Skip to main content
ေရႊ ့ေျပာင္း ျမန္မာေရလုပ္သားတစ္ဦး လည္ပင္းမွာ ေက်ာက္ငရုပ္ဆုံတစ္လုံး တြဲခ်ည္လ်က္သား ေရနစ္ေသဆုံးခဲ့မႈ ကုိယ့္ကုိယ္သတ္ေသမႈဟု ယူဆေၾကာင္း ထုိင္းရဲ ေျပာ
Ads Block

ေရႊ ့ေျပာင္း ျမန္မာေရလုပ္သားတစ္ဦး လည္ပင္းမွာ ေက်ာက္ငရုပ္ဆုံတစ္လုံး တြဲခ်ည္လ်က္သား ေရနစ္ေသဆုံးခဲ့မႈ ကုိယ့္ကုိယ္သတ္ေသမႈဟု ယူဆေၾကာင္း ထုိင္းရဲ ေျပာ

ဆမတ္ဆခြန္ျပည္နယ္ ေျမာင္ခရုိင္ ျမစ္တစ္ခုအတြင္း ေရႊ ့ေျပာင္းျမန္မာလုပ္သားတစ္ဦး လည္ပင္းမွာ ေက်ာက္ငရုပ္ဆုံတစ္လုံး တြဲခ်ည္လ်က္သားနဲ ့ ေရနစ္ေသဆုံးေနခဲ့တာဟာ ကုိယ့္ကုိယ္ကုိ သတ္ေသခဲ့ျခင္းျဖစ္တယ္လုိ ့ ယုံၾကည္ရေၾကာင္း ထုိင္းရဲက ေျပာဆုိခဲ့ပါတယ္။
ဒီေန ့(ေမ ၂၁) မနက္ ၁၁ နာရီေလာက္မွာ ေရနစ္ေသဆုံးေနမႈကုိ သတင္းၾကားခဲ့ၿပီး ဘန္ယာပရိတ္ခ္ ဘုန္းႀကီးေက်ာင္းနဲ ့ မ်က္ႏွာခ်င္းဆုိင္ရွိ အခင္းျဖစ္ တံတားတုိင္ေနရာကုိ အျမန္သြားေရာက္ စစ္ေဆးခဲ့ေၾကာင္း သာခ်ာလြန္ ရဲစခန္းက ေျပာဆုိခဲ့ပါတယ္။ ေအာ လုိ ့သာသိရတဲ့ အသက္ ၂၅ ႏွစ္အရြယ္ ျမန္မာလုပ္သားရဲ ့ လည္ပင္းမွာ ေက်ာက္ငရုပ္ဆုံတစ္ခုကုိ ႏုိင္လြန္ႀကိဳးနဲ ့တြဲခ်ည္ထားကာ ခႏၶာကုိယ္မွာ ဘာဒဏ္ရာမွ မေတြ ့ရွိရဘူးလုိ ့ ထုိင္းရဲက ေျပာပါတယ္။
ေသဆုံးလုပ္သားရဲ ့ အလုပ္ရွင္ျဖစ္သူ ဆြမ္ဘတ္ ခၽြမ္ဂ်ဳိင္က ေျပာဆုိရာမွာ ေအာဟာ ၄င္းရဲ ့ငါးဖမ္းသေဘၤာမွာ အလုပ္ဆင္းတာ ၆ ရက္ေလာက္ပဲရွိေသးကာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ က်န္းက်န္းမာမာပုံစံပဲျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။ သူ ့ကုိ ေနာက္ဆုံးေတြ ့ျမင္ခဲ့ရာမွာ မနက္စာစားၿပီး ငါးဖမ္းပုိက္ေတြျပင္ဆင္ေနခဲ့ေၾကာင္း ယင္းေနာက္ ျမစ္ထဲခုန္ခ်သြားတာကုိ အျခား လုပ္သားေတြ ျမင္ေတြ ့ခဲ့ေၾကာင္း အလုပ္ရွင္က ေျပာဆုိခဲ့တယ္လုိ ့ သိရပါတယ္။
 
- ကုိလင္း(အကုန္သိ သတင္းဌာန) | Ref : The Nation

Unicode Version

 

ဆမတ်ဆခွန်ပြည်နယ် မြောင်ခရိုင် မြစ်တစ်ခုအတွင်း ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦး လည်ပင်းမှာ ကျောက်ငရုပ်ဆုံတစ်လုံး တွဲချည်လျက်သားနဲ့ ရေနစ်သေဆုံးနေခဲ့တာဟာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ခြင်းဖြစ်တယ်လို့ ယုံကြည်ရကြောင်း ထိုင်းရဲက ပြောဆိုခဲ့ပါတယ်။
ဒီနေ့(မေ ၂၁) မနက် ၁၁ နာရီလောက်မှာ ရေနစ်သေဆုံးနေမှုကို သတင်းကြားခဲ့ပြီး ဘန်ယာပရိတ်ခ် ဘုန်းကြီးကျောင်းနဲ့ မျက်နှာချင်းဆိုင်ရှိ အခင်းဖြစ် တံတားတိုင်နေရာကို အမြန်သွားရောက် စစ်ဆေးခဲ့ကြောင်း သာချာလွန် ရဲစခန်းက ပြောဆိုခဲ့ပါတယ်။ အော လို့သာသိရတဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာလုပ်သားရဲ့ လည်ပင်းမှာ ကျောက်ငရုပ်ဆုံတစ်ခုကို နိုင်လွန်ကြိုးနဲ့တွဲချည်ထားကာ ခန္ဓာကိုယ်မှာ ဘာဒဏ်ရာမှ မတွေ့ရှိရဘူးလို့ ထိုင်းရဲက ပြောပါတယ်။
သေဆုံးလုပ်သားရဲ့ အလုပ်ရှင်ဖြစ်သူ ဆွမ်ဘတ် ချွမ်ဂျိုင်က ပြောဆိုရာမှာ အောဟာ ၎င်းရဲ့ငါးဖမ်းသင်္ဘောမှာ အလုပ်ဆင်းတာ ၆ ရက်လောက်ပဲရှိသေးကာ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာပုံစံပဲဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ သူ့ကို နောက်ဆုံးတွေ့မြင်ခဲ့ရာမှာ မနက်စာစားပြီး ငါးဖမ်းပိုက်တွေပြင်ဆင်နေခဲ့ကြောင်း ယင်းနောက် မြစ်ထဲခုန်ချသွားတာကို အခြား လုပ်သားတွေ မြင်တွေ့ခဲ့ကြောင်း အလုပ်ရှင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
 
- ကိုလင်း(အကုန်သိ သတင်းဌာန)  | Ref : The Nation

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။