Skip to main content
ကားျဖင့္ တိုက္မိၿပီး အေလာင္းအားစြန္႔ပစ္ထားမႈ ကညြတ္ကြင္းၿမိဳ႕တြင္ ျဖစ္ပြား
Ads Block

ကားျဖင့္ တိုက္မိၿပီး အေလာင္းအားစြန္႔ပစ္ထားမႈ ကညြတ္ကြင္းၿမိဳ႕တြင္ ျဖစ္ပြား

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူခ႐ိုင္ ျဖဴးၿမိဳ႕နယ္ ကၫြတ္ကြင္းနယ္ေျမ ရဲစခန္းအပိုင္တြင္ ကားျဖင့္တိုက္မိရာမွ ေသဆုံးသြားေသာ အဖိုးအိုတစ္ဦး၏ အေလာင္းကို လာေရာက္စြန္႔ပစ္ထားမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေမလ ၂၀ ရက္ ညေန ၆ နာရီအခ်ိန္ခန္႔က ကၫြတ္ကြင္း နယ္ေျမရဲစခန္းအပိုင္ ကြင္းေနာက္ရပ္ကြက္ ရန္ကုန္ - မႏၱေလး ကား လမ္းေဟာင္းေဘးရိွ ဇရပ္ေပၚတြင္ လူတစ္ဦးေသဆုံးေနေၾကာင္း သတင္းအရ တာဝန္ရိွသူမ်ားမွ သက္ေသေမ်ားႏွင့္အတူ သြား ေရာက္စစ္ေဆးခဲ့ရာ ေသဆုံးသူမွာ အသက္(၇၀)ခန္႔ရိွ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ၎၏ ခႏၶာကိုယ္ တြင္ နဖူး(၁)လက္မခန္႔ စုတ္ၿပဲ ဒဏ္ရာ၊ ယာပါး၊ မ်က္ခုံး၊ ဝဲပါးညိဳမဲ၊ ဝဲနား၊ ဦးေခါင္းေနာက္ေစ့တို႔တြင္ ျပင္ထန္းဒဏ္ရာမ်ား ရရိွကာ ေသဆုံးေနျခင္း ျဖစ္သည့္အ တြက္ စက္တပ္ယာဥ္တစ္စီးမွ ဝင္ေရာက္တိုက္မိရာမွ ရရိွေသာ ဒဏ္ရာမ်ားျဖင့္ ေသဆုံးရျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပ ထားသည္။
“ ၾကားတာကေတာ့ ဒီေသဆုံးသူကို ကားတစ္စီးက ေညာင္ပင္သာဘက္မွာ တိုက္မိၿပီး ေဆး႐ုံတင္ေပးမယ္ဆိုၿပီး ကားအေပၚ တင္လာတယ္လို႔ ေျပာတယ္ၿပီးမွ ဒီကၫြတ္ကြင္း ဘက္ေရာက္ေတာ့ ခုလိုဇရပ္ေပၚ ပစ္ခ်ထားခဲ့မွာေပါ့။ ရဲအဖြဲ႔ကေတာ့ ကြင္း ဆက္ေတြ လိုက္ေနတယ္။ ကားနဲ႔တိုက္ၿပီး အေျခေနမေကာင္းေတာ့ ဇရပ္မွာ ပစ္ထားခဲ့တဲ့ သေဘာပါ။ ေသဆုံးသူကလည္း ဘယ္ကမွန္းလဲ မသိေသးပါဘူး" ဟု အခင္းျဖစ္ေနရာအနီးရိွ ေဒသခံတစ္ဦးမွ ေျပာသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ကၫြတ္ကြင္းနယ္ေျမရဲစခန္းမွ ယာဥ္(ပ)၆/၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-က/၂၀၂ အရအမႈဖြင့္၍ လိုက္လံစုံစမ္းစစ္ေဆးလ်ွက္ရိွေၾကာင္း သိရသည္။

- ၿဖိဳးကိုလင္း - ေညာင္၀ိုင္း(အကုန္သိသတင္းဌာန)

Unicode Version

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ကညွတ်ကွင်းနယ်မြေ ရဲစခန်းအပိုင်တွင် ကားဖြင့်တိုက်မိရာမှ သေဆုံးသွားသော အဖိုးအိုတစ်ဦး၏ အလောင်းကို လာရောက်စွန့်ပစ်ထားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေလ ၂၀ ရက် ညနေ ၆ နာရီအချိန်ခန့်က ကညွတ်ကွင်း နယ်မြေရဲစခန်းအပိုင် ကွင်းနောက်ရပ်ကွက် ရန်ကုန် - မန္တလေး ကား လမ်းဟောင်းဘေးရှိ ဇရပ်ပေါ်တွင် လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ တာဝန်ရှိသူများမှ သက်သေမျေားနှင့်အတူ သွား ရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက်(၇၀)ခန့်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ် တွင် နဖူး(၁)လက်မခန့် စုတ်ပြဲ ဒဏ်ရာ၊ ယာပါး၊ မျက်ခုံး၊ ဝဲပါးညိုမဲ၊ ဝဲနား၊ ဦးခေါင်းနောက်စေ့တို့တွင် ပြင်ထန်းဒဏ်ရာများ ရရှိကာ သေဆုံးနေခြင်း ဖြစ်သည့်အ တွက် စက်တပ်ယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိရာမှ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။
“ ကြားတာကတော့ ဒီသေဆုံးသူကို ကားတစ်စီးက ညောင်ပင်သာဘက်မှာ တိုက်မိပြီး ဆေးရုံတင်ပေးမယ်ဆိုပြီး ကားအပေါ် တင်လာတယ်လို့ ပြောတယ်ပြီးမှ ဒီကညွတ်ကွင်း ဘက်ရောက်တော့ ခုလိုဇရပ်ပေါ် ပစ်ချထားခဲ့မှာပေါ့။ ရဲအဖွဲ့ကတော့ ကွင်း ဆက်တွေ လိုက်နေတယ်။ ကားနဲ့တိုက်ပြီး အခြေနေမကောင်းတော့ ဇရပ်မှာ ပစ်ထားခဲ့တဲ့ သဘောပါ။ သေဆုံးသူကလည်း ဘယ်ကမှန်းလဲ မသိသေးပါဘူး" ဟု အခင်းဖြစ်နေရာအနီးရှိ ဒေသခံတစ်ဦးမှ ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကညွတ်ကွင်းနယ်မြေရဲစခန်းမှ ယာဉ်(ပ)၆/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၀၂ အရအမှုဖွင့်၍ လိုက်လံစုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

- ဖြိုးကိုလင်း - ညောင်ဝိုင်း(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။