Skip to main content
အာဖဂန္နစၥတန္တြင္ လႊတ္ေတာ္ဥကၠ႒သစ္ တစ္မဲအလုိျဖင့္ အေရးနိမ့္ခဲ့တာေၾကာင့္ ႏွစ္ဖက္ကုိယ္စားလွယ္မ်ား ရန္ျဖစ္ၾက
Ads Block

အာဖဂန္နစၥတန္တြင္ လႊတ္ေတာ္ဥကၠ႒သစ္ တစ္မဲအလုိျဖင့္ အေရးနိမ့္ခဲ့တာေၾကာင့္ ႏွစ္ဖက္ကုိယ္စားလွယ္မ်ား ရန္ျဖစ္ၾက

အာဖဂန္နစၥတန္တြင္ လႊတ္ေတာ္ဥကၠ႒သစ္ ေ႐ြးေကာက္တင္ေႁမွာက္ရန္ မဲခြဲဆုံးျဖတ္ခဲ့ၾကရာ ဥကၠ႒သစ္တင္လုိသူမ်ားနဲ႔ ကန္႔ကြက္သူကုိယ္စားလွယ္မ်ားအၾကား ေမလ ၁၉ ရက္ေန႔မွာ ရန္ပြဲျဖစ္ပြားခဲ့ၾကပါတယ္။
အာဖဂန္နစၥတန္ရဲ႕ ပါလီမန္ေ႐ြးေကာက္ပြဲကုိ ၂၀၁၈ ေအာက္တုိဘာမွာ က်င္းပခဲ့ေပမယ့္ နည္းပညာပုိင္းအခက္အခဲနဲ႔ မဲလိမ္မႈသံသယေတြ ျဖစ္ေပၚခဲ့တာေၾကာင့္ ရလဒ္မ်ားကုိ ၂၀၁၉ ဧၿပီလကုန္က်မွ အတည္ျပဳေၾကညာႏုိင္ခဲ့ပါတယ္။
ထုိ႔ေနာက္ ေမလ ၁၈ ရက္ေန႔မွာ လႊတ္ေတာ္ဥကၠ႒ေ႐ြးပြဲ ဆက္လက္က်င္းပခဲ့ၾကရာ မီယာရာမန္ရာမာနီအမည္ရွိ ထိပ္သီးစီးပြားေရးသမားႀကီးက ဝင္အေ႐ြးခံခဲ့ပါတယ္။ ၄င္းမွာ လႊတ္ေတာ္ကုိယ္စားလွယ္ ၂၄၇ ဦးရွိသည့္အနက္ ရာမာနီအား ေထာက္ခံမဲေပးသူ ၁၂၃ ဦး ရွိခဲ့ပါတယ္။
ေထာက္ခံမဲ တစ္ဝက္မေက်ာ္သျဖင့္ ရာမာနီ ဥကၠ႒ျဖစ္မလာေပမယ့္ ေထာက္ခံသူေတြကေတာ့ ၄င္းကုိ အတင္း တင္လုိၾကပါတယ္။ ထုိသုိ႔ျဖင့္ ေမလ ၁၉ ရက္ေန႔၌ က်င္းပခဲ့တဲ့ ပထမဆုံးအႀကိမ္ လႊတ္ေတာ္ အစည္းအေဝးတြင္ ဥကၠ႒ထုိင္ခုံေရွ႕မွာ ႏွစ္ဖက္ကုိယ္စားလွယ္ေတြ အခ်င္းမ်ားခဲ့ၾကပါတယ္။
ဗီဒီယုိမွတ္တမ္းအရဆုိလွ်င္ ကန္႔ကြက္သူကုိယ္စားလွယ္ေတြဟာ ဥကၠ႒ထုိင္ခုံကုိ ပိတ္ဆုိ႔ ကာဆီးထားၾကၿပီး ထပ္မံမဲခြဲဆုံးျဖတ္ရန္ အေရးဆုိခဲ့ပါတယ္။ ေထာက္ခံသူေတြကေတာ့ ရာမာနီဟာ တစ္ဦးခ်င္းအလုိက္မွာ ေထာက္ခံမဲအမ်ားဆုံး ရထားသူျဖစ္တာေၾကာင့္ ယခုလုိအပ္ေနတဲ့ ၁ မဲဟာ အေရးမႀကီးေၾကာင္း ေျပာခဲ့ၾကပါတယ္။

- ZHO (အကုန္သိ သတင္းဌာန) | (Ref : Reuters)

Unicode version

အာဖဂန်နစ္စတန်တွင် လွှတ်တော်ဥက္ကဋ္ဌသစ် တစ်မဲအလိုဖြင့် အရေးနိမ့်ခဲ့တာကြောင့် နှစ်ဖက်ကိုယ်စားလှယ်များ ရန်ဖြစ်ကြ

အာဖဂန်နစ္စတန်တွင် လွှတ်တော်ဥက္ကဋ္ဌသစ် ရွေးကောက်တင်မြှောက်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြရာ ဥက္ကဋ္ဌသစ်တင်လိုသူများနဲ့ ကန့်ကွက်သူကိုယ်စားလှယ်များအကြား မေလ ၁၉ ရက်နေ့မှာ ရန်ပွဲဖြစ်ပွားခဲ့ကြပါတယ်။
အာဖဂန်နစ္စတန်ရဲ့ ပါလီမန်ရွေးကောက်ပွဲကို ၂၀၁၈ အောက်တိုဘာမှာ ကျင်းပခဲ့ပေမယ့် နည်းပညာပိုင်းအခက်အခဲနဲ့ မဲလိမ်မှုသံသယတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ရလဒ်များကို ၂၀၁၉ ဧပြီလကုန်ကျမှ အတည်ပြုကြေညာနိုင်ခဲ့ပါတယ်။
ထို့နောက် မေလ ၁၈ ရက်နေ့မှာ လွှတ်တော်ဥက္ကဋ္ဌရွေးပွဲ ဆက်လက်ကျင်းပခဲ့ကြရာ မီယာရာမန်ရာမာနီအမည်ရှိ ထိပ်သီးစီးပွားရေးသမားကြီးက ဝင်အရွေးခံခဲ့ပါတယ်။ ၎င်းမှာ လွှတ်တော်ကိုယ်စားလှယ် ၂၄၇ ဦးရှိသည့်အနက် ရာမာနီအား ထောက်ခံမဲပေးသူ ၁၂၃ ဦး ရှိခဲ့ပါတယ်။
ထောက်ခံမဲ တစ်ဝက်မကျော်သဖြင့် ရာမာနီ ဥက္ကဋ္ဌဖြစ်မလာပေမယ့် ထောက်ခံသူတွေကတော့ ၎င်းကို အတင်း တင်လိုကြပါတယ်။ ထိုသို့ဖြင့် မေလ ၁၉ ရက်နေ့၌ ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် လွှတ်တော် အစည်းအဝေးတွင် ဥက္ကဋ္ဌထိုင်ခုံရှေ့မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ အချင်းများခဲ့ကြပါတယ်။
ဗီဒီယိုမှတ်တမ်းအရဆိုလျှင် ကန့်ကွက်သူကိုယ်စားလှယ်တွေဟာ ဥက္ကဋ္ဌထိုင်ခုံကို ပိတ်ဆို့ ကာဆီးထားကြပြီး ထပ်မံမဲခွဲဆုံးဖြတ်ရန် အရေးဆိုခဲ့ပါတယ်။ ထောက်ခံသူတွေကတော့ ရာမာနီဟာ တစ်ဦးချင်းအလိုက်မှာ ထောက်ခံမဲအများဆုံး ရထားသူဖြစ်တာကြောင့် ယခုလိုအပ်နေတဲ့ ၁ မဲဟာ အရေးမကြီးကြောင်း ပြောခဲ့ကြပါတယ်။

- ZHO (အကုန်သိ သတင်းဌာန) | (Ref : Reuters)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။