Skip to main content
ဂေးဖြစ်နေတာကြောင့် အလုပ်ထုတ်ခံရမှုအပေါ် တရားမျှတမှုရဖို့  အင်ဒိုနီးရှား ရဲမှူးချုပ်ဟောင်းတောင်းဆို
Ads Block
ဂေးဖြစ်နေတာကြောင့် အလုပ်ထုတ်ခံရမှုအပေါ် တရားမျှတမှုရဖို့  အင်ဒိုနီးရှား ရဲမှူးချုပ်ဟောင်းတောင်းဆို
ဂေးဖြစ်နေတာကြောင့် အလုပ်ထုတ်ခံခဲ့ရမှုအပေါ်မကျေနပ်တဲ့အတွက် အင်ဒိုနီးရှားရဲမှူးချုပ်ဟောင်းတစ်ဦးက လူ့အခွင့်အရေး ကောင်မရှင်သို့  တရားမျှတမှုအတွက် တိုင်တန်းထားကြောင်း ၄င်းရဲ့ရှေ့နေက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ ၄င်းအဖြစ်အပျက်ဟာ အရှေ့တောင်အာရှနိုင်ငံမှာ ခွဲခြားဆက်ဆံခံရမှုနဲ့ပတ်သက်လို့ ပထမဦးဆုံး စံနမူနာအမှု ဖြစ်လာနိုင်ပါတယ်။
ရဲအရာရှိဟာ သူ့ ပါတနာဆိုသူကို မတရားသဖြင့် အာဏာအလွဲသုံးခဲ့တာဖြစ်ကြောင်း အမျိုးရဲတပ်ဖွဲ့  ပြောရေးဆိုခွင့်ရှိသူက ဆိုပေမယ့် ရဲမှူးချုပ်ဟောင်းနဲ့ ၄င်းရဲ့ပါတနာဆိုသူတို့ဟာ နှစ်ဦးသဘောတူအဆင်ပြေတဲ့ဆက်ဆံရေးရှိပါကြောင်း ၄င်းရဲ့  ရှေ့ နေက ပြောဆိုခဲ့ပါတယ်။
Unicode Version
ဂေးဖြစ်နေတာကြောင့် အလုပ်ထုတ်ခံခဲ့ရမှုအပေါ်မကျေနပ်တဲ့အတွက် အင်ဒိုနီးရှားရဲမှူးချုပ်ဟောင်းတစ်ဦးက လူ့အခွင့်အရေး ကောင်မရှင်သို့ တရားမျှတမှုအတွက် တိုင်တန်းထားကြောင်း ၎င်းရဲ့ရှေ့နေက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ ၎င်းအဖြစ်အပျက်ဟာ အရှေ့တောင်အာရှနိုင်ငံမှာ ခွဲခြားဆက်ဆံခံရမှုနဲ့ပတ်သက်လို့ ပထမဦးဆုံး စံနမူနာအမှု ဖြစ်လာနိုင်ပါတယ်။
ကမ္ဘာ့ မွတ်ဆလင်လူဦးရေအများဆုံးနိုင်ငံအနေနဲ့ ၎င်းအမှုဟာ အစိုးရအတွက်စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ပြည်သူတွေရဲ့ ရန်လိုမှုတွေဟာလည်း LGBTQ လူအဖွဲ့အစည်းတွေဆီကိုဦးတည်ခဲ့ပါတယ်။ အစ္စလာမ်မစ် ရှေးရိုးစွဲလွန်းတဲ့ အာချေး ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသကလွဲရင် အင်ဒိုနီးရှားနိုင်ငံမှာ လိင်တူနှစ်သက်မှုဟာပြစ်မှုမမြောက်ပေမယ့် အချို့ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေကတော့ ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။
ရုံးအဖွဲ့အစည်းတွေမှာ စံနမူထားရတဲ့သူတွေကိုယ်တိုင်က လူ့ကျင့်ဝတ်ကိုချိုးဖောက်ပြီး လိင်တူစွဲလမ်းမှုတွေရှိနေတာဟာ အဖွဲ့အစည်းတွေရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်လို့ ဂျာဗားပြည်နယ်အလယ်ပိုင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။
ရဲအရာရှိဟာ သူ့ပါတနာဆိုသူကို မတရားသဖြင့် အာဏာအလွဲသုံးခဲ့တာဖြစ်ကြောင်း အမျိုးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပေမယ့် ရဲမှူးချုပ်ဟောင်းနဲ့ ၎င်းရဲ့ပါတနာဆိုသူတို့ဟာ နှစ်ဦးသဘောတူအဆင်ပြေတဲ့ဆက်ဆံရေးရှိပါကြောင်း ၎င်းရဲ့ ရှေ့နေက ပြောဆိုခဲ့ပါတယ်။
ဒီအမှုဖြစ်စဉ်ဟာ တရားဥပဒေအရ အရှက်တကွဲနဲ့ ဖိနှိပ်မှုတွေကြုံတွေ့နေရတဲ့ လူနည်းစုအဖွဲ့အစည်းက အဖွဲ့ဝင်တွေအတွက် ပိုကောင်းတဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ရလာနိုင်တယ်လို့ လူအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက အကောင်းမြင်ထားကြပါတယ်။
-မေ(အကုန်သိ သတင်းဌာန) | Ref : Reuters
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။