Skip to main content
စပါးေစ်းက်ဆင္းၿပီး စိုက္ပ်ိဳးစရိတ္တုိးလာသျဖင့္ ေတာင္သူမ်ား နစ္နာေန
Ads Block

စပါးေစ်းက်ဆင္းၿပီး စိုက္ပ်ိဳးစရိတ္တုိးလာသျဖင့္ ေတာင္သူမ်ား နစ္နာေန

လယ္သမားမ်ားအေနျဖင့္ စပါးေစ်းက်ဆင္းၿပီး စိုက္ပ်ိဳးစရိတ္တိုးလာေသာေၾကာင့္ ဆံုးရံႈးနစ္နာမႈမ်ား ႀကံဳေတြ႕ေနရေၾကာင္း သိရသည္။
လက္ရွိ စပါးေစ်းႏႈန္းမ်ား တင္း၁၀၀ လွ်င္ က်ပ္ ၇၀၀၀၀ ေက်ာ္က်ဆင္းသြားသည့္အျပင္ စပါးတစ္ဧကလွ်င္ စိုက္ပ်ိဳးမႈ ကုန္က်စရိတ္ က်ပ္ ၅၀၀၀၀ ဝန္းက်င္တုိးျမင့္လာျခင္းေၾကာင့္ လယ္တစ္ဧကလွ်င္ အက်ိဳးခံစားခြင့္ က်ပ္ ၁၂၀,၀၀၀ ဝန္းက်င္ေလ်ာ့နည္းလာေၾကာင္းသိရသည္။
“အမွန္ေတာ့ဧၿပီလကစပါးေတြ လိႈင္ေပၚတဲ့ရက္ျဖစ္တဲ့အတြက္ ခါတိုင္းႏွစ္ဆိုရင္ ေမလေရာက္ရင္ ေစ်းတန္းေလး အတန္သင့္လာတဲ့ရက္ပဲ။ ဒီႏွစ္ကကုန္က်ေငြကပိုမ်ားသြားတယ္။ ရတဲ့စပါးေစ်းက ေလ်ာ့သြားတယ္။ ပိုဆိုးတာကသြင္းအားစုေစ်းေတြ တက္ကုန္တာပဲ။ အဓိကဒီဇယ္၊ ေျမၾသဇာ၊ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆး၊ အလုပ္သမားအဲဒီ ၄ ခုလယ္ထဲကိုသြင္းရတာေလ။ အကုန္လံုးပ်မ္းမွ်တြက္လိုက္ရင္ တစ္ဧကကို ၅၀၀၀၀ ေလာက္ပိုကုန္တယ္။ စပါးေစ်းက်ေတာ့ က်ပ္ ၇၀၀၀၀၊ ၈၀၀၀၀ ေလ်ာ့သြားတယ္ဆိုေတာ့ ႏွစ္ခုေပါင္းလိုက္ရင္ တစ္ဧကေပၚမွာအက်ိဳးခံစားခြင့္ ရတာထက္ ဒီႏွစ္ကတစ္သိန္းေက်ာ္ေက်ာ္၊ တစ္သိန္း ႏွစ္ေသာင္းေလာက္ နစ္နာသြားတယ္” ဟု ျမန္မာႏိုင္ငံလြတ္လပ္ေသာေတာင္သူလယ္သမားမ်ားအသင္းမွ ဥကၠ႒ ဦးသိန္းေအာင္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ၿပီးခဲ့ေသာ ၂၀၁၅ ခုႏွစ္၊ ေမလတြင္ စပါးတင္း ၁၀၀ လွ်င္ က်ပ္ ၅၀၀,၀၀၀ မွ က်ပ္ ၅၅၀,၀၀၀ ဝန္းက်င္ ေစ်းႏႈန္းရရွိခဲ့ေသာ္လည္း လက္ရွိ ၂၀၁၉ ခုႏွစ္၊ ေမလတြင္ စပါးတင္း ၁၀၀ လွ်င္ က်ပ္ ၄၂၀,၀၀၀ မွ က်ပ္ ၄၄၀,၀၀၀ အထိသာရရွိသည့္အျပင္ စပါးဝယ္ယူသူမ်ားလည္းနည္းပါးေနေၾကာင္း သိရသည္။
စပါးတစ္ဧကစိုက္ပ်ိဳးရန္ ယခင္ကေျမၾသဇာစရိတ္မွာက်ပ္ ၂၀,၀၀၀ ေက်ာ္သာကုန္က်ေသာ္လည္းယခုႏွစ္တြင္ က်ပ္ ၃၀,၀၀၀ ေက်ာ္၊ ဒီဇယ္မွာ ယခင္ကက်ပ္ ၁၃၀,၀၀၀ ဝန္းက်င္မွ ယခုႏွစ္တြင္ က်ပ္ ၂၀၀,၀၀၀ ေက်ာ္၊ ယခင္ကအလုပ္သမားတစ္ဦးလွ်င္ တစ္ရက္ငွားရမ္းခမွာက်ပ္ ၃၀၀၀ သာေပးရေသာ္လည္းယခုႏွစ္တြင္ က်ပ္ ၇၀၀၀ သို႔တိုးလာေၾကာင္း ေတာင္သူမ်ားထံမွ သိရသည္။ 

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

 

လယ်သမားများအနေဖြင့် စပါးဈေးကျဆင်းပြီး စိုက်ပျိုးစရိတ်တိုးလာသောကြောင့် ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိ စပါးဈေးနှုန်းများ တင်း၁၀၀ လျှင် ကျပ် ၇၀၀၀၀ ကျော်ကျဆင်းသွားသည့်အပြင် စပါးတစ်ဧကလျှင် စိုက်ပျိုးမှု ကုန်ကျစရိတ် ကျပ် ၅၀၀၀၀ ဝန်းကျင်တိုးမြင့်လာခြင်းကြောင့် လယ်တစ်ဧကလျှင် အကျိုးခံစားခွင့် ကျပ် ၁၂၀,၀၀၀ ဝန်းကျင်လျော့နည်းလာကြောင်းသိရသည်။
“အမှန်တော့ဧပြီလကစပါးတွေ လှိုင်ပေါ်တဲ့ရက်ဖြစ်တဲ့အတွက် ခါတိုင်းနှစ်ဆိုရင် မေလရောက်ရင် ဈေးတန်းလေး အတန်သင့်လာတဲ့ရက်ပဲ။ ဒီနှစ်ကကုန်ကျငွေကပိုများသွားတယ်။ ရတဲ့စပါးဈေးက လျော့သွားတယ်။ ပိုဆိုးတာကသွင်းအားစုဈေးတွေ တက်ကုန်တာပဲ။ အဓိကဒီဇယ်၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အလုပ်သမားအဲဒီ ၄ ခုလယ်ထဲကိုသွင်းရတာလေ။ အကုန်လုံးပျမ်းမျှတွက်လိုက်ရင် တစ်ဧကကို ၅၀၀၀၀ လောက်ပိုကုန်တယ်။ စပါးဈေးကျတော့ ကျပ် ၇၀၀၀၀၊ ၈၀၀၀၀ လျော့သွားတယ်ဆိုတော့ နှစ်ခုပေါင်းလိုက်ရင် တစ်ဧကပေါ်မှာအကျိုးခံစားခွင့် ရတာထက် ဒီနှစ်ကတစ်သိန်းကျော်ကျော်၊ တစ်သိန်း နှစ်သောင်းလောက် နစ်နာသွားတယ်” ဟု မြန်မာနိုင်ငံလွတ်လပ်သောတောင်သူလယ်သမားများအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းအောင်က အကုန်သိသတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်၊ မေလတွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၅၀၀,၀၀၀ မှ ကျပ် ၅၅၀,၀၀၀ ဝန်းကျင် ဈေးနှုန်းရရှိခဲ့သော်လည်း လက်ရှိ ၂၀၁၉ ခုနှစ်၊ မေလတွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၄၂၀,၀၀၀ မှ ကျပ် ၄၄၀,၀၀၀ အထိသာရရှိသည့်အပြင် စပါးဝယ်ယူသူများလည်းနည်းပါးနေကြောင်း သိရသည်။
စပါးတစ်ဧကစိုက်ပျိုးရန် ယခင်ကမြေသြဇာစရိတ်မှာကျပ် ၂၀,၀၀၀ ကျော်သာကုန်ကျသော်လည်းယခုနှစ်တွင် ကျပ် ၃၀,၀၀၀ ကျော်၊ ဒီဇယ်မှာ ယခင်ကကျပ် ၁၃၀,၀၀၀ ဝန်းကျင်မှ ယခုနှစ်တွင် ကျပ် ၂၀၀,၀၀၀ ကျော်၊ ယခင်ကအလုပ်သမားတစ်ဦးလျှင် တစ်ရက်ငှားရမ်းခမှာကျပ် ၃၀၀၀ သာပေးရသော်လည်းယခုနှစ်တွင် ကျပ် ၇၀၀၀ သို့တိုးလာကြောင်း တောင်သူများထံမှ သိရသည်။ 

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။