Skip to main content
Ads Block
Unicode version
တောင်သူလယ်သမားရေးရာဝန်ကြီးဌာနဖွဲ့ရန် အဆိုတင်သွင်းမည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြော
တောင်သူလယ်သမားရေးရာဝန်ကြီးဌာနဖွဲ့ရန် အဆိုတင်သွင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် သူဌေးကွင်းစံပြကျေးရွာတွင် မေလ၂၀ ရက်ကကျင်းပသော တောင်သူလယ်သမားများတွေ့ဆုံပွဲအခမ်းအနားတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ ဒီနေ့အစိုးရဖွဲ့တဲ့ဝန်ကြီးဌာနတွေကိုကြည့်လိုက်ရင် အလုပ်သမားအရေးအတွက် အလုပ်သမားရေးရာ ဝန်ကြီးဌာနရှိပါတယ်။ တိုင်းရင်းသားအရေးကိုဆောင်ရွက်ဖို့အတွက် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ရှိပါတယ်။ ဒါပေမဲ့အခုနပြောသွားတဲ့ ရာခိုင်နှုန်း နစ်ဆယ်၊ရှစ်ဆယ်ရှိတဲ့ လယ်သမားများအတွက် တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာနဆိုတာမရှိသေးဘူး။ ပြောလို့တော့ရပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိတာပဲဆိုတာ သို့သော် သူလုပ်နေတဲ့အလုပ်တွေဟာလယ်ယာကဏ္ဍကုန်ထုတ်လုပ်မှု အထူးသဖြင့်စိုက်ပျိုးရေးဘက်မှာပဲအလေးသာနေတာကိုတွေ့ရပါတယ်။ ဒါကြောင့်သူတို့ရဲ့အခွင့်အရေးတွေကို မားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုရှိသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ အခုလည်းပဲ လွှတ်တော်ထဲမှာအင်အားစုရှိနေတဲ့ပါတီတစ်ခုအနေနဲ့တိုက်တွန်းမှာပါပဲ။ အဆိုတင်မှာပါပဲ။ မလုပ်သေးဘူး ဆိုလည်း ပြည်သူလူထုကလုပ်ပိုင်ခွင့်ပေးတဲ့တစ်နေ့ ဒါကိုချက်ချင်းကောက်လုပ်မှာပါပဲ’’ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကပြောသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ လက်ရှိပြည်ထောင်စုဝန်ကြီးမှာ ဒေါက်တာအောင်သူဖြစ်ပြီး ယခင်က ရန်ကုန်တက္ကသိုလ်မှပါမောက္ခချုပ်တစ်ဦးလည်းဖြစ်သည်။
NLD အစိုးရသစ်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်မှ အစိုးရဖွဲ့ရာတွင် အကြောင်းအရာတူညီနေသော ဝန်ကြီးဌာနများကိုပေါင်းစည်းရန် ပြောကြားခဲ့သည်။
ယခင်အားကစားဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ကို NLD အစိုးရလက်ထက်တွင် တစ်ပေါင်းတည်းအဖြစ် ပေါင်းစည်းခဲ့သည်။
- မင်းသီဟန်(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။