုိရီးယားတုိ႔မွာလည္း ကုန္စည္ရွားပါးျပတ္လပ္မႈျပႆနာ မျဖစ္ေပၚရေအာင္ အရန္စုေဆာင္း သုိေလွာင္ေနၿပီဟု ဆုိပါတယ္။
တ႐ုတ္ႏုိင္ငံဟာ ဝက္သားစားသုံးမႈနဲ႔ထုတ္လုပ္မႈ အားအေကာင္းဆုံးႏုိင္ငံျဖစ္ၿပီး ကမာၻ႔ေမြးျမဴေရးဝက္ေတြရဲ႕ ထက္ဝက္ခန္႔ဟာ ၄င္းႏုိင္ငံမွာ ရွိေနၾကပါတယ္။
လူကုိ အႏၲရာယ္မေပးႏုိင္ေပမဲ့ ဝက္ေတြကုိ ေသဆုံးေစႏုိင္တဲ့ အာဖရိကဝက္အျပင္းဖ်ားေရာဂါဟာ ထုိသုိ႔ေသာႏုိင္ငံမ်ိဳးမွာ ယခင္ႏွစ္မွစၿပီး အႀကီးအက်ယ္ပ်ံ႕ပြားခဲ့ပါတယ္။ ထုိ႔အတြက္ အာဏာပုိင္ေတြက သုတ္သင္ရွင္းလင္းတဲ့နည္း ၊ ဝက္သယ္ယူပုိ႔ေဆာင္မႈ ကန္႔သတ္တဲ့နည္း စသည္တုိ႔ျဖင့္ ထိန္းခ်ဳပ္ရန္ႀကိဳးစားခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ပါဘူး။ ၄င္းေရာဂါထိန္းခ်ဳပ္ေရးမွာ ဝက္ေကာင္ေရ သန္းနဲ႔ခ်ီၿပီး သုတ္သင္ရွင္းလင္းခဲ့ၿပီျဖစ္ေၾကာင္း ခန္႔မွန္းရပါတယ္။
ထုိသုိ႔သုတ္သင္ခဲ့အတြက္ တ႐ုတ္ဟာ ျပည္တြင္းဝက္သားလုိအပ္ခ်က္ကုိ ျပည့္မီေစရန္ ျပည္ပမွ စတင္ တင္သြင္းေနပါတယ္။ ေရာဂါပ်ံ႕ပြားမႈအေျခအေန ပုိမုိဆုိး႐ြားလာပါက ဝက္သားထုတ္လုပ္မႈႏႈန္း ပုိ၍က်ဆင္းမည္ျဖစ္ရာ ေစ်းထပ္တက္လာႏုိင္ေၾကာင္း ခန္႔မွန္းရပါတယ္။ ၄င္းဟာ ေရာဂါပုိးကူးစက္မခံရတဲ့ေဒသရွိ ဝက္ေမြးျမဴသူေတြအတြက္ သတင္းေကာင္းတစ္ခု ျဖစ္ႏုိင္ပါတယ္။
အာရွအေရွ႕ဖ်ားေဒသမွာ ဝက္အျပင္းဖ်ားေရာဂါပုိး ပ်ံ႕ႏွံ႕ေနျခင္းရဲ႕ အက်ိဳးဆက္ေတြဟာ ကမာၻ႕ဝက္သားေစ်းကြက္နဲ႔ ဝက္စာေစ်းကြက္ေတြအေပၚ သိသိသာသာ သက္ေရာက္ႏုိင္ေၾကာင္း FAO ရဲ႕ ေမလအစီရင္ခံစာထဲမွာ ခန္႔မွန္းေဖၚျပထားပါတယ္။
- ZHO (အကုန္သိ သတင္းဌာန) | Ref : AFP

Unicode Version

 

တရုတ်တို့ရဲ့ဝက်နှစ်မှာ အာဖရိကဝက်အပြင်းဖျားရောဂါပျံ့ပွားမှုများ ဖြစ်ပွားခဲ့တာကြောင့် ၎င်းဖြစ်ရပ်နဲ့သက်ဆိုင်တဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ဝက်သားဈေးတွေ မကြုံစဖူး မြင့်တက်နေကြောင်း မေလ ၂၁ ရက်နေ့မှာ သတင်းတွေမှာ ဖော်ပြပါတယ်။
ဝက်သားဈေးတွေဟာ အမေရိကန် ချီကာဂိုကုန်သွယ်ရေကြောင်း အိတ်ချိန်းဈေးကွက်နဲ့ ဝက်အပြင်းဖျားရောဂါ အဓိကပျံ့ပွားနေတဲ့ တရုတ်နိုင်ငံတို့မှာ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့(FAO)ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဥရောပမှာလည်း မတ်လဆန်းကတည်းက ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး ပြင်သစ်နဲ့ဂျာမနီမှာဆိုလျှင် ၃၀ ရာခိုင်နှုန်းအထိ ဈေးတက်နေပါတယ်။ ဝက်သားတင်သွင်းမှုနှုန်း မြင့်မားတဲ့ ဂျပန်နဲ့တောင်ကိုရီးယားတို့မှာလည်း ကုန်စည်ရှားပါးပြတ်လပ်မှုပြဿနာ မဖြစ်ပေါ်ရအောင် အရန်စုဆောင်း သိုလှောင်နေပြီဟု ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ဝက်သားစားသုံးမှုနဲ့ထုတ်လုပ်မှု အားအကောင်းဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့မွေးမြူရေးဝက်တွေရဲ့ ထက်ဝက်ခန့်ဟာ ၎င်းနိုင်ငံမှာ ရှိနေကြပါတယ်။
လူကို အန္တရာယ်မပေးနိုင်ပေမဲ့ ဝက်တွေကို သေဆုံးစေနိုင်တဲ့ အာဖရိကဝက်အပြင်းဖျားရောဂါဟာ ထိုသို့သောနိုင်ငံမျိုးမှာ ယခင်နှစ်မှစပြီး အကြီးအကျယ်ပျံ့ပွားခဲ့ပါတယ်။ ထို့အတွက် အာဏာပိုင်တွေက သုတ်သင်ရှင်းလင်းတဲ့နည်း ၊ ဝက်သယ်ယူပို့ဆောင်မှု ကန့်သတ်တဲ့နည်း စသည်တို့ဖြင့် ထိန်းချုပ်ရန်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ၎င်းရောဂါထိန်းချုပ်ရေးမှာ ဝက်ကောင်ရေ သန်းနဲ့ချီပြီး သုတ်သင်ရှင်းလင်းခဲ့ပြီဖြစ်ကြောင်း ခန့်မှန်းရပါတယ်။
ထိုသို့သုတ်သင်ခဲ့အတွက် တရုတ်ဟာ ပြည်တွင်းဝက်သားလိုအပ်ချက်ကို ပြည့်မီစေရန် ပြည်ပမှ စတင် တင်သွင်းနေပါတယ်။ ရောဂါပျံ့ပွားမှုအခြေအနေ ပိုမိုဆိုးရွားလာပါက ဝက်သားထုတ်လုပ်မှုနှုန်း ပို၍ကျဆင်းမည်ဖြစ်ရာ ဈေးထပ်တက်လာနိုင်ကြောင်း ခန့်မှန်းရပါတယ်။ ၎င်းဟာ ရောဂါပိုးကူးစက်မခံရတဲ့ဒေသရှိ ဝက်မွေးမြူသူတွေအတွက် သတင်းကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။
အာရှအရှေ့ဖျားဒေသမှာ ဝက်အပြင်းဖျားရောဂါပိုး ပျံ့နှံ့နေခြင်းရဲ့ အကျိုးဆက်တွေဟာ ကမ္ဘာ့ဝက်သားဈေးကွက်နဲ့ ဝက်စာဈေးကွက်တွေအပေါ် သိသိသာသာ သက်ရောက်နိုင်ကြောင်း FAO ရဲ့ မေလအစီရင်ခံစာထဲမှာ ခန့်မှန်းဖေါ်ပြထားပါတယ်။
- ZHO (အကုန်သိ သတင်းဌာန) | Ref : AFP

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။