Skip to main content
အေမရိကန္အစုိးရက ဟြာေ၀းအေပၚ ကန္ ့သတ္ပိတ္ပင္ခ်က္အခ်ဳိ ့ကုိ ရက္ ၉၀ ဆုိင္းေပး
Ads Block

အေမရိကန္အစုိးရက ဟြာေ၀းအေပၚ ကန္ ့သတ္ပိတ္ပင္ခ်က္အခ်ဳိ ့ကုိ ရက္ ၉၀ ဆုိင္းေပး

အေမရိကန္အစုိးရက တရုတ္ ကုမၸဏီ ဟြာေ၀းအေပၚ ခ်မွတ္ခဲ့တဲ့ ကန္ ့သတ္ပိတ္ပင္မႈအခ်ဳိ ့ကုိ တနလၤာေန ့မွာ ေျဖေလွ်ာ့ေပးခဲ့ေၾကာင္း သိရပါတယ္။ တယ္လီဖုန္းဆက္သြယ္ေရး ကုမၸဏီအေပၚ ပိတ္ဆုိ ့ဒဏ္ခတ္မႈဟာ ဘယ္ေလာက္ သက္ေရာက္မႈႀကီးမားတယ္ဆုိတာနဲ ့ မေမွ်ာ္လင့္တဲ့ ေနာက္ဆက္တြဲ ဆုိးက်ဳိးေတြ ျဖစ္လာမႈကုိ ျပသတဲ့ လကၡဏာတစ္ခုျဖစ္ပါတယ္။

အေမရိကန္အစုိးရက ဟြာေ၀းအေပၚ ကန္ ့သတ္ပိတ္ပင္ခ်က္အခ်ဳိ ့ကုိ ရက္ ၉၀ ဆုိင္းေပး

လက္ရွိ ကြန္ရက္ဆက္သြယ္မႈေတြကုိ ထိန္းထားႏုိင္ဖုိ ့နဲ ့ လက္ရွိ ဟြာေ၀း ဟန္းဆက္ေတြကုိ software update ေတြ လုပ္ေပးႏုိင္ဖုိ ့အတြက္ အေမရိကန္ကုန္သြယ္ေရးဌာနက ဟြာေ၀း နည္းပညာကုမၸဏီကုိ အေမရိကန္လုပ္ ထုတ္ကုန္ပစၥည္းေတြ ၀ယ္ခြင့္ျပဳမွာျဖစ္ေၾကာင္း ဆုိပါတယ္။ ဒါေပမဲ့ ကုမၸဏီအေနနဲ ့လုိင္စင္ အတည္ျပဳခ်က္မရွိဘဲ ကုန္ပစၥည္းသစ္ေတြ ထုတ္လုပ္ဖုိ ့အတြက္ အေမရိကန္လုပ္ ပစၥည္းအစိတ္အပုိင္းေတြ၊ ဆက္စပ္ပစၥည္းေတြ ၀ယ္ယူမႈကုိေတာ့ တားျမစ္ထားဆဲျဖစ္ပါတယ္။ ယခု ေျဖေလွ်ာ့မႈဟာ ရက္ ၉၀ ၾကာ အႀကဳံး၀င္မွာျဖစ္ၿပီး ဟြာေ၀းရဲ ့ supply chain မွတဆင့္ သက္ေရာက္မႈႀကီးမားၿပီး၊ မေမွ်ာ္လင့္တဲ့ အက်ဳိးဆက္ေတြ ခ်က္ခ်င္းေပၚေပါက္လာႏုိင္တဲ့ အေနအထားမွာ အခုလုိ အေျပာင္းအလဲလုပ္ေပးလာတာလုိ ့ ယူဆရပါတယ္။ ဒါဟာ ဟြာေ၀း equipment နဲ ့စနစ္ေတြ သုံးစြဲေနတဲ့ third party ေတြအေပၚ မေမွ်ာ္လင့္တဲ့ သက္ေရာက္မႈေတြျဖစ္မွာကုိ ဟန္ ့တားဖုိ ့ ရည္ရြယ္ပုံရေၾကာင္းလည္း အေမရိကန္ကုန္သြယ္ေရးဌာန အရာရွိေဟာင္းျဖစ္တဲ့ ၀ါရွင္တန္ေရွ ့ေန ကီဗင္၀ုလ္က ေျပာဆုိပါတယ္။ “ ဒါက နက္၀ါ့ခ္ေတြ blackout ျဖစ္သြားမွာကုိ သူတုိ ့ေတြ ကာကြယ္ဖုိ ့လုပ္တာလုိ ့ ရႈျမင္ရပါတယ္” လုိ ့ ၄င္းက ဆုိပါတယ္။ ယခု ေျဖေလွ်ာ့မႈနဲ ့ပတ္သက္ၿပီး ဟြာေ၀းဘက္က လတ္တေလာမွာ တုန္ ့ျပန္မွတ္ခ်က္ေပးျခင္း မရွိေသးပါဘူး။ ၾကာသာပေတးေန ့က အေမရိကန္ ကုန္သြယ္ေရးဌာနဟာ ဟြာေ၀းကုမၸဏီကုိ ပုိ ့ကုန္အမည္ပ်က္စာရင္း သြင္းခဲ့တာေၾကာင့္ တရုတ္ကုမၸဏီဟာ အေမရိကန္လုပ္ ထုတ္ကုန္ပစၥည္းေတြကုိ ၀ယ္ယူဖုိ ့ မျဖစ္ႏုိင္သေလာက္နီးပါး ျဖစ္ခဲ့ရပါတယ္။ ဟြာေ၀းဟာ ယခုအခါ ယင္း အမည္ပ်က္စာရင္းမွာ ပါ၀င္ခဲ့ၿပီျဖစ္တာေၾကာင့္ လုိင္စင္မရွိဘဲ အေမရိကန္ကုမၸဏီေတြနဲ ့ စီးပြားေရးလုပ္ကုိင္ေဆာင္ရြက္ခြင့္ တားျမစ္ခံခဲ့ရကာ လုိင္စင္ ရဖုိ ့ကိစၥကလည္း အလြန္ ့အလြန္ ခက္ခဲသြားေတာ့မွာ ျဖစ္ပါတယ္။

-ကုိလင္း(အကုန္သိ သတင္းဌာန) |  Ref : CNA

Unicode Version

 

အမေရိကန်အစိုးရက တရုတ် ကုမ္ပဏီ ဟွာဝေးအပေါ် ချမှတ်ခဲ့တဲ့ ကန့်သတ်ပိတ်ပင်မှုအချို့ကို တနင်္လာနေ့မှာ ဖြေလျှော့ပေးခဲ့ကြောင်း သိရပါတယ်။ တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုဟာ ဘယ်လောက် သက်ရောက်မှုကြီးမားတယ်ဆိုတာနဲ့ မမျှော်လင့်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာမှုကို ပြသတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။
လက်ရှိ ကွန်ရက်ဆက်သွယ်မှုတွေကို ထိန်းထားနိုင်ဖို့နဲ့ လက်ရှိ ဟွာဝေး ဟန်းဆက်တွေကို software update တွေ လုပ်ပေးနိုင်ဖို့အတွက် အမေရိကန်ကုန်သွယ်ရေးဌာနက ဟွာဝေး နည်းပညာကုမ္ပဏီကို အမေရိကန်လုပ် ထုတ်ကုန်ပစ္စည်းတွေ ဝယ်ခွင့်ပြုမှာဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ကုမ္ပဏီအနေနဲ့လိုင်စင် အတည်ပြုချက်မရှိဘဲ ကုန်ပစ္စည်းသစ်တွေ ထုတ်လုပ်ဖို့အတွက် အမေရိကန်လုပ် ပစ္စည်းအစိတ်အပိုင်းတွေ၊ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူမှုကိုတော့ တားမြစ်ထားဆဲဖြစ်ပါတယ်။
ယခု ဖြေလျှော့မှုဟာ ရက် ၉၀ ကြာ အကြုံးဝင်မှာဖြစ်ပြီး ဟွာဝေးရဲ့ supply chain မှတဆင့် သက်ရောက်မှုကြီးမားပြီး၊ မမျှော်လင့်တဲ့ အကျိုးဆက်တွေ ချက်ချင်းပေါ်ပေါက်လာနိုင်တဲ့ အနေအထားမှာ အခုလို အပြောင်းအလဲလုပ်ပေးလာတာလို့ ယူဆရပါတယ်။ ဒါဟာ ဟွာဝေး equipment နဲ့စနစ်တွေ သုံးစွဲနေတဲ့  third party တွေအပေါ် မမျှော်လင့်တဲ့ သက်ရောက်မှုတွေဖြစ်မှာကို ဟန့်တားဖို့ ရည်ရွယ်ပုံရကြောင်းလည်း အမေရိကန်ကုန်သွယ်ရေးဌာန အရာရှိဟောင်းဖြစ်တဲ့ ဝါရှင်တန်ရှေ့နေ ကီဗင်ဝုလ်က ပြောဆိုပါတယ်။ “ ဒါက နက်ဝါ့ခ်တွေ blackout ဖြစ်သွားမှာကို သူတို့တွေ ကာကွယ်ဖို့လုပ်တာလို့ ရှုမြင်ရပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ယခု ဖြေလျှော့မှုနဲ့ပတ်သက်ပြီး ဟွာဝေးဘက်က လတ်တလောမှာ တုန့်ပြန်မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။
ကြာသာပတေးနေ့က အမေရိကန် ကုန်သွယ်ရေးဌာနဟာ ဟွာဝေးကုမ္ပဏီကို ပို့ကုန်အမည်ပျက်စာရင်း သွင်းခဲ့တာကြောင့် တရုတ်ကုမ္ပဏီဟာ အမေရိကန်လုပ် ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူဖို့ မဖြစ်နိုင်သလောက်နီးပါး ဖြစ်ခဲ့ရပါတယ်။ ဟွာဝေးဟာ ယခုအခါ ယင်း အမည်ပျက်စာရင်းမှာ ပါဝင်ခဲ့ပြီဖြစ်တာကြောင့် လိုင်စင်မရှိဘဲ အမေရိကန်ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ခွင့် တားမြစ်ခံခဲ့ရကာ လိုင်စင် ရဖို့ကိစ္စကလည်း အလွန့်အလွန် ခက်ခဲသွားတော့မှာ ဖြစ်ပါတယ်။


-ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။