Skip to main content
သတၱဳရွာေဖြစက္ျဖင့္ ၾသစေၾတးလ် ေဒၚလာ ၁၀၀,၀၀၀ တန္းဖိုးရွိ ေရႊရုိင္းတစ္တုံး ရွာေတြ ့
Ads Block

သတၱဳရွာေဖြစက္ျဖင့္ ၾသစေၾတးလ် ေဒၚလာ ၁၀၀,၀၀၀ တန္းဖိုးရွိ ေရႊရုိင္းတစ္တုံး ရွာေတြ ့

ၾသစေတးလ်အေနာက္ပိုင္း ေရႊတူးေဖာ္ေရးလုပ္ကြက္တစ္ခုမွာ ၁.၄ ကီလိုဂရမ္ရွိ ေရႊတံုးတစ္တံုးကို အမ်ဳိးသားတစ္ဦးက သတၳဳရွာေဖြေရးစက္သုံးကာ တူးေဖာ္ရရွိခဲ့ပါတယ္။ 
အမည္မသိရတဲ့ အဆိုပါအမ်ိဳးသားဟာ ေရႊရွာတဲ့ အေတြ႕အႀကံဳရင့္ၿပီး ၀ါသနာအရ လုပ္ကိုင္ေနတဲ့ ေဒသခံတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။ ေရႊရွာေဖြသူေတြအေနနဲ႔ ၄င္းေရႊတံုးမ်ိဳး တစ္ႏွစ္မွာအေရအတြက္ အနည္းငယ္ေလာက္သာ ရတတ္ေၾကာင္း ကၽြမ္းက်င္သူေတြက ဆုိထားပါတယ္။ ၾသစေတးလ်ႏုိင္ငံ ေရႊတူးေဖာ္မႈလုပ္ငန္းကေနရတဲ့ ေရႊ ေလးပံုသံုးပံုေလာက္ဟာ Kalgoorlie ေဒသမွာရွိတဲ့ ေရႊေၾကာေတြကေန ရတာျဖစ္ပါတယ္။ ၄င္းအမ်ိဳးသားဟာ ခ်ံဳပင္တစ္ခုနားက ေျမမ်က္ႏွာျပင္ေအာက္ ၁၈ ေပခန္႔ေလာက္မွာ သတၳဳ အပိုင္းအစတစ္ခုကို ေတြ႔ခဲ့ၿပီးေနာက္ ယင္း ပစၥည္းကို ၀မ္းသားအားရနဲ႔ မိမိဆီ ယူလာျပခဲ့တယ္လို႔  ေရႊတူး သူေတြအတြက္ဖြင့္ထားတဲ့ ေစ်းဆိုင္ပိုင္ရွင္ Cook ကေျပာပါတယ္။  
ယင္း သတၳဳ အပုိင္းအစဟာ ေဆးလိပ္ဘူးထက္ႀကီးၿပီး သိပ္သည္းစကလည္းမယံုၾကည္ႏိုင္ ေလာက္ေအာင္ပဲမို႔ အေတာ္အေလးခ်ိန္စီးေၾကာင္း ၄င္းက ေျပာဆုိပါတယ္။ 
ယင္းေဒသမွာ ေရႊစေရႊနေလးေတြက မၾကာခဏဆိုသလို ေတြ႔ေနက်ျဖစ္တယ္လို႕ အေနာက္ၾသစေတးလ် တကၠသိုလ္က ပါေမာကၡကေျပာပါတယ္။
- ေမ(အကုန္သိ သတင္းဌာန) | Ref : BBC 

Unicode version

သတ္တုရှာဖွေစက်ဖြင့် သြစတြေးလျ ဒေါ်လာ ၁၀၀,၀၀၀ တန်းဖိုးရှိ ရွှေရိုင်းတစ်တုံး ရှာတွေ့
------ မေ(အကုန်သိ သတင်းဌာန) ------ 
သြစတေးလျအနောက်ပိုင်း ရွှေတူးဖော်ရေးလုပ်ကွက်တစ်ခုမှာ ၁.၄ ကီလိုဂရမ်ရှိ ရွှေတုံးတစ်တုံးကို အမျိုးသားတစ်ဦးက သတ္ထုရှာဖွေရေးစက်သုံးကာ တူးဖော်ရရှိခဲ့ပါတယ်။ 
အမည်မသိရတဲ့ အဆိုပါအမျိုးသားဟာ ရွှေရှာတဲ့ အတွေ့အကြုံရင့်ပြီး ဝါသနာအရ လုပ်ကိုင်နေတဲ့ ဒေသခံတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ရွှေရှာဖွေသူတွေအနေနဲ့ ၎င်းရွှေတုံးမျိုး တစ်နှစ်မှာအရေအတွက် အနည်းငယ်လောက်သာ ရတတ်ကြောင်း ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ သြစတေးလျနိုင်ငံ ရွှေတူးဖော်မှုလုပ်ငန်းကနေရတဲ့ ရွှေ လေးပုံသုံးပုံလောက်ဟာ Kalgoorlie ဒေသမှာရှိတဲ့ ရွှေကြောတွေကနေ ရတာဖြစ်ပါတယ်။ ၎င်းအမျိုးသားဟာ ချုံပင်တစ်ခုနားက မြေမျက်နှာပြင်အောက် ၁၈ ပေခန့်လောက်မှာ သတ္ထု အပိုင်းအစတစ်ခုကို တွေ့ခဲ့ပြီးနောက် ယင်း ပစ္စည်းကို ဝမ်းသားအားရနဲ့ မိမိဆီ ယူလာပြခဲ့တယ်လို့  ရွှေတူး သူတွေအတွက်ဖွင့်ထားတဲ့ ဈေးဆိုင်ပိုင်ရှင် Cook ကပြောပါတယ်။  
ယင်း သတ္ထု အပိုင်းအစဟာ ဆေးလိပ်ဘူးထက်ကြီးပြီး သိပ်သည်းစကလည်းမယုံကြည်နိုင် လောက်အောင်ပဲမို့ အတော်အလေးချိန်စီးကြောင်း ၎င်းက ပြောဆိုပါတယ်။ 
ယင်းဒေသမှာ ရွှေစရွှေနလေးတွေက မကြာခဏဆိုသလို တွေ့နေကျဖြစ်တယ်လို့ အနောက်သြစတေးလျ တက္ကသိုလ်က ပါမောက္ခကပြောပါတယ်။
Ref : BBC 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။