Skip to main content
ပြင်သစ်သည် ပြင်သစ်လူမျိုးအပိုင်မဟုတ် ဘယ်သူမဆို နေခွင့်ရှိသည်ဆိုကာ ပါရီလေဆိပ်ကို ၀င်ကျူးပြီး ရွှေ့ ပြောင်းတွေ ဆန္ဒပြ
Ads Block

ပြင်သစ်သည် ပြင်သစ်လူမျိုးအပိုင်မဟုတ် ဘယ်သူမဆို နေခွင့်ရှိသည်ဆိုကာ ပါရီလေဆိပ်ကို ၀င်ကျူးပြီး ရွှေ့ ပြောင်းတွေ ဆန္ဒပြ


ဝတ်စုံနက်အမည်ရ ရွှေ့ ပြောင်းအခြေချ ဆန္ဒပြသူ ၅၀၀ ခန့် ဟာ တနင်္ဂနွေနေ့ က ပြင်သစ်နိုင်ငံ ပါရီမြို့ တော်က ချားလ်စ်ဒီဂေါ လေဆိပ်ကို ကျူးကျော်ဝင်ရောက်ကာ ပြည်နှင်ဒဏ်ပေးမှု ဆန့် ကျင်ကြောင်းနဲ့  ၀န်ကြီးချုပ် အက်ဒွပ် ဖီးလစ်က ၄င်းတို့ အားလုံး တရားဝင် စာရွက်စာတမ်းတွေရရှိရေး ထောက်ကူဆောင်ရွက်ပေးဖို့  တောင်းဆိုခဲ့ကြပါတယ်။

ပြင်သစ်သည် ပြင်သစ်လူမျိုးအပိုင်မဟုတ် ဘယ်သူမဆို နေခွင့်ရှိသည်ဆိုကာ ပါရီလေဆိပ်ကို ၀င်ကျူးပြီး ရွှေ့ ပြောင်းတွေ ဆန္ဒပြ


လူဦးရေ ၅၀၀ လောက်ရှိတဲ့ ရွှေ့ ပြောင်းလူအုပ်ဟာ လေဆိပ်ရဲ့  ၀င်ပေါက် ၂ မှာ စုစည်းခဲ့ကြကာ စက်လှေကားတွေပေါ် ရပ်နေတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဝင်တွေက ၄င်းတို့ ရဲ့  လှုပ်ရှားမှုကို စောင့်ကြည့်နေခဲ့ပါတယ်။

ပြင်သစ်သည် ပြင်သစ်လူမျိုးအပိုင်မဟုတ် ဘယ်သူမဆို နေခွင့်ရှိသည်ဆိုကာ ပါရီလေဆိပ်ကို ၀င်ကျူးပြီး ရွှေ့ ပြောင်းတွေ ဆန္ဒပြ


ဆန္ဒပြသူတွေက ၄င်းတို့ အတွက် တရားဝင် စာရွက်စာတမ်းတွေ ရရှိရေး၊ ခိုလှုံခွင့် မူဝါဒတွေနဲ့ ပတ်သက်လို့  ၀န်ကြီးချုပ် ဖီးလစ်နဲ့ တွေ့ ဆုံဆွေးနွေးခွင့်ရရေး၊ ၄င်းတို့ အပေါ် ဘဏ္ဍာရေးဆိုင်ရာ၊ ထောက်ပံ့ပို့ ဆောင်ရေးဆိုင်ရာ သို့ မဟုတ် နိုင်ငံရေးဆိုင်ရာတွေနဲ့  ဆက်စပ်ပြီး ပြည်နှင်မှုတွေ ရပ်တန့် ရေး တောင်းဆိုဖို့ အတွက် ပြင်သစ်လေကြောင်းလိုင်း ခေါင်းဆောင်တွေနဲ့  တွေ့ ဆုံဆွေးနွေးခွင့်ရရေး တောင်းဆိုခဲ့ကြပါတယ်။

Unicode Version


ဝတ်စုံနက်အမည်ရ ရွှေ့ပြောင်းအခြေချ ဆန္ဒပြသူ ၅၀၀ ခန့်ဟာ တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့တော်က ချားလ်စ်ဒီဂေါ လေဆိပ်ကို ကျူးကျော်ဝင်ရောက်ကာ ပြည်နှင်ဒဏ်ပေးမှု ဆန့်ကျင်ကြောင်းနဲ့ ဝန်ကြီးချုပ် အက်ဒွပ် ဖီးလစ်က ၎င်းတို့အားလုံး တရားဝင် စာရွက်စာတမ်းတွေရရှိရေး ထောက်ကူဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
လူဦးရေ ၅၀၀ လောက်ရှိတဲ့ ရွှေ့ပြောင်းလူအုပ်ဟာ လေဆိပ်ရဲ့ ဝင်ပေါက် ၂ မှာ စုစည်းခဲ့ကြကာ စက်လှေကားတွေပေါ် ရပ်နေတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက ၎င်းတို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေခဲ့ပါတယ်။
“ ပြင်သစ်ဟာ ပြင်သစ်လူမျိုးတွေ အပိုင်မဟုတ်ဘူး။ လူတိုင်း ဒီမှာနေဖို့ အခွင့်အရေးရှိတယ်” လို့ ဆန္ဒပြသူတွေထဲက တစ်ဦးက လော်စပီကာကနေ အော်ခဲ့ပါတယ်။ ယခု ဆန္ဒပြပွဲကို ရွှေ့ပြောင်းအခြေချ ထောက်ပံ့ကူညီရေးအုပ်စု La Chapelle Debout က စီစဉ်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ လနဲ့ချီကြာနေပြီဖြစ်တဲ့ ဝတ်စုံဝါ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပြီး ယခု ဆန္ဒပြမှုကို ဝတ်စုံနက် ဆန္ဒပြမှုလို့၎င်းတို့အဖွဲ့ဝင်တွေ မှည့်ခေါ်ခဲ့ကြတာဖြစ်ကြောင်း စီစဉ်သူတွေက ဆိုခဲ့ပါတယ်။
ဆန္ဒပြသူတွေက ၎င်းတို့အတွက် တရားဝင် စာရွက်စာတမ်းတွေ ရရှိရေး၊ ခိုလှုံခွင့် မူဝါဒတွေနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် ဖီးလစ်နဲ့တွေ့ဆုံဆွေးနွေးခွင့်ရရေး၊ ၎င်းတို့အပေါ် ဘဏ္ဍာရေးဆိုင်ရာ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ သို့မဟုတ် နိုင်ငံရေးဆိုင်ရာတွေနဲ့ ဆက်စပ်ပြီး ပြည်နှင်မှုတွေ ရပ်တန့်ရေး တောင်းဆိုဖို့အတွက် ပြင်သစ်လေကြောင်းလိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရေး တောင်းဆိုခဲ့ကြပါတယ်။
နောက်ပိုင်းမှာ ပြင်သစ်လေကြောင်းလိုင်း ကိုယ်စားလှယ်အဖွဲ့တစ်ခုက ဆန္ဒပြလူအုပ်နဲ့ တွေ့ဆုံခဲ့ကာ လေဆိပ်စီမံခန့်ခွဲရေးဆိုင်ရာ နစ်နာဆုံးရှုံးရမှုတွေကို အစီရင်ခံသွားမယ်လို့ ဆိုခဲ့ပါတယ်။ လေဆိပ် အော်ပရေတာ Aeroports de Paris ကတော့ ယခု ဆန္ဒပြမှုကြောင့် လေကြောင်းပျံသန်းမှုတွေအပေါ် သက်ရောက်မှု မရှိခဲ့ကြောင်း ဆိုခဲ့ပါတယ်။
-ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : RT

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။