Skip to main content
“ စစ္တပ္ဘက္ကဖိအားေပးတာရွိလို႔ဆိုၿပီး ကၽြန္ေတာ္တို႔ကိုလက္ထိပ္ခတ္တယ္” ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႔မွ ပိုင္ရဲသူ ေျပာ 
Ads Block

“ စစ္တပ္ဘက္ကဖိအားေပးတာရွိလို႔ဆိုၿပီး ကၽြန္ေတာ္တို႔ကိုလက္ထိပ္ခတ္တယ္” ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႔မွ ပိုင္ရဲသူ ေျပာ 

စစ္တပ္ဘက္မွ ဖိအားေပးသျဖင့္ဟုဆိုကာ တရားရံုးသို႔ လက္ထိပ္ခတ္ေခၚေဆာင္လာေၾကာင္း ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕မွ ကိုပိုင္ရဲသူက ေျပာသည္။
ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္မ်ားျဖစ္ႀကေသာ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ(ခ)ဒီေရ၊ ကိုပိုင္ျဖိဳးမင္း၊ ကိုေဇာ္လင္းထြဋ္(ခ)ဖိုးသား၊ မေကခိုင္ထြန္း(ခ)ေကႀကီး၊ မဆုရတနာျမင့္ႏွင့္ က္ုခ်မ္းျငိမ္းစိုး(ခ)ကိုခ်စ္ယံုတို႔ကို ယေန႔(ေမလ ၂၀ ရက္)၌ ဗိုလ္တေထာင္ၿမိဳ႕နယ္တရားရုံးသို႔ ရံုးထုတ္ရာတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ ကၽြန္ေတာ္တို႔ကို ေထာင္ထဲမွာလည္း အႀကမ္းဖက္တဲ့ပံုစံနဲ႔လုပ္ပါတယ္။ ဒီေန႔ဆို ေန႔လယ္ ၁ နာရီတရားရုံးကို ေရာက္လာရမွာကို ဟိုမွာျပႆနာတက္ေနတာနဲ႔သိတဲ့အတိုင္းပဲ ၃ နာရီေက်ာ္မွေရာက္လာခဲ႔ရတယ္။ စစ္တပ္ဘက္က ဖိအားေပးတာရွိလို႔ဆိုၿပီး ကၽြန္ေတာ္တို႔ကိုလက္ထိပ္ခတ္တယ္။ အႀကမ္းဖက္တဲ့ပံုစံနဲ႕ ျပဳမူပါတယ္” ဟု တရားစြဲဆိုခံရသူ ကိုပိုင္ရဲသူက တရားရုံးမွအထြက္တြင္ ေျပာသည္။
ယေန႔တြင္ အဆိုပါ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ ၇ ဦးကို ဗိုလ္တေထာင္ျမိဳ႕နယ္ တရားရုံးတြင္ ပထမဆံုး အႀကိမ္ရုံးထုတ္လာျခင္းျဖစ္ၿပီး ရုံးခ်ိန္းကို လာမည့္ဇြန္လ ၃ ရက္သို႔ ျပန္လည္ခ်ိန္းဆိုလိုက္ခဲ့ေၾကာင္း သိရသည္။ 
“ ဒီကိစၥနဲ႔ပတ္သက္လိုေတာ့ စြပ္စြဲခံရသူေတြရဲ႕အခြင့္အေရးနဲ႕ပတ္သက္ၿပီး ဥပေဒလုပ္ထံုးလုပ္နည္းနဲ႔အညီ တရားရုံးကေန ေဆာင္ရြက္သြားဖို႔ရွိပါတယ္” ဟု ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕၏ ေရွ႕ေနျဖစ္သူ အထက္တန္းေရွ႕ေန ဦးေအာင္စည္ဟိန္းက ေျပာသည္။
ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႔မွ အဆိုပါ ၇ ဦးကို ေရတပ္မွဗိုလ္မွဴးႀကီး မ်ိဳးမင္းဦးက ဗိုလ္တေထာင္ၿမိဳ႕နယ္ တရားရုံးတြင္တရားစြဲဆိုထားျခင္းျဖစ္သည္။
အဆိုပါ ၇ ဦးအနက္ ၅ ဦးျဖစ္ေသာ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ(ခ)ဒီေရ၊ ကိုပိုင္ၿဖိဳးမင္း၊ ကိုေဇာ္လင္းထြဋ္(ခ) ဖိုးသားႏွင့္ မေကခိုင္ထြန္း(ခ)ေကႀကီးတို႔ကို မရမ္းကုန္းၿမိဳ႕နယ္တရားရုံးတြင္လည္း ပုဒ္မ ၅၀၅(က)ျဖင့္ တရားစြဲဆိုထားသည္။

- ထက္ေဝလင္း(အကုန္သိ သတင္းဌာန)

Unicode version

“ စစ်တပ်ဘက်ကဖိအားပေးတာရှိလို့ဆိုပြီး ကျွန်တော်တို့ကိုလက်ထိပ်ခတ်တယ်” ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ပိုင်ရဲသူ ပြော 

စစ်တပ်ဘက်မှ ဖိအားပေးသဖြင့်ဟုဆိုကာ တရားရုံးသို့ လက်ထိပ်ခတ်ခေါ်ဆောင်လာကြောင်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုပိုင်ရဲသူက ပြောသည်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များဖြစ်ကြသော ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ(ခ)ဒီရေ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ မကေခိုင်ထွန်း(ခ)ကေကြီး၊ မဆုရတနာမြင့်နှင့် က်ုချမ်းငြိမ်းစိုး(ခ)ကိုချစ်ယုံတို့ကို ယနေ့(မေလ ၂၀ ရက်)၌ ဗိုလ်တထောင်မြို့နယ်တရားရုံးသို့ ရုံးထုတ်ရာတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ ကျွန်တော်တို့ကို ထောင်ထဲမှာလည်း အကြမ်းဖက်တဲ့ပုံစံနဲ့လုပ်ပါတယ်။ ဒီနေ့ဆို နေ့လယ် ၁ နာရီတရားရုံးကို ရောက်လာရမှာကို ဟိုမှာပြဿနာတက်နေတာနဲ့သိတဲ့အတိုင်းပဲ ၃ နာရီကျော်မှရောက်လာခဲ့ရတယ်။ စစ်တပ်ဘက်က ဖိအားပေးတာရှိလို့ဆိုပြီး ကျွန်တော်တို့ကိုလက်ထိပ်ခတ်တယ်။ အကြမ်းဖက်တဲ့ပုံစံနဲ့ ပြုမူပါတယ်” ဟု တရားစွဲဆိုခံရသူ ကိုပိုင်ရဲသူက တရားရုံးမှအထွက်တွင် ပြောသည်။
ယနေ့တွင် အဆိုပါ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၇ ဦးကို ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ပထမဆုံး အကြိမ်ရုံးထုတ်လာခြင်းဖြစ်ပြီး ရုံးချိန်းကို လာမည့်ဇွန်လ ၃ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ခဲ့ကြောင်း သိရသည်။ 
“ ဒီကိစ္စနဲ့ပတ်သက်လိုတော့ စွပ်စွဲခံရသူတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ တရားရုံးကနေ ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၏ ရှေ့နေဖြစ်သူ အထက်တန်းရှေ့နေ ဦးအောင်စည်ဟိန်းက ပြောသည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ အဆိုပါ ၇ ဦးကို ရေတပ်မှဗိုလ်မှူးကြီး မျိုးမင်းဦးက ဗိုလ်တထောင်မြို့နယ် တရားရုံးတွင်တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုပါ ၇ ဦးအနက် ၅ ဦးဖြစ်သော ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ(ခ)ဒီရေ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်(ခ) ဖိုးသားနှင့် မကေခိုင်ထွန်း(ခ)ကေကြီးတို့ကို မရမ်းကုန်းမြို့နယ်တရားရုံးတွင်လည်း ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည်။

- ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။