Skip to main content
အစၥဏီႏွင့္ အမႈကို ရံုးေျပာင္းေလွ်ာက္ရန္ ျပည္ေထာင္စု တရားလႊတ္ေတာ္အထိတက္မည္ဟု ေမာ္ဒယ္စူးရွထက္ေျပာ
Ads Block

အစၥဏီႏွင့္ အမႈကို ရံုးေျပာင္းေလွ်ာက္ရန္ ျပည္ေထာင္စု တရားလႊတ္ေတာ္အထိတက္မည္ဟု ေမာ္ဒယ္စူးရွထက္ေျပာ

အဆိုေတာ္ အစၥဏီတို႔ဘက္မွ တာေမြတရားရံုးကို ပိုင္သည္ဟု ေျပာဆိုမႈမ်ားေၾကာင့္ တရားရုံးေျပာင္းေလွ်ာက္ရန္ ျပည္ေထာင္စု တရားလႊတ္ေတာ္အထိ ေလွ်ာက္ထားသြားမည္ျဖစ္ေၾကာင္း တရားလို ေမာ္ဒယ္စူးရွထက္က ေျပာသည္။ ေမလ ၂၀ ရက္ေန႔ တာေမြၿမိဳ႕နယ္ တရားရုံးသို႔ ရုံးထုတ္လာစဥ္ မီဒီယာမ်ားကို အထက္ပါအတိုင္း ေျပာၾကားလိုက္ျခင္း ျဖစ္သည္။ “သူ ေယာက်္ားဆိုရင္ ကိုယ္လုပ္ခဲ့တာကို တာ၀န္ယူပါ၊ သူေျပာေနတဲ့ပံုက တရားရုံကို ေစာ္ကားေနတာပါ၊ ဒီတာေမြတရားရုံးကို ေစာ္ကားေနတာပါ၊ အဲဒါေၾကာင့္လည္း ရုံးေျပာင္းစစ္ဖို႔ ကိစၥကို ေနျပည္ေတာ္မွာရွိတဲ့ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္အထိ ေလွ်ာက္ဖို႔လည္း အစီစဥ္ရွိပါတယ္၊ အမႈကိုေတာ့ လံုး၀မေက်ေအးေပးႏုိင္ပါဘူး။ အဆံုးထိ လိုက္မွာပါ”ဟု ေမာ္ဒယ္စူးရွထက္က ေျပာသည္။ အဆိုေတာ္ အစၥဏီ၏ အမႈကို တိုင္းေဒသႀကီး တရားလႊတ္ေတာ္မွ အမႈတြဲျပန္က်လာသည့္အတြက္ ျပန္လည္စစ္ေဆးေနျခင္း ျဖစ္ ၿပီး ယခုရုံးခ်ိန္းမွာ ဒုတိယ အႀကိမ္ေျမာက္ ျပန္လည္စစ္ေဆးျခင္းလည္း ျဖစ္သည္။ အစၥဏီသည္ တရားလို ေမာ္ဒယ္စူးရွထက္ကုိ နာက်င္ေအာင္ျပဳလုပ္သည့္အျပင္ အဓမၼ ႏွစ္ႀကိမ္ ျပဳက်င့္ေၾကာင္း၊ အိမ္သာသြား မည္ဟု အေၾကာင္းျပကာ အိမ္သာတံခါးပိတ္၍ သူငယ္ခ်င္းထံဖုန္းဆက္ အကူအညီေတာင္းရာမွ လြတ္ ေျမာက္ခဲ့ေၾကာင္း ရဲတပ္ ဖြဲ႔ထုတ္ ျပန္ခ်က္တြင္ ပါရွိသည္။ မုဒိန္းမႈ အပါအ၀င္ ပုဒ္မ (၃)ခုျဖင့္ တရားရင္ဆိုင္ေနရေသာ အဆိုေတာ္ အစၥဏီ၏ အမႈမွာ တစ္ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ၿပီး တရားလိုဘက္ကို စစ္ေဆးဆဲလည္း ျဖစ္သည္။

- ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

Unicode Version

 

အဆိုတော် အစ္စဏီတို့ဘက်မှ တာမွေတရားရုံးကို ပိုင်သည်ဟု ပြောဆိုမှုများကြောင့် တရားရုံးပြောင်းလျှောက်ရန် ပြည်ထောင်စု တရားလွှတ်တော်အထိ လျှောက်ထားသွားမည်ဖြစ်ကြောင်း တရားလို မော်ဒယ်စူးရှထက်က ပြောသည်။
မေလ ၂၀ ရက်နေ့ တာမွေမြို့နယ် တရားရုံးသို့ ရုံးထုတ်လာစဉ် မီဒီယာများကို အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“သူ ယောကျ်ားဆိုရင် ကိုယ်လုပ်ခဲ့တာကို တာဝန်ယူပါ၊ သူပြောနေတဲ့ပုံက တရားရုံကို စော်ကားနေတာပါ၊ ဒီတာမွေတရားရုံးကို စော်ကားနေတာပါ၊ အဲဒါကြောင့်လည်း ရုံးပြောင်းစစ်ဖို့ ကိစ္စကို နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ လျှောက်ဖို့လည်း အစီစဉ်ရှိပါတယ်၊ အမှုကိုတော့ လုံးဝမကျေအေးပေးနိုင်ပါဘူး။ အဆုံးထိ လိုက်မှာပါ”ဟု မော်ဒယ်စူးရှထက်က ပြောသည်။
အဆိုတော် အစ္စဏီ၏ အမှုကို တိုင်းဒေသကြီး တရားလွှတ်တော်မှ အမှုတွဲပြန်ကျလာသည့်အတွက် ပြန်လည်စစ်ဆေးနေခြင်း ဖြစ် ပြီး ယခုရုံးချိန်းမှာ ဒုတိယ အကြိမ်မြောက် ပြန်လည်စစ်ဆေးခြင်းလည်း ဖြစ်သည်။
အစ္စဏီသည် တရားလို မော်ဒယ်စူးရှထက်ကို နာကျင်အောင်ပြုလုပ်သည့်အပြင် အဓမ္မ နှစ်ကြိမ် ပြုကျင့်ကြောင်း၊ အိမ်သာသွား မည်ဟု အကြောင်းပြကာ အိမ်သာတံခါးပိတ်၍ သူငယ်ချင်းထံဖုန်းဆက် အကူအညီတောင်းရာမှ လွတ် မြောက်ခဲ့ကြောင်း ရဲတပ် ဖွဲ့ထုတ် ပြန်ချက်တွင် ပါရှိသည်။
မုဒိန်းမှု အပါအဝင် ပုဒ်မ (၃)ခုဖြင့် တရားရင်ဆိုင်နေရသော အဆိုတော် အစ္စဏီ၏ အမှုမှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး တရားလိုဘက်ကို စစ်ဆေးဆဲလည်း ဖြစ်သည်။

- ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။