Skip to main content
ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားရာ ေနအိမ္ ၄ လုံး ဆုံးရႈံး
Ads Block

ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားရာ ေနအိမ္ ၄ လုံး ဆုံးရႈံး

ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ ယေန႔မနက္ပိုင္းက Level 3 အဆင့္မီးေလာင္မႈျဖစ္ပြားခဲ့ကာ မီးေလာင္ရသည့္ အေၾကာင္းအရင္းကို စုံစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေညာင္ကြဲရပ္ကြက္၊ အကြက္အမွတ္(၄၁၅)၊ အိမ္အမွတ္(N-3)၊ ၇×၈ လမ္းႏွင့္ ၈၆x၈၇ လမ္းၾကားရွိ ပိုင္ရွင္ဦးဝင္းထြဋ္ေက်ာ္၊ (၃၂)ႏွစ္ေနအိမ္တြင္ ေမလ ၂၁ ရက္၊ နံနက္ ၁၁ နာရီ ၃၃ မိနစ္ခန္႔က မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း မႏၱေလးခရိုင္မီးသတ္ဦးစီးမွဴးရုံးမွ သိရသည္။

ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားရာ ေနအိမ္ ၄ လုံး ဆုံးရႈံး


အဆိုပါမီးေလာင္မႈဆီသို႔ Level 3 ယာဥ္အုပ္စုမ်ား ထြက္ခြာၿငွိမ္းသတ္ခဲ့ရာ နံနက္ ၁၁ နာရီ ၅၅ မိနစ္ခန္႔တြင္ မီးၿငိမ္းသြားခဲ့ၿပီး မီးေလာင္ရသည့္အေၾကာင္းအရင္းကို စုံစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။
မီးေလာင္မႈေၾကာင့္ ၂၀×၂၀ ေပ၊ နံကပ္ပ်ဥ္ေထာင္ (၂)ထပ္ေနအိမ္အပါအဝင္ ေနအိမ္ ၄ လုံးမီးေလာင္ဆုံးရႈံးခဲ့၍ ပိုင္ရွင္ဦးဝင္းထြဋ္ေက်ာ္၊ (၃၂)ႏွစ္ကို ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမွတ္ ၄ နယ္ေျမရဲစခန္း၌ အမႈဖြင့္ထားေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

Unicode Version

 

အောင်မြေသာစံမြို့နယ်တွင် ယနေ့မနက်ပိုင်းက Level 3 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကာ မီးလောင်ရသည့် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်အမှတ်(၄၁၅)၊ အိမ်အမှတ်(N-3)၊ ၇×၈ လမ်းနှင့် ၈၆x၈၇ လမ်းကြားရှိ ပိုင်ရှင်ဦးဝင်းထွဋ်ကျော်၊ (၃၂)နှစ်နေအိမ်တွင် မေလ ၂၁ ရက်၊ နံနက် ၁၁ နာရီ ၃၃ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
အဆိုပါမီးလောင်မှုဆီသို့ Level 3 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်ရသည့်အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ၂၀×၂၀ ပေ၊ နံကပ်ပျဉ်ထောင် (၂)ထပ်နေအိမ်အပါအဝင် နေအိမ် ၄ လုံးမီးလောင်ဆုံးရှုံးခဲ့၍ ပိုင်ရှင်ဦးဝင်းထွဋ်ကျော်၊ (၃၂)နှစ်ကို အောင်မြေသာစံမြို့နယ်၊ အမှတ် ၄ နယ်မြေရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။