Skip to main content
ဖခင္က သမီးအရင္းအား ကိုယ္၀န္ရရွိေစသည္အထိ အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈျဖစ္ပြား
Ads Block

ဖခင္က သမီးအရင္းအား ကိုယ္၀န္ရရွိေစသည္အထိ အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈျဖစ္ပြား

 

ရန္ကုန္ၿမိဳ႕၊ ေမွာ္ဘီၿမိဳ႕နယ္၌ သမီးျဖစ္သူ ကိုယ္၀န္ရွိခ်ိန္မွ ဖခင္၏ အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈကို သိရွိၿပီး မိခင္ျဖစ္သူက ရဲစခန္းတြင္ အမႈဖြင့္တိုင္တန္းခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေမွာ္ဘီၿမိဳ႕နယ္၊ ၀ါးနက္ေခ်ာင္းေက်းရြာေနအသက္ ၃၈ ႏွစ္ရွိ ဦးသန္႔ေဇာ္၀င္းသည္ ၎၏သမီးအရင္းျဖစ္သူ မ----- ၊ ၁၅ ႏွစ္အား အႀကိမ္ႀကိမ္အဓမၼျပဳက်င့္သည့္အတြက္ အေရးယူေပးပါရန္ ေမလ ၂၀ ရက္၊ ယမန္ေန႔ညေနပိုင္း၌ မိခင္ျဖစ္သူကိုယ္တိုင္တရားလိုျပဳလုပ္တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ေမွာ္ဘီၿမိဳ႕မရဲစခန္းမွ သိရသည္။ စစ္ေဆးခ်က္အရ ရက္မမွတ္မိေန႔ရက္အခ်ိန္၌ သားအဖႏွစ္ဦးတည္းရွိေနစဥ္ ဖခင္ဦးသန္႔ေဇာ္၀င္းက အိမ္ထဲရွိအ၀တ္မ်ားပြေန၍ရွင္းလင္းရန္ သမီးေစခိုင္းကာ အဓမၼျပဳက်င့္ခဲ့ၿပီးေနာက္ ေလွ်ာက္မေျပာရန္ ၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရသည္။ ယင္းေနာက္တြင္ ရက္ျခား၍အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ခဲ့ရာ သမီးျဖစ္သူမွာလက္ရွိကိုယ္၀န္ ၄ လ ရွိသြားခဲ့သည္ကို မိခင္ကိုယ္တိုင္သိရွိသြားသျဖင့္ အမႈဖြင့္တိုင္ၾကားျခင္းျဖစ္ေၾကာင္း သိရသည္။ “အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ခဲ့တဲ့အတြက္ေၾကာင့္ သမီးျဖစ္သူမွာကိုယ္၀န္ရရွိသြားရာကေန မိခင္ျဖစ္သူက သိရွိသြားတာေပါ့။ ေမလ ၂၀ ရက္ကပဲ မိခင္ကိုယ္တိုင္တရားလိုအျဖစ္နဲ႔ တိုင္ၾကားတာေၾကာင့္ အမႈဖြင့္ၿပီး ျပစ္မႈက်ဴးလြန္သူကိုဖမ္းဆီးအေရးယူထားပါတယ္” ဟု ေမွာ္ဘီၿမိဳ႕မရဲစခန္းမွ တာ၀န္က်အရာရွိတစ္ဦးက ေျပာသည္။ ထို႔ေၾကာင့္ သန္႔ေဇာ္၀င္းကိုဖမ္းဆီးၿပီး ေမွာ္ဘီၿမိဳ႕မရဲစခန္း၌ (ပ)၉၄၄/၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ - ၃၇၆ ျဖင့္ အမႈဖြင့္လွစ္ကာ တရားစြဲတင္ေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)  | ဓာတ္ပံု - S-H အမွန္တရား မွႈခင္းသတင္းေထာက္ ဆပ္သြားေတာရံုး

Unicode Version

 

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၌ သမီးဖြစ်သူ ကိုယ်ဝန်ရှိချိန်မှ ဖခင်၏ အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုကို သိရှိပြီး မိခင်ဖြစ်သူက ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာနေအသက် ၃၈ နှစ်ရှိ ဦးသန့်ဇော်ဝင်းသည် ၎င်း၏သမီးအရင်းဖြစ်သူ မ----- ၊ ၁၅ နှစ်အား အကြိမ်ကြိမ်အဓမ္မပြုကျင့်သည့်အတွက် အရေးယူပေးပါရန် မေလ ၂၀ ရက်၊ ယမန်နေ့ညနေပိုင်း၌ မိခင်ဖြစ်သူကိုယ်တိုင်တရားလိုပြုလုပ်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မှော်ဘီမြို့မရဲစခန်းမှ သိရသည်။
စစ်ဆေးချက်အရ ရက်မမှတ်မိနေ့ရက်အချိန်၌ သားအဖနှစ်ဦးတည်းရှိနေစဉ် ဖခင်ဦးသန့်ဇော်ဝင်းက အိမ်ထဲရှိအဝတ်များပွနေ၍ရှင်းလင်းရန် သမီးစေခိုင်းကာ အဓမ္မပြုကျင့်ခဲ့ပြီးနောက် လျှောက်မပြောရန် ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် ရက်ခြား၍အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ရာ သမီးဖြစ်သူမှာလက်ရှိကိုယ်ဝန် ၄ လ ရှိသွားခဲ့သည်ကို မိခင်ကိုယ်တိုင်သိရှိသွားသဖြင့် အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
“အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တဲ့အတွက်ကြောင့် သမီးဖြစ်သူမှာကိုယ်ဝန်ရရှိသွားရာကနေ မိခင်ဖြစ်သူက သိရှိသွားတာပေါ့။ မေလ ၂၀ ရက်ကပဲ မိခင်ကိုယ်တိုင်တရားလိုအဖြစ်နဲ့ တိုင်ကြားတာကြောင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးအရေးယူထားပါတယ်” ဟု မှော်ဘီမြို့မရဲစခန်းမှ တာဝန်ကျအရာရှိတစ်ဦးက ပြောသည်။
ထို့ကြောင့် သန့်ဇော်ဝင်းကိုဖမ်းဆီးပြီး မှော်ဘီမြို့မရဲစခန်း၌ (ပ)၉၄၄/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ - ၃၇၆ ဖြင့် အမှုဖွင့်လှစ်ကာ တရားစွဲတင်ရေးဆောင်ရွက်နေကြောင်း သိရသည်။ 


- ဒါးဇ(အကုန်သိသတင်းဌာန) | ဓာတ်ပုံ - S-H အမှန်တရား မှှုခင်းသတင်းထောက် ဆပ်သွားတောရုံး

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။