Skip to main content
တာဂ်စ္ကစၥတန္မွာ အုိင္အက္စ္အက်ဥ္းသားေတြက စခဲ့တဲ့ အက်ဥ္းေထာင္ ဆူပူမႈေၾကာင့္ ၃၂ ဦး ေသဆုံး 
Ads Block

တာဂ်စ္ကစၥတန္မွာ အုိင္အက္စ္အက်ဥ္းသားေတြက စခဲ့တဲ့ အက်ဥ္းေထာင္ ဆူပူမႈေၾကာင့္ ၃၂ ဦး ေသဆုံး 

တာဂ်စ္ကစၥတန္ႏုိင္ငံရဲ႕လုံၿခဳံေရးျမင့္မားတဲ့ အက်ဥ္းေထာင္တစ္ခုမွာ အုိင္အက္စ္ စစ္ေသြးၾကြ အက်ဥ္းသားေတြက စတင္ခဲ့တဲ့ ဆူပူအုံၾကြမႈေၾကာင့္ ေထာင္လုံၿခဳံေရး ၃ ဦးနဲ ့ အက်ဥ္းသား ၂၉ ဦး ေသဆုံခဲ့ေၾကာင္း ဗဟုိအာရွႏုိင္ငံရဲ႕တရားေရး၀န္ႀကီးဌာနက တနလၤာေန ့(ေမ ၂၀) မွာ ေျပာဆုိခဲ့ပါတယ္။ 
ၿမိဳ ့ေတာ္ ဒူရွန္ဘီ အေရွ ့ဘက္ ၆ မုိင္ခန္ ့မွာ ရွိတဲ့ ဗက္ရွ္ဒတ္ၿမိဳ႕အက်ဥ္းေထာင္မွာ တနဂၤေႏြေန ့ညပုိင္းက ေထာင္ဆူပူမႈေတြ စျဖစ္ခဲ့ကာ ဓါးေတြကုိင္ေဆာင္ထားတဲ့ စစ္ေသြးၾကြေတြဟာ ေထာင္ေစာင့္ ၃ ဦးနဲ ့ အက်ဥ္းသား ၅ ဦးကုိ သတ္ျဖတ္ခဲ့ၾကတယ္လုိ ့ ၀န္ႀကီးဌာနက ေျပာဆုိပါတယ္။ ေထာင္ဆူပူမႈေတြျဖစ္ေအာင္ ေသြးထုိးေျမွာက္ပင့္ေပးခဲ့သူေတြထဲက တစ္ဦးဟာ တာဂ်စ္ အထူးတပ္ဖြဲ ့ ဗုိလ္မွဴးႀကီးေဟာင္းတစ္ဦးျဖစ္တဲ့ ဂူလ္မာေရာ့ ခါလီေမာ့ဗ္ရဲ႕သား ဘီခါရပ္ဇ္ ဂူလ္မာေရာ့ျဖစ္ေၾကာင္း ၀န္ႀကီးဌာနက ဆုိပါတယ္။ ယင္း ဗုိလ္မွဴးႀကီးဟာ ၂၀၁၅ ခုႏွစ္မွာ အုိင္အက္စ္အဖြဲ ့သုိ ့ ဘက္ေျပာင္း သြားခဲ့တာျဖစ္ၿပီး ယင္းေနာက္ပုိင္း ဆီးရီးယားႏုိင္ငံမွာ အသတ္ခံခဲ့ရသူျဖစ္ပါတယ္။ 
လုံၿခဳံေရးတပ္ဖြဲ ့ေတြက စစ္ေသြးၾကြအက်ဥ္းသား ၂၄ ဦးကုိ ပစ္သတ္ခဲ့ကာ အက်ဥ္းသား ၁၅၀၀ ရွိ အက်ဥ္းေထာင္ စီမံအုပ္ခ်ဳပ္မႈကုိ ျပန္လည္ ထိန္းသိမ္းႏုိင္ခဲ့ေၾကာင္း တရားေရး၀န္ႀကီးဌာနက ဆက္လက္ ေျပာဆုိခဲ့ပါတယ္။ 
အုိင္အက္စ္အဖြဲ ့ဟာ တစ္ခ်ိန္က အီရတ္နဲ ့ဆီးရီးယားမွာ က်ယ္ျပန္ ့တဲ့ နယ္ေျမတေက်ာကုိ သိမ္းပုိက္ထိန္းခ်ဳပ္ႏုိင္ခဲ့ၾကေပမယ့္ အခုအခါမွာေတာ့ ၄င္းတုိ ့ရဲ႕အခုိင္အမာနယ္ေျမေတြ လက္လႊတ္ ခဲ့ရၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ႏုိ၀င္ဘာလက အျခား တာဂ်စ္အက်ဥ္းေထာင္တစ္ခု ဆူပူအုံၾကြမႈျဖစ္စဥ္ဟာလည္း ၄င္းတုိ ့လက္ခ်က္ျဖစ္ေၾကာင္းနဲ ့ ၂၀၁၈ ဇူလုိင္လက အေနာက္ႏုိင္ငံ ခရီးသြားေတြအေပၚ ပစ္မွတ္ထားတဲ့ အေသအေပ်ာက္ရွိတုိက္ခုိက္မႈကုိလည္း ၄င္းတုိ ့ ေနာက္လုိက္ေတြက လုပ္ခဲ့တာျဖစ္ေၾကာင္း အုိင္အက္စ္တုိ ့က ထုတ္ျပန္ခဲ့ပါတယ္။
- ကုိလင္း(အကုန္သိ သတင္းဌာန) | Ref : Reuters 

Unicode version

တာဂျစ်ကစ္စတန်မှာ အိုင်အက်စ်အကျဉ်းသားတွေက စခဲ့တဲ့ အကျဉ်းထောင် ဆူပူမှုကြောင့် ၃၂ ဦး သေဆုံး 

တာဂျစ်ကစ္စတန်နိုင်ငံရဲ့လုံခြုံရေးမြင့်မားတဲ့ အကျဉ်းထောင်တစ်ခုမှာ အိုင်အက်စ် စစ်သွေးကြွ အကျဉ်းသားတွေက စတင်ခဲ့တဲ့ ဆူပူအုံကြွမှုကြောင့် ထောင်လုံခြုံရေး ၃ ဦးနဲ့ အကျဉ်းသား ၂၉ ဦး သေဆုံခဲ့ကြောင်း ဗဟိုအာရှနိုင်ငံရဲ့တရားရေးဝန်ကြီးဌာနက တနင်္လာနေ့(မေ ၂၀) မှာ ပြောဆိုခဲ့ပါတယ်။ 
မြို့တော် ဒူရှန်ဘီ အရှေ့ဘက် ၆ မိုင်ခန့်မှာ ရှိတဲ့ ဗက်ရှ်ဒတ်မြို့အကျဉ်းထောင်မှာ တနင်္ဂနွေနေ့ညပိုင်းက ထောင်ဆူပူမှုတွေ စဖြစ်ခဲ့ကာ ဓါးတွေကိုင်ဆောင်ထားတဲ့ စစ်သွေးကြွတွေဟာ ထောင်စောင့် ၃ ဦးနဲ့ အကျဉ်းသား ၅ ဦးကို သတ်ဖြတ်ခဲ့ကြတယ်လို့ ဝန်ကြီးဌာနက ပြောဆိုပါတယ်။ ထောင်ဆူပူမှုတွေဖြစ်အောင် သွေးထိုးမြှောက်ပင့်ပေးခဲ့သူတွေထဲက တစ်ဦးဟာ တာဂျစ် အထူးတပ်ဖွဲ့ ဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်တဲ့ ဂူလ်မာရော့ ခါလီမော့ဗ်ရဲ့သား ဘီခါရပ်ဇ် ဂူလ်မာရော့ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။ ယင်း ဗိုလ်မှူးကြီးဟာ ၂၀၁၅ ခုနှစ်မှာ အိုင်အက်စ်အဖွဲ့သို့ ဘက်ပြောင်း သွားခဲ့တာဖြစ်ပြီး ယင်းနောက်ပိုင်း ဆီးရီးယားနိုင်ငံမှာ အသတ်ခံခဲ့ရသူဖြစ်ပါတယ်။ 
လုံခြုံရေးတပ်ဖွဲ့တွေက စစ်သွေးကြွအကျဉ်းသား ၂၄ ဦးကို ပစ်သတ်ခဲ့ကာ အကျဉ်းသား ၁၅၀၀ ရှိ အကျဉ်းထောင် စီမံအုပ်ချုပ်မှုကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ကြောင်း တရားရေးဝန်ကြီးဌာနက ဆက်လက် ပြောဆိုခဲ့ပါတယ်။ 
အိုင်အက်စ်အဖွဲ့ဟာ တစ်ချိန်က အီရတ်နဲ့ဆီးရီးယားမှာ ကျယ်ပြန့်တဲ့ နယ်မြေတကျောကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြပေမယ့် အခုအခါမှာတော့ ၎င်းတို့ရဲ့အခိုင်အမာနယ်မြေတွေ လက်လွှတ် ခဲ့ရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အခြား တာဂျစ်အကျဉ်းထောင်တစ်ခု ဆူပူအုံကြွမှုဖြစ်စဉ်ဟာလည်း ၎င်းတို့လက်ချက်ဖြစ်ကြောင်းနဲ့ ၂၀၁၈ ဇူလိုင်လက အနောက်နိုင်ငံ ခရီးသွားတွေအပေါ် ပစ်မှတ်ထားတဲ့ အသေအပျောက်ရှိတိုက်ခိုက်မှုကိုလည်း ၎င်းတို့ နောက်လိုက်တွေက လုပ်ခဲ့တာဖြစ်ကြောင်း အိုင်အက်စ်တို့က ထုတ်ပြန်ခဲ့ပါတယ်။
- ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။