Skip to main content
ျပင္သစ္ မူးယစ္ေမွာင္ခုိသမားကုိ အင္ဒုိနီးရွား တရားရုံးက ေသဒဏ္ခ် 
Ads Block

ျပင္သစ္ မူးယစ္ေမွာင္ခုိသမားကုိ အင္ဒုိနီးရွား တရားရုံးက ေသဒဏ္ခ် 

မူးယစ္ေဆး၀ါးေမွာင္ခုိကူးမႈနဲ ့ ျပင္သစ္ႏုိင္ငံသား ဖဲလစ္ ေဒၚဖင္ဆုိသူကုိ အင္ဒုိနီးရွား တရားရံုး တစ္ရုံးက တနလၤာေန ့(ေမ ၂၀) မွာ ေသဒဏ္ခ်လုိက္ေၾကာင္း သိရကာ ေထာင္ဒဏ္ ႏွစ္ ၂၀ သာ ခ်မွတ္သင့္ပါေၾကာင္း ေလွ်ာက္လဲခဲ့တဲ့ ေရွ ့ေနေတြအတြက္ ယခုစီရင္ခ်က္က တုန္လႈပ္စရာ ျဖစ္ခဲ့ပါတယ္။ 
အမ္ဖီတမင္းေဆး၀ါးေတြအပါအ၀င္ စိတ္ၾကြရူးသြပ္ေဆး ၃ ကီလုိဂရမ္ ပါ၀င္တဲ့ လက္ဆြဲအိတ္တစ္လုံး သယ္ေဆာင္လာတဲ့ ေဒၚဖင္ကုိ လမ္ေဘာ့ခ္ အပန္းေျဖကၽြန္း ေလဆိပ္မွာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလက ဖမ္းမိခဲ့တာျဖစ္ပါတယ္။ ဘာလီကၽြန္းအနီးမွာ တည္ရွိတဲ့ လမ္ေဘာ့ကၽြန္းမွာ မူးယစ္ေဆး၀ါး ျပစ္မႈေတြနဲ ့ ႏုိင္ငံျခားသားေတြ မၾကာခဏဆုိသလုိ အဖမ္းခံေနခဲ့ရတာပါ။ 
အင္ဒုိနီးရွားႏုိင္ငံဟာ မူးယစ္ေဆး၀ါး ေမွာင္ခုိကုန္ကူးသူေတြကုိ  လက္မရြံ ့တပ္ဖြဲ ့နဲ ့ ပစ္သတ္ျခင္း အပါအ၀င္ ကမာၻ ့အတင္းၾကပ္ဆုံး မူးယစ္ဥပေဒပုဒ္မေတြ ျပဌာန္းက်င့္သုံးတဲ့ႏုိင္ငံျဖစ္ကာ ယခင္ကာလေတြက ႏုိင္ငံျခားသားေတြကုိ ယင္းျပစ္မႈေတြနဲ ့ ကြပ္မ်က္ထားခဲ့ဖူးပါတယ္။ ျပစ္မႈေတြအတြက္ ေသဒဏ္မေပးဖုိ ့ ေရွ ့ေနေတြက ေလွ်ာက္လဲခဲ့ၾကေပမယ့္ အင္ဒုိနီးရွားတရားရုံးေတြဟာ သူတုိ ့ေတာင္းဆုိတာထက္ သာလြန္တဲ့ ျပစ္ဒဏ္ခ်လိမ့္မယ္ဆုိတာ သိထားၿပီးသလုိ ျဖစ္ေနခဲ့ပါတယ္။ 
မူးယစ္ေဆး၀ါးေတြ တင္သြင္းခဲ့မႈနဲ ့ အျပစ္ရွိေၾကာင္း ေတြ ့ရွိရတာေၾကာင့္ ေသဒဏ္က်ခံေစဖုိ ့ အမိန္ ့ခ်လုိက္ေၾကာင္း တရားသူႀကီး အစၥႏူရယ္ ဆယမ္ဆူလ္ အရစ္ဖ္က စီရင္ခ်က္ကုိ ဖတ္ၾကားခဲ့ပါတယ္။ ေဒၚဖင္ဟာ မူးယစ္ေဆး၀ါးဂုိဏ္းတစ္ခုမွာ ပါ၀င္ပတ္သက္ေနသလုိ မူးယစ္ေဆးပမာဏမ်ားစြာ လက္၀ယ္ ေတြ ့ရွိမႈက ျပစ္ဒဏ္ႀကီးမားေစတဲ့ အခ်က္ေတြျဖစ္ေၾကာင္း တရားသူႀကီးက ေထာက္ျပေျပာဆုိခဲ့ပါတယ္။ တရားခံရဲ႕လုပ္ရပ္မ်ဳိးေတြဟာ မ်ဳိးဆက္သစ္လူငယ္ေတြအေပၚ ထိခုိက္ပ်က္စီးမႈျဖစ္ေစႏုိင္ေၾကာင္းလည္း တရားသူႀကီးက ဆုိခဲ့ပါတယ္။ 
ယခု ေသဒဏ္က်ခဲ့တဲ့ ျပင္သစ္ႏုိင္ငံသားဟာ ၿပီးခဲ့တဲ့ ဇန္န၀ါရီလက ရဲတပ္ဖြဲ ့ ထိန္းသိမ္းေရးစခန္းကေန လြတ္ေျမာက္သြားခဲ့ဖူးၿပီး သီတင္းႏွစ္ပတ္နီးပါးၾကာ ထြက္ေျပးလြတ္ေျမာက္ေနခဲ့ၿပီးေနာက္ ျပန္လည္ ဖမ္းမိ ခဲ့တာျဖစ္ပါတယ္။ ၄င္း လြတ္ေျမာက္ေရးအတြက္ ေငြေၾကးလက္ခံကာ ကူညီေပးခဲ့တဲ့ ရဲေမတစ္ဦးလည္း ဖမ္းဆီးခံခဲ့ရပါတယ္။ 
ဒါေပမဲ့လည္း တနလၤာေန ့က စီရင္ခ်က္ ေမွ်ာ္မွန္းတာထက္ ျပင္းထန္သြားခဲ့တာဟာ အခ်ဳပ္ေဖာက္ ထြက္ေျပးမႈ ျပစ္ခ်က္ကုိပါ ထည့္သြင္း စဥ္းစားခဲ့သလားဆုိတာေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။ 
- ကုိလင္း(အကုန္သိ သတင္းဌာန) | Ref : CNA

Unicode version

ပြင်သစ် မူးယစ်မှောင်ခိုသမားကို အင်ဒိုနီးရှား တရားရုံးက သေဒဏ်ချ 

မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ ပြင်သစ်နိုင်ငံသား ဖဲလစ် ဒေါ်ဖင်ဆိုသူကို အင်ဒိုနီးရှား တရားရုံး တစ်ရုံးက တနင်္လာနေ့(မေ ၂၀) မှာ သေဒဏ်ချလိုက်ကြောင်း သိရကာ ထောင်ဒဏ် နှစ် ၂၀ သာ ချမှတ်သင့်ပါကြောင်း လျှောက်လဲခဲ့တဲ့ ရှေ့နေတွေအတွက် ယခုစီရင်ချက်က တုန်လှုပ်စရာ ဖြစ်ခဲ့ပါတယ်။ 
အမ်ဖီတမင်းဆေးဝါးတွေအပါအဝင် စိတ်ကြွရူးသွပ်ဆေး ၃ ကီလိုဂရမ် ပါဝင်တဲ့ လက်ဆွဲအိတ်တစ်လုံး သယ်ဆောင်လာတဲ့ ဒေါ်ဖင်ကို လမ်ဘော့ခ် အပန်းဖြေကျွန်း လေဆိပ်မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဘာလီကျွန်းအနီးမှာ တည်ရှိတဲ့ လမ်ဘော့ကျွန်းမှာ မူးယစ်ဆေးဝါး ပြစ်မှုတွေနဲ့ နိုင်ငံခြားသားတွေ မကြာခဏဆိုသလို အဖမ်းခံနေခဲ့ရတာပါ။ 
အင်ဒိုနီးရှားနိုင်ငံဟာ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးသူတွေကို  လက်မရွံ့တပ်ဖွဲ့နဲ့ ပစ်သတ်ခြင်း အပါအဝင် ကမ္ဘာ့အတင်းကြပ်ဆုံး မူးယစ်ဥပဒေပုဒ်မတွေ ပြဌာန်းကျင့်သုံးတဲ့နိုင်ငံဖြစ်ကာ ယခင်ကာလတွေက နိုင်ငံခြားသားတွေကို ယင်းပြစ်မှုတွေနဲ့ ကွပ်မျက်ထားခဲ့ဖူးပါတယ်။ ပြစ်မှုတွေအတွက် သေဒဏ်မပေးဖို့ ရှေ့နေတွေက လျှောက်လဲခဲ့ကြပေမယ့် အင်ဒိုနီးရှားတရားရုံးတွေဟာ သူတို့တောင်းဆိုတာထက် သာလွန်တဲ့ ပြစ်ဒဏ်ချလိမ့်မယ်ဆိုတာ သိထားပြီးသလို ဖြစ်နေခဲ့ပါတယ်။ 
မူးယစ်ဆေးဝါးတွေ တင်သွင်းခဲ့မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိရတာကြောင့် သေဒဏ်ကျခံစေဖို့ အမိန့်ချလိုက်ကြောင်း တရားသူကြီး အစ္စနူရယ် ဆယမ်ဆူလ် အရစ်ဖ်က စီရင်ချက်ကို ဖတ်ကြားခဲ့ပါတယ်။ ဒေါ်ဖင်ဟာ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှာ ပါဝင်ပတ်သက်နေသလို မူးယစ်ဆေးပမာဏများစွာ လက်ဝယ် တွေ့ရှိမှုက ပြစ်ဒဏ်ကြီးမားစေတဲ့ အချက်တွေဖြစ်ကြောင်း တရားသူကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။ တရားခံရဲ့လုပ်ရပ်မျိုးတွေဟာ မျိုးဆက်သစ်လူငယ်တွေအပေါ် ထိခိုက်ပျက်စီးမှုဖြစ်စေနိုင်ကြောင်းလည်း တရားသူကြီးက ဆိုခဲ့ပါတယ်။ 
ယခု သေဒဏ်ကျခဲ့တဲ့ ပြင်သစ်နိုင်ငံသားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရဲတပ်ဖွဲ့ ထိန်းသိမ်းရေးစခန်းကနေ လွတ်မြောက်သွားခဲ့ဖူးပြီး သီတင်းနှစ်ပတ်နီးပါးကြာ ထွက်ပြေးလွတ်မြောက်နေခဲ့ပြီးနောက် ပြန်လည် ဖမ်းမိ ခဲ့တာဖြစ်ပါတယ်။ ၎င်း လွတ်မြောက်ရေးအတွက် ငွေကြေးလက်ခံကာ ကူညီပေးခဲ့တဲ့ ရဲမေတစ်ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ 
ဒါပေမဲ့လည်း တနင်္လာနေ့က စီရင်ချက် မျှော်မှန်းတာထက် ပြင်းထန်သွားခဲ့တာဟာ အချုပ်ဖောက် ထွက်ပြေးမှု ပြစ်ချက်ကိုပါ ထည့်သွင်း စဉ်းစားခဲ့သလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ 
- ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။