Skip to main content
မႏၲေလးတုိင္းရဲတပ္ဖြဲ႕မွဴးရုံးတြင္ မိုင္းရွင္းလင္းေရးသ႐ုပ္ျပစဥ္ မုိင္းေပါက္ကြဲရာ ၁၁ ဦးဒဏ္ရာရရွိ  ------- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန) ------- မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရုံးတြင္ ယေန႔(ေမလ ၂၁ ရက္)၊ နံနက္ပိုင္းက မိုင္းရွင္းလင္းေရး သ႐ုပ္ျပသစဥ္ မုိင္းေပါက္ကြဲၿပီး တပ္မေတာ္မွ အရာခံဗိုလ္တစ္ဦးအပါအဝင္ ၁၁ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၃၀×၃၁ လမ္းၾကား၊ ၆၆×၆၇ လမ္းၾကားရွိ တိုင္းေဒသႀကီးရဲ တပ္ဖြဲ႔မွဴး႐ံုး၌ ဖြင့္လွစ္သင္ၾကားေနရွိသည့္ မိုင္းရွာေဖြရွင္းလင္းျခင္းသင္တ
Ads Block

မႏၲေလးတုိင္းရဲတပ္ဖြဲ႕မွဴးရုံးတြင္ မိုင္းရွင္းလင္းေရးသ႐ုပ္ျပစဥ္ မုိင္းေပါက္ကြဲရာ ၁၁ ဦးဒဏ္ရာရရွိ


မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရုံးတြင္ ယေန႔(ေမလ ၂၁ ရက္)၊ နံနက္ပိုင္းက မိုင္းရွင္းလင္းေရး သ႐ုပ္ျပသစဥ္ မုိင္းေပါက္ကြဲၿပီး တပ္မေတာ္မွ အရာခံဗိုလ္တစ္ဦးအပါအဝင္ ၁၁ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၃၀×၃၁ လမ္းၾကား၊ ၆၆×၆၇ လမ္းၾကားရွိ တိုင္းေဒသႀကီးရဲ တပ္ဖြဲ႔မွဴး႐ံုး၌ ဖြင့္လွစ္သင္ၾကားေနရွိသည့္ မိုင္းရွာေဖြရွင္းလင္းျခင္းသင္တန္းတြင္ ေမလ ၂၁ ရက္၊ နံနက္ပိုင္းက မိုင္းရွင္းလင္းေရး သ႐ုပ္ျပသခဲ့စဥ္ မုိင္းေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“မိုင္းရွင္းလင္းေရးသ႐ုပ္ျပေနစဥ္မွာ ေပါက္ကြဲမႈျဖစ္တယ္လို႔ပဲ သိရေသးတယ္။ အေသးစိတ္ကိုေတာ့ ကြ်န္ေတာ္လည္းမသိဘူး။ ေလာေလာဆယ္ေတာ့ အတြင္းလူနာအျဖစ္ တပ္မေတာ္က အရာခံဗိုလ္တစ္ဦးရယ္၊ ရဲတပ္ဖြဲ႔က ဒုရဲအုပ္တစ္ဦးနဲ႔ ရဲေဘာ္တစ္ဦးရယ္ ေဆးရုံတက္ေရာက္ေနပါတယ္။ က်န္လူေတြကေတာ့ ပြန္းပဲ့ဒဏ္ရာရတာမ်ဳိးပဲျဖစ္လို႔ ေဆးရုံမတက္ေရာက္ဘူးလို႔ ၾကားသိရတယ္” ဟု ခ်မ္းေအးသာစံၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ယင္းေပါက္ကြဲမႈေၾကာင့္ ၁၁ ဦးဒဏ္ရာရရွိခဲ့ၿပီး တပ္မေတာ္မွ အရာခံဗိုလ္တစ္ဦး၊ ရဲတပ္ဖြဲ႔မွ ဒုရဲအုပ္တစ္ဦးႏွင့္ ရဲေဘာ္တစ္ဦး စုစုေပါင္း ၃ ဦးကို အတြင္းလူနာအျဖစ္ မႏၱေလးျပည္သူ႔ေဆးရုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဥပေဒအရ အမႈဖြင့္အေရးယူျခင္းမ်ဳိးရွိ/မရွိကို သက္ဆိုင္ရာရဲတပ္ဖြဲ႔အေနျဖင့္ မသိရွိရေသးေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version


မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် ယနေ့(မေလ ၂၁ ရက်)၊ နံနက်ပိုင်းက မိုင်းရှင်းလင်းရေး သရုပ်ပြသစဉ် မိုင်းပေါက်ကွဲပြီး တပ်မတော်မှ အရာခံဗိုလ်တစ်ဦးအပါအဝင် ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၀×၃၁ လမ်းကြား၊ ၆၆×၆၇ လမ်းကြားရှိ တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံး၌ ဖွင့်လှစ်သင်ကြားနေရှိသည့် မိုင်းရှာဖွေရှင်းလင်းခြင်းသင်တန်းတွင် မေလ ၂၁ ရက်၊ နံနက်ပိုင်းက မိုင်းရှင်းလင်းရေး သရုပ်ပြသခဲ့စဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မိုင်းရှင်းလင်းရေးသရုပ်ပြနေစဉ်မှာ ပေါက်ကွဲမှုဖြစ်တယ်လို့ပဲ သိရသေးတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်လည်းမသိဘူး။ လောလောဆယ်တော့ အတွင်းလူနာအဖြစ် တပ်မတော်က အရာခံဗိုလ်တစ်ဦးရယ်၊ ရဲတပ်ဖွဲ့က ဒုရဲအုပ်တစ်ဦးနဲ့ ရဲဘော်တစ်ဦးရယ် ဆေးရုံတက်ရောက်နေပါတယ်။ ကျန်လူတွေကတော့ ပွန်းပဲ့ဒဏ်ရာရတာမျိုးပဲဖြစ်လို့ ဆေးရုံမတက်ရောက်ဘူးလို့ ကြားသိရတယ်” ဟု ချမ်းအေးသာစံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ယင်းပေါက်ကွဲမှုကြောင့် ၁၁ ဦးဒဏ်ရာရရှိခဲ့ပြီး တပ်မတော်မှ အရာခံဗိုလ်တစ်ဦး၊ ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးနှင့် ရဲဘော်တစ်ဦး စုစုပေါင်း ၃ ဦးကို အတွင်းလူနာအဖြစ် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေအရ အမှုဖွင့်အရေးယူခြင်းမျိုးရှိ/မရှိကို သက်ဆိုင်ရာရဲတပ်ဖွဲ့အနေဖြင့် မသိရှိရသေးကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။