Skip to main content
ေလာင္းကစားဝိုင္းမ်ားကို မဖမ္းသည့္ စခန္းမႉးႏွင့္ နယ္ထိန္းမ်ား အေရးယူခံရမည္
Ads Block

ေလာင္းကစားဝိုင္းမ်ားကို မဖမ္းသည့္ စခန္းမႉးႏွင့္ နယ္ထိန္းမ်ား အေရးယူခံရမည္

တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ ေလာင္းကစားဝိုင္းမ်ားကို ေဖာ္ထုတ္ဖမ္းဆီးရမိပါက အပိုင္ရဲစခန္းမႉး၊ နယ္ထိန္းေခါင္းေဆာင္ႏွင့္ အပိုင္နယ္ထိန္းတို႔အား ရဲစည္းကမ္းထိန္းသိမ္းေရး ဥပေဒျဖင့္ အေရးယူသြားမည္ျဖစ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ လုံၿခဳံေရး ႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးလွမ်ိဳးေ႐ႊက ေျပာၾကားလိုက္သည္။
ေမလ ၂၀ ရက္ေန႔တြင္ က်င္းပျပဳလုပ္ေသာ ဒုတိယအႀကိမ္ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ (၁၂) ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝး (ပထမေန႔) ၌ ေ႐ႊေတာင္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအုန္းသြင္မွ ေလာင္း ကစားဝိုင္းမ်ားျပဳလုပ္ေသာ ရပ္ကြက္/ေက်း႐ြာအုပ္စုမ်ားမွ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ား၊ သက္ဆိုင္ရာနယ္ေျမခံရဲစခန္းမ်ားမွ နယ္ ထိန္းမ်ားကို မည္သို႔အေရးယူ ေဆာင္႐ြက္သလဲဟု ေမးခြန္းကို ျပန္လည္ေျဖၾကားရာတြင္ ထည့္သြင္းေျပာၾကားလိုက္သည္။
“ပဲခူးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕အေနနဲ႔ၿမိဳ႕နယ္၊ ရဲစခန္းမ်ားအလိုက္ လစဥ္ေလာင္း ကစားမႈမ်ား ဖမ္းဆီးမႈ မရွိတဲ့ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ မႉး၊ ရဲစခန္းမႉး၊ နယ္ထိန္းေခါင္းေဆာင္မ်ားအား ခ႐ိုင္ရဲတပ္ဖြဲ႕မႉးမွ ေခၚယူ၍ မွတ္တမ္းတင္ သတိေပး လတ္မွတ္ေရးထိုးေစျခင္း မ်ား ေဆာင္႐ြက္လ်က္ရွိၿပီး မိမိအပိုင္နယ္ေျမမ်ားအတြင္း အထက္ဌာနမွ သတင္းအရ ျဖစ္ေစ၊ တိုင္ၾကားခ်က္အရျဖစ္ေစ ဝင္ ေရာက္ ဖမ္းဆီးရမိခဲ့ပါက သက္ဆိုင္ရာ အပိုင္ရဲစခန္းမႉး၊ နယ္ထိန္းေခါင္းေဆာင္နဲ႔ အပိုင္နယ္ထိန္းတို႔ကို ရဲစည္းကမ္းထိန္းသိမ္း ေရး ဥပေဒအရ အေရးယူေဆာင္႐ြက္လ်က္ရွိပါတယ္” ဟု ဗိုလ္မႉးႀကီး လွမ်ိဳးေ႐ႊက ေျပာသည္။
ထို႔ျပင္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ားအေနျဖင့္လည္း ရပ္ကြက္/ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရး ဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံးလုပ္နည္း၊ ၫႊန္ ၾကားခ်က္မ်ားႏွင့္အညီ တာဝန္မ်ားကို လိုက္နာေဆာင္႐ြက္ရမည္ျဖစ္ၿပီး ရပ္ကြက္/ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရး ဥပေဒအခန္း (၇)၊ ပုဒ္မ ၁၃၊ ပုဒ္မခြဲ (ဋ)အရ အမ်ားျပည္သူဆိုင္ရာေနရာတြင္ ေလာင္းကစားလုပ္ျခင္းကို ဖမ္းဆီးျခင္း၊ အေရးယူႏိုင္ရန္ အ ေၾကာင္းၾကားျခင္းမရွိပါက စုံစမ္းစိစစ္၍ အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။
၂၀၁၈ ခုႏွစ္အတြင္း မိမိရဲစခန္းအပိုင္နယ္ေျမအတြင္း အထက္ဌာနမ်ားမွ ေလာင္းကစားမႈ ဖမ္းဆီးရမိခဲ့သျဖင့္ သက္ဆိုင္ရာအပိုင္ စခန္းမ်ားမွ ရဲတပ္ဖြဲ႕ဝင္မ်ားအား အေရးယူျခင္းမ်ား ေဆာင္ ႐ြက္ ခဲ့ရာ အရာရွိ(၄)ဦး၊ အျခားအဆင့္ (၂)ဦးတို႔အား ရဲတရား ႐ုံးျဖင့္ အေရးယူျခင္း၊ အရာရွိ(၃)ဦး အား မွတ္တမ္းဝင္သတိေပး ေရးထိုးျခင္း မ်ား ေဆာင္႐ြက္ခဲ့ၿပီး၂၀၁၉ ခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလအ ထိ မိမိရဲစခန္းအပိုင္နယ္ေျမအတြင္း အထက္ဌာနမ်ားမွ ေလာင္းကစားမႈ ဖမ္းဆီးရမိခဲ့သျဖင့္ သက္ဆိုင္ရာအပိုင္စခန္းမ်ားမွ ရဲတပ္ ဖြဲ႕ဝင္မ်ားအား အေရးယူျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာ အရာရွိ (၂) ဦး၊ အျခားအဆင့္(၁)ဦးတို႔အား ရဲတရား႐ုံးျဖင့္အေရးယူျခင္း၊ အရာ ရွိ(၄)ဦးအား သတိေပးေရးထိုးျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း ဗိုလ္မႉးႀကီး လွမ်ိဳးေ႐ႊကေျပာသည္။
ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ တိုင္း/ ျပည္နယ္အလိုက္ ေလာင္းကစားမႈ ပေပ်ာက္ေရးစီမံခ်က္အား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာ တြင္ တစ္ႏိုင္ငံလုံးအေနျဖင့္ ပဲခူးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕သည္ ဇန္နဝါရီလတြင္(၃၄) မႈျဖင့္ တတိယ၊ ေဖေဖာ္ဝါရီလတြင္ (၅၀)မႈျဖင့္ ဒုတိယ၊ မတ္လတြင္ (၂၈)မႈျဖင့္ စတုတၱအမ်ားဆုံး ဖမ္းဆီးအေရးယူႏိုင္ခဲ့ေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode version

လောင်းကစားဝိုင်းများကို မဖမ်းသည့် စခန်းမှူးနှင့် နယ်ထိန်းများ အရေးယူခံရမည်

တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လောင်းကစားဝိုင်းများကို ဖော်ထုတ်ဖမ်းဆီးရမိပါက အပိုင်ရဲစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်နှင့် အပိုင်နယ်ထိန်းတို့အား ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ပြောကြားလိုက်သည်။
မေလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (ပထမနေ့) ၌ ရွှေတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းသွင်မှ လောင်း ကစားဝိုင်းများပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်စုများမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာနယ်မြေခံရဲစခန်းများမှ နယ် ထိန်းများကို မည်သို့အရေးယူ ဆောင်ရွက်သလဲဟု မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားလိုက်သည်။
“ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့မြို့နယ်၊ ရဲစခန်းများအလိုက် လစဉ်လောင်း ကစားမှုများ ဖမ်းဆီးမှု မရှိတဲ့မြို့နယ် ရဲတပ်ဖွဲ့ မှူး၊ ရဲစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်များအား ခရိုင်ရဲတပ်ဖွဲ့မှူးမှ ခေါ်ယူ၍ မှတ်တမ်းတင် သတိပေး လတ်မှတ်ရေးထိုးစေခြင်း များ ဆောင်ရွက်လျက်ရှိပြီး မိမိအပိုင်နယ်မြေများအတွင်း အထက်ဌာနမှ သတင်းအရ ဖြစ်စေ၊ တိုင်ကြားချက်အရဖြစ်စေ ဝင် ရောက် ဖမ်းဆီးရမိခဲ့ပါက သက်ဆိုင်ရာ အပိုင်ရဲစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်နဲ့ အပိုင်နယ်ထိန်းတို့ကို ရဲစည်းကမ်းထိန်းသိမ်း ရေး ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်မှူးကြီး လှမျိုးရွှေက ပြောသည်။
ထို့ပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန် ကြားချက်များနှင့်အညီ တာဝန်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအခန်း (၇)၊ ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ဋ)အရ အများပြည်သူဆိုင်ရာနေရာတွင် လောင်းကစားလုပ်ခြင်းကို ဖမ်းဆီးခြင်း၊ အရေးယူနိုင်ရန် အ ကြောင်းကြားခြင်းမရှိပါက စုံစမ်းစိစစ်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
၂၀၁၈ ခုနှစ်အတွင်း မိမိရဲစခန်းအပိုင်နယ်မြေအတွင်း အထက်ဌာနများမှ လောင်းကစားမှု ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာအပိုင် စခန်းများမှ ရဲတပ်ဖွဲ့ဝင်များအား အရေးယူခြင်းများ ဆောင် ရွက် ခဲ့ရာ အရာရှိ(၄)ဦး၊ အခြားအဆင့် (၂)ဦးတို့အား ရဲတရား ရုံးဖြင့် အရေးယူခြင်း၊ အရာရှိ(၃)ဦး အား မှတ်တမ်းဝင်သတိပေး ရေးထိုးခြင်း များ ဆောင်ရွက်ခဲ့ပြီး၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအ ထိ မိမိရဲစခန်းအပိုင်နယ်မြေအတွင်း အထက်ဌာနများမှ လောင်းကစားမှု ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာအပိုင်စခန်းများမှ ရဲတပ် ဖွဲ့ဝင်များအား အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ အရာရှိ (၂) ဦး၊ အခြားအဆင့်(၁)ဦးတို့အား ရဲတရားရုံးဖြင့်အရေးယူခြင်း၊ အရာ ရှိ(၄)ဦးအား သတိပေးရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်မှူးကြီး လှမျိုးရွှေကပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တိုင်း/ ပြည်နယ်အလိုက် လောင်းကစားမှု ပပျောက်ရေးစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် တစ်နိုင်ငံလုံးအနေဖြင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့သည် ဇန်နဝါရီလတွင်(၃၄) မှုဖြင့် တတိယ၊ ဖေဖော်ဝါရီလတွင် (၅၀)မှုဖြင့် ဒုတိယ၊ မတ်လတွင် (၂၈)မှုဖြင့် စတုတ္တအများဆုံး ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။