Skip to main content
ဇနီးဖြစ်သူ အိမ်ပေါ်မှဆင်းသွားချိန်၌ ခင်ပွန်းက သမီးအရင်းအား အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ဖြစ်ပွား 
Ads Block

ဇနီးဖြစ်သူ အိမ်ပေါ်မှ ဆင်းသွားချိန်၌ ခင်ပွန်းက သမီးအရင်းအား အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ဖြစ်ပွား 

ပုလောမြို့နယ်တွင် အသက် ၆၀ ဝန်းကျင် အမျိုးသား ၁ ဦးသည် ဇနီးဖြစ်သူ အိမ်ပေါ်မှ ဆင်းသွားချိန်၌ သမီးအရင်းအား ၃ ရက်ဆက်တိုက် အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြင်ဘုကြီးကျေးရွာ အုပ်စု၊ သင်္ကန်းကျဲကျေးရွာနေ ဖိုးကရင်(ခ)ရဲထွန်း၊ (၅၉)နှစ်သည် ဇနီးဖြစ်သူမရှိခိုက် ၁၂ နှစ်အရွယ် သမီးအရင်းကို မေလ ၂၆ ရက်မှ ၂၈ ရက်အထိ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ကြောင်း ပလောက်နယ်မြေရဲစခန်းမှ သိရသည်။

“ သူ့မိန်းမက စကားများရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းသွားတယ်။ အိမ်မှာ သူနဲ့ သမီးဖြစ်သူပဲ ကျန်ခဲ့တယ်။ သူက သမီးဖြစ်သူကို ၂၆ ရက်နေ့ ည ၇ နာရီကျော်မှာ ၁ ခါပြုကျင့်ခဲ့တယ်။ ၂၇ ရက်နေ့ ည ၈ နာရီကျော်မှာ ၁ ခါ ပြုကျင့်ခဲ့တယ်။ ၂၈ ရက်နေ့ ည ၁၁ နာရီကျော်မှာ ၃ ခါပြုကျင့်ခဲ့တယ်။ အဲဒီလိုပြုကျင့်ခဲ့တာကို ကလေးမလေးက သူ့အဖွား၊ သူ့အမေရဲ့အမေ(ယောက္ခမ)ပေါ့။ သွားပြောပြတယ်။ သူ့အဖွားက ဒီကိစ္စကို သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပြီး အမှုဖွင့်ခဲ့တာပေါ့” ဟု ပလောက်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိ သတင်းဌာနသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပလောက်နယ်မြေရဲစခန်းတွင် ယောက္ခမဖြစ်သူက ဖခင်ဖြစ်သူ ဖိုးကရင်(ခ) ရဲထွန်း၊ (၅၉)နှစ်၊ (ဘ)ဦးလှထွေးအား ဥပဒေအရ အရေးယူပေးရန် မေလ ၃၁ ရက်က တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် (ပ)၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် ဖမ်းဆီးကာ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

  • နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။