Skip to main content
Ads Block

"ရင်ခွင်တံခါးကိုခေါက်၍ နှလုံးသားပေါ် ဖြတ်လျှောက်သွားတဲ့ ဧည့်သည်" (ရုပ်သံ)

 

Unicode version

လူငယ်ပီပီ မိုက်မိုက်ကန်းကန်းတွေ လုပ်ပေမယ့် ကိုယ်ချစ်ရတဲ့သူအပေါ် လေးလေးနက်နက်တန်ဖိုးထားတတ်တဲ့ "နေလ" အဖြစ် "ရွှေထူး" ၊ ရွက်ပွင့်လေးတစ်ခက် ကြွေကျမြေခသွားတာကိုတောင် ကမ္ဘာပျက်မတတ်ခံစားတတ်တဲ့ ဆယ်ကျော်သက် ကောင်မလေးကိုမှ ရူးရူးမူးမူးချစ်မိရက်သားဖြစ်နေတဲ့ ဦးမြတ်မင်းနိုင် အဖြစ် "ဖြိုးငွေစိုး" ၊ အပေါ်ယံကြည့်ရင် မဟုတ်မခံတတ်တဲ့ စိတ်ကလေးရှိနေတယ်လို့ ထင်ရပေမယ့် မေတ္တာတရားကို ဆာလောင်ငတ်မွတ်နေတဲ့ သနားစရာ မိန်းကလေးတစ်ယောက် "မြူမိုး" အဖြစ် "ရွှေမှုံရတီ" ၊ ချစ်တတ်လွန်းသူတွေအတွက် ဆုလဒ်က အရှုံး ဆိုတဲ့အတိုင်း သိပ်ချစ်တတ်တဲ့ "နှင်းနု" အဖြစ် "နေခြည်ဦး" စတဲ့ လှပလိုက်ဖက်တဲ့ကာရိုက်တာတွေနဲ့ ပရိသတ်တွေရဲ့ ရင်ခွင်တံခါးကို တုံ့ပြန်မှုဖြစ်လာစေမယ့် ဇာတ်ကားအဖြစ် "ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီ။
 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။