Skip to main content
ပြည်သူများ၏စားဝတ်နေရေးပြေလည်ရန်လိုအပ်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့် ပြော
Ads Block

ပြည်သူများ၏စားဝတ်နေရေးပြေလည်ရန်လိုအပ်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့် ပြော


ပြည်သူများ၏စားဝတ်နေရေးပြေလည်ရန်လိုအပ်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့် ပြော


ပြည်သူများ၏စားဝတ်နေရေးပြေလည်ရန်လိုအပ်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့် ပြော



Unicode Version

 

ပါတီဆိုသည်မှာ ပြည်သူ့ကျွန်သဘောမျိုးဖြစ်ပြီး ပြည်သူများ၏ စားဝတ်နေရေးပြေလည်ရန်လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
မေလတွင်း သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပါတီဆိုတာပါတီခေါင်းဆောင်ဆိုတာ ပြည်သူ့ကိုအလုပ်အကျွေးပြုရမယ်။ ပြည်သူ့ကျွန်သဘောမျိုးပဲဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေကသိနေမှာပဲ။ မင်းတို့ကို ငါတို့ကတာဝန်ပေးရွေးချယ်ပေးရင် မင်းတို့က ဘာလုပ်ပေးမှာလဲ။ အဓိကကတော့ ကျွန်တော်တို့ ပြည်သူလူထုရဲ့ စားဝတ်နေရေးပြေလည်နေဖို့လိုတယ်။ ပြည်သူဗိုက်ဝဖို့လိုတယ်။ ပြည်သူချမ်းသာဖို့လိုတယ်။ ပြီးတော့ ကျွန်တော်တို့တိုင်းပြည်လုံခြုံဖို့လိုတယ်။ ပြီးရင် ကျွန်တော်တို့ပြည်သူတွေ တရားဥပဒေစိုးမိုးမှုအောက်မှာ အေးအေးချမ်းချမ်းနေနိုင်ဖို့လိုတယ်’’ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ပြီးခဲ့သော ၂၀၁၀ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိကာ အစိုးရတာဝန်ထမ်းဆောင်ခဲ့သည်။
ယင်းနောက် ၂၀၁၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ အနိုင်ရရှိကာ အစိုးရဖွဲ့စည်းနိုင်ခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။