Skip to main content
ျမန္မာ႔သစ္ေတာက႑ ဖြံ႕ၿဖိဳးရန္ World Bank Group မွ အေမရိကန္ေဒၚလာ ၂၀၀ မီလ်ံ ေခ်းယူႏိုင္ေရး ေဆြးေႏြးေန
Ads Block

ျမန္မာ႔သစ္ေတာက႑ ဖြံ႕ၿဖိဳးရန္ World Bank Group မွ အေမရိကန္ေဒၚလာ ၂၀၀ မီလ်ံ ေခ်းယူႏိုင္ေရး ေဆြးေႏြးေန

ျမန္မာ့သစ္ေတာ က႑ဖြံ႔ၿဖိဳးရန္အတြက္ အေမရိကန္ေဒၚလာ ၂၀၀ မီလ်ံ ေခ်းယူႏုိင္ေရးႏွင့္ ပတ္သက္ၿပီး ကမၻာ့ဘဏ္တာဝန္ရွိ သူမ်ားႏွင့္ ျမန္မာႏုိင္ငံသစ္ေတာထြက္ပစၥည္းႏွင့္ သစ္လုပ္ငန္းမ်ားအသင္းတုိ႔ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။
World Bank Group Environment & Natural Resources မွ Senior Environmental Specialist Martin Fodor ၊ Nina E Doctinchem , ေဒါက္တာသီရိေအာင္ (PhD), Social Development Specialist ဦးသီဟကိုကို၊ သစ္ေတာထိန္း သိမ္းေရးက ႑မွ တာ၀န္ရွိသူတစ္ဦးတို႔မွာ ျမန္မာႏိုင္ငံ သစ္ေတာထြက္ပစၥည္းႏွင္႔ သစ္လုပ္ငန္းရွင္မ်ား အသင္းဘက္မွ ဒုတိယ ဥကၠ႒ ဦးစိုး ၀င္း၊ ဒုတိယ ဥကၠ႒ ဦးေဇာ္လင္းဦးႏွင့္ အေထြေထြအတြင္းေရးမွဴး ဦးျပည္စိုးအပါအ၀င္ ရံုးအဖြဲ႔၀င္မ်ားႏွင့္ ေတြ႔ဆံုခဲ့ျခင္းျဖစ္သည္။
" သစ္ေတာက႑ဖြံၿဖိဳးေရးအတြက္ US ေဒၚလာ ၂၀၀ မီလ်ံ ေခ်းေငြနဲ႔ ပတ္သက္ၿပီးေတာ့ ကူညီေထာက္ပံ့ဖို႔အတြက္ လာေရာက္ ေတြ႔ဆံုတာျဖစ္တယ္၊ သူတို႔က ၀န္ႀကီး႒ာနေတြနဲ႔ ဌာနဆိုင္ရာကိုလည္း သြားေရာက္ေတြ႔ဆံုမွာ ျဖစ္တယ္၊ ၀န္ႀကီး ႒ာနဆက္စပ္ တဲ႔ သစ္လုပ္ငန္းရွင္မ်ား အသင္းကိုလည္း လာၿပီးေတာ႔ သစ္ေတာက႑ ဖြံ႔ၿဖိဳးတိုးတက္ေအာင္ ေနာက္ေဒသ ခံျပည္သူအစု အဖြဲ႔ ပိုင္ သစ္ေတာလုပ္ငန္းနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လုိဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္ မလဲဆိုတာ လာၿပီးေတာ့ေတြ႔ဆံုေဆြး ေႏြးျခင္းျဖစ္တယ္။ အသင္းဘက္ကလည္း သစ္ေတာေရးရာ၀န္ႀကီးဌာနအေနနဲ႔ေရာ ပုဂၢလိ က႑အေနနဲ႔ေရာ ဘယ္လိုလုပ္ ကိုင္ ႏိုင္တဲ့ အခြင္႔အလမ္းေတြ ရွိတယ္ဆိုတာကို ျပန္ေဆြးေႏြးတယ္” ဟု  ျမန္မာႏုိင္ငံသစ္ေတာထြက္ပစၥည္းႏွင္႔ သစ္လုပ္ငန္းရွင္မ်ား အသင္း ဒုတိယဥကၠ႒ ဦးစိုး၀င္းက ေျပာသည္။
သစ္ေတာထိန္းသိမ္းေရး က႑အတြက္ ၂ ရာႏႈန္းထက္မပိုေသာ အတိုးႏႈန္းျဖင့္ အေမရိကန္ေဒၚလာ ၂၀၀ မီလ်ံ World Bank Group မွ ေခ်းေပးရန္ လာေရာက္ေတြ႔ဆံု ေဆြးေႏြးျခင္းျဖစ္ေၾကာင္းကိုလည္း ၄င္းကေျပာသည္။
ျမန္မာႏုိင္ငံတြင္ သစ္ေတာဧရိယာ၂၉၀၄၁၀ စတုရန္းကီလုိမီတာရွိၿပီး ကုန္ေျမဧရိယာ ၆၅၇၅၅၀ စတုရန္းကီလုိမီတာ၊ သစ္ေတာ ဖံုး လႊမ္းမႈ ၄၄ ရာခုိင္ႏႈန္းရွိေၾကာင္း သိရသည္။
၂၀၁၀မွ ၂၀၁၅ ခုႏွစ္ ၾကားကာလ ႏွစ္စဥ္ပွ်မ္းမွ် သစ္ေတာျပဳန္းတီးမႈ ၅၄၆၄ စတုရန္းကီလုိမီတာ ရွိေၾကာင္းႏွင့္ မဟာမဲေခါင္ ေဒ သရွိ ႏုိင္ငံအလုိက္ သစ္ေတာဖံုးလႊမ္းမႈႏွင့္ သစ္ေတာျပဳန္းတီးမႈျပဇယားအရ သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode version

မြန်မာ့သစ်တောကဏ္ဍ ဖွံ့ဖြိုးရန် World Bank Group မှ အမေရိကန်ဒေါ်လာ ၂၀၀ မီလျံ ချေးယူနိုင်ရေး ဆွေးနွေးနေ

မြန်မာ့သစ်တော ကဏ္ဍဖွံ့ဖြိုးရန်အတွက် အမေရိကန်ဒေါ်လာ ၂၀၀ မီလျံ ချေးယူနိုင်ရေးနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်တာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းများအသင်းတို့ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
World Bank Group Environment & Natural Resources မှ Senior Environmental Specialist Martin Fodor ၊ Nina E Doctinchem , ဒေါက်တာသီရိအောင် (PhD), Social Development Specialist ဦးသီဟကိုကို၊ သစ်တောထိန်း သိမ်းရေးက ဏ္ဍမှ တာဝန်ရှိသူတစ်ဦးတို့မှာ မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များ အသင်းဘက်မှ ဒုတိယ ဥက္ကဋ္ဌ ဦးစိုး ဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးဇော်လင်းဦးနှင့် အထွေထွေအတွင်းရေးမှူး ဦးပြည်စိုးအပါအဝင် ရုံးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
" သစ်တောကဏ္ဍဖွံဖြိုးရေးအတွက် US ဒေါ်လာ ၂၀၀ မီလျံ ချေးငွေနဲ့ ပတ်သက်ပြီးတော့ ကူညီထောက်ပံ့ဖို့အတွက် လာရောက် တွေ့ဆုံတာဖြစ်တယ်၊ သူတို့က ဝန်ကြီးဋ္ဌာနတွေနဲ့ ဌာနဆိုင်ရာကိုလည်း သွားရောက်တွေ့ဆုံမှာ ဖြစ်တယ်၊ ဝန်ကြီး ဋ္ဌာနဆက်စပ် တဲ့ သစ်လုပ်ငန်းရှင်များ အသင်းကိုလည်း လာပြီးတော့ သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် နောက်ဒေသ ခံပြည်သူအစု အဖွဲ့ ပိုင် သစ်တောလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင် မလဲဆိုတာ လာပြီးတော့တွေ့ဆုံဆွေး နွေးခြင်းဖြစ်တယ်။ အသင်းဘက်ကလည်း သစ်တောရေးရာဝန်ကြီးဌာနအနေနဲ့ရော ပုဂ္ဂလိ ကဏ္ဍအနေနဲ့ရော ဘယ်လိုလုပ် ကိုင် နိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာကို ပြန်ဆွေးနွေးတယ်”ဟု  မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။
သစ်တောထိန်းသိမ်းရေး ကဏ္ဍအတွက် ၂ ရာနှုန်းထက်မပိုသော အတိုးနှုန်းဖြင့် အမေရိကန်ဒေါ်လာ ၂၀၀ မီလျံ World Bank Group မှ ချေးပေးရန် လာရောက်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ကြောင်းကိုလည်း ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် သစ်တောဧရိယာ၂၉၀၄၁၀ စတုရန်းကီလိုမီတာရှိပြီး ကုန်မြေဧရိယာ ၆၅၇၅၅၀ စတုရန်းကီလိုမီတာ၊ သစ်တော ဖုံး လွှမ်းမှု ၄၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၂၀၁၀မှ ၂၀၁၅ ခုနှစ် ကြားကာလ နှစ်စဉ်ပျှမ်းမျှ သစ်တောပြုန်းတီးမှု ၅၄၆၄ စတုရန်းကီလိုမီတာ ရှိကြောင်းနှင့် မဟာမဲခေါင် ဒေ သရှိ နိုင်ငံအလိုက် သစ်တောဖုံးလွှမ်းမှုနှင့် သစ်တောပြုန်းတီးမှုပြဇယားအရ သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။