Skip to main content
Ads Block

မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ပွဲအခန်းကဏ္ဍတွေမှာ ရုပ်ရှင်ကြည့်တဲ့ပရိသတ်တွေ ပါဝင်နိုင်ဖို့ မခဲယဉ်းဘူးလို့ ဒါရိုက်တာ ဏကြီး ပြော (ရုပ်သံ)

 

Unicode version

ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲမှာ အခန်းကဏ္ဍပေါင်းစုံပြုလုပ်မှာဖြစ်ပြီး အဲဒီအထဲမှာ ပြဇာတ်ကခြင်း၊ ရုပ်ရှင်ဟောင်းပြသခြင်း၊ အထင်ကရလူတွေရဲ့အကြောင်း စာတမ်းဖတ်ပြခြင်းတွေအပြင် ရုပ်ရှင်ပြိုင်ပွဲပြုလုပ်တဲ့အစီအစဉ်တွေလည်း ကျင်းပပြုလုပ်သွားမယ့်အကြောင်း ဒါရိုက်တာ ဏကြီး က ပြန်လည်ပြောပြထားပါတယ်။ ဒါတွေအပြင် နှစ် ၁၀၀ ပြည့်ပွဲဟာ ရုပ်ရှင်ရိုက်ကူးသူကိုမှမဟုတ်ဘဲ ရုပ်ရှင်ကြည့်တဲ့ပရိသတ်တွေလည်း ဆိုင်တဲ့အတွက် ပါဝင်ချင်တဲ့စိတ်ရှိရင် ပွဲမှာပါဝင်ပတ်သတ်ဖို့ မခဲယဉ်းဘူးလို့ဆိုပြီး လာရောက်ဆင်နွှဲဖို့ အခုလို ဖိတ်ခေါ်ထားပါသေးတယ်။
 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။