Skip to main content
လမ္းႀကိတ္စက္ လမ္းေဘးထိုးက်ကာ ေမာင္းႏွင္သူပိ၍ ေသဆံုး
Ads Block

လမ္းႀကိတ္စက္ လမ္းေဘးထိုးက်ကာ ေမာင္းႏွင္သူပိ၍ ေသဆံုး

ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ပိန္းဇလုပ္ၿမိဳ႕၊ ၿမိဳ႕မ(၁)ရပ္ကြက္ ပိန္းဇလုပ္တိုက္နယ္ေဆးရံုေရွ႕တြင္ ေမလ ၂၀ ရက္ မြန္းလယ္ ၁၂ နာရီခန္႔က လမ္းႀကိတ္စက္ လမ္းေဘးထိုးက်ကာ ေမာင္းႏွင္သူ ပိမိ၍ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ပိန္းဇလုပ္ၿမိဳ႕အဝင္ လမ္းအတိုင္း ေျမာက္မွ ေတာင္သို႔ ဦးၾကည္လြင္ (၅၈) ႏွစ္၊ (ဘ)ဦးသိန္းေအာင္ ၿမိဳ႕မ(၁) ပိေတာက ေရႊဝါရပ္ကြက္၊ ပိန္းဇလုပ္ၿမိဳ႕ေနသူ ေမာင္းႏွင္ေသာ ေညာင္ေလးပင္ၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႔ပိုင္ ခ်န္ဟိုင္းအမ်ိဳးအစား အ စိမ္းေရာင္ သံုးဘီးလမ္းႀကိတ္စက္ယာဥ္သည္ လုပ္ငန္းခြင္ရပ္နားရန္ ေျမာက္မွ ေတာင္သို႔ ေခါင္းျပန္လွည့္စဥ္ လြန္းထိုးေနာက္ ဆုတ္ရာမွ လမ္း၏ ယာဘက္ျခမ္းသို႔ ထိုးက်သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

လမ္းႀကိတ္စက္ လမ္းေဘးထိုးက်ကာ ေမာင္းႏွင္သူပိ၍ ေသဆံုး


ယင္းသို႔ ထိုးက်သြားရာမွ ယာဥ္ေမာင္း ဦးၾကည္လြင္မွာ လမ္းႀကိတ္စက္ ေနာက္သံဘီး ယာဘက္ျခမ္း ေအာက္တြင္ ပိမိသြားခဲ့ သ ျဖင့္ ဝဲေမးရိုးေပါက္ၿပဲ၊ ဝဲတင္ပါပြန္းပဲ့၊ ဝဲပါးေပါက္ၿပဲ၊ ယာနားထင္ဖူးေရာင္၊ ယာေပါင္ပြန္းပဲ့၊ ဝမ္းဗိုက္ ယာဘက္ပြန္းပဲ့ ဒဏ္ရာမ်ား႐ွိ ခဲ့ၿပီး အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
ပိန္းဇလုပ္နယ္ေျမရဲစခန္းမွ ေသဆံုးသူအား ရဲေဆးစာျဖင့္ ပိန္းဇလုပ္ တိုက္နယ္ေဆးရံုသို႔ ပို႔ေဆာင္ထားရွိကာ လမ္းႀကိတ္စက္ ေမာင္းႏွင္သူ ယာဥ္ေမာင္း ၾကည္လြင္အား ယာဥ္(ပ)၃/၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-က ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ ထားရွိေၾကာင္း သိရသည္။

- ကိုထိုက္ - ေညာင္ေလးပင္(အကုန္သိသတင္းဌာန)

Unicode version

လမ်းကြိတ်စက် လမ်းဘေးထိုးကျကာ မောင်းနှင်သူပိ၍ သေဆုံး
 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ မြို့မ(၁)ရပ်ကွက် ပိန်းဇလုပ်တိုက်နယ်ဆေးရုံရှေ့တွင် မေလ ၂၀ ရက် မွန်းလယ် ၁၂ နာရီခန့်က လမ်းကြိတ်စက် လမ်းဘေးထိုးကျကာ မောင်းနှင်သူ ပိမိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပိန်းဇလုပ်မြို့အဝင် လမ်းအတိုင်း မြောက်မှ တောင်သို့ ဦးကြည်လွင် (၅၈) နှစ်၊ (ဘ)ဦးသိန်းအောင် မြို့မ(၁) ပိတောက ရွှေဝါရပ်ကွက်၊ ပိန်းဇလုပ်မြို့နေသူ မောင်းနှင်သော ညောင်လေးပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ချန်ဟိုင်းအမျိုးအစား အ စိမ်းရောင် သုံးဘီးလမ်းကြိတ်စက်ယာဉ်သည် လုပ်ငန်းခွင်ရပ်နားရန် မြောက်မှ တောင်သို့ ခေါင်းပြန်လှည့်စဉ် လွန်းထိုးနောက် ဆုတ်ရာမှ လမ်း၏ ယာဘက်ခြမ်းသို့ ထိုးကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လမ္းႀကိတ္စက္ လမ္းေဘးထိုးက်ကာ ေမာင္းႏွင္သူပိ၍ ေသဆံုး


ယင်းသို့ ထိုးကျသွားရာမှ ယာဉ်မောင်း ဦးကြည်လွင်မှာ လမ်းကြိတ်စက် နောက်သံဘီး ယာဘက်ခြမ်း အောက်တွင် ပိမိသွားခဲ့ သ ဖြင့် ဝဲမေးရိုးပေါက်ပြဲ၊ ဝဲတင်ပါပွန်းပဲ့၊ ဝဲပါးပေါက်ပြဲ၊ ယာနားထင်ဖူးရောင်၊ ယာပေါင်ပွန်းပဲ့၊ ဝမ်းဗိုက် ယာဘက်ပွန်းပဲ့ ဒဏ်ရာများရှိ ခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ပိန်းဇလုပ်နယ်မြေရဲစခန်းမှ သေဆုံးသူအား ရဲဆေးစာဖြင့် ပိန်းဇလုပ် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကာ လမ်းကြိတ်စက် မောင်းနှင်သူ ယာဉ်မောင်း ကြည်လွင်အား ယာဉ်(ပ)၃/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

- ကိုထိုက် - ညောင်လေးပင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။