Skip to main content
မုဒိမ္းမႈက်ဴးလြန္ခဲ့သည္ဆုိသည့္ လုပ္ငန္းရွင္တစ္ဦးကုိ အိႏၵိယ အမ်ဳိးသမီးတစ္စုက ျပန္ေပးဆြဲကာ ေငြညွစ္မႈျဖစ္ပြား
Ads Block

မုဒိမ္းမႈက်ဴးလြန္ခဲ့သည္ဆုိသည့္ လုပ္ငန္းရွင္တစ္ဦးကုိ အိႏၵိယ အမ်ဳိးသမီးတစ္စုက ျပန္ေပးဆြဲကာ ေငြညွစ္မႈျဖစ္ပြား 

လိင္ပုိင္းဆုိင္ရာ က်ဴးလြန္မႈရွိခဲ့တယ္လုိ ့ စြပ္စြဲကာ အမ်ဳိးသမီးတစ္စုက ျပန္ေပးဆြဲသြားတဲ့ လူခ်မ္းသာ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကုိ ကယ္တင္ဖုိ ့အတြက္ အိႏၵိယရဲတပ္ဖြဲ ့ဟာ နယူးေဒလီၿမိဳ႕က ေနအိမ္တစ္အိမ္ကုိ ၀င္ေရာက္စီးနင္းခဲ့ၾကပါတယ္။ အိႏၵိယႏုိင္ငံမွာ မုဒိမ္းမႈဟာ အဓိက ျပႆနာႀကီးတစ္ခုျဖစ္ေနၿပီး မုဒိမ္းေကာင္ အျဖစ္ မွားယြင္း ယုိးစြပ္မႈေတြလည္း မ်ားစြာ ေပၚေပါက္ေနခဲ့ပါတယ္။ 
မြမ္ဘုိင္းၿမိဳ႕အေျခစုိက္ ပင္လယ္ေရေၾကာင္း အင္ဂ်င္နီယာ ကုမၸဏီတစ္ခုရဲ႕ မန္ေနဂ်င္း ဒါရုိက္တာျဖစ္သူဟာ ၿမိဳ႕ေတာ္သုိ ့ ခရီးထြက္သြားစဥ္ ျပန္ေပးဆြဲခံလုိက္ရေၾကာင္း ေသာၾကာေန ့မွာ ရဲတပ္ဖြဲ ့ထံ သတင္းေပးခ်က္ရရွိခဲ့ပါတယ္။ မၾကာခင္မွာ ထြက္ေပၚလာတဲ့ စီစီတီဗီမွတ္တမ္းအရ အသက္ ၆၄ ႏွစ္အရြယ္ သူေဌးဟာ တည္းခုိရာ ၾကယ္ငါးပြင့္ဟုိတယ္ကေန အမ်ဳိးသမီးႏွစ္ဦး ၿခံရံထြက္လာကာ Hyudai Verna ကားနဲ ့ထြက္ခြာသြားခဲ့တာေတြ ့ရွိခဲ့ၾကပါတယ္။ 
ျပန္ေပးသမားေတြဟာ သူေဌးကုိ ရူပီး ၃ သန္း(ေဒၚလာ ၄၂၆၀၀) နဲ ့ ျပန္ေရြးဖုိ ့အတြက္ ကုမၸဏီတာ၀န္ရွိသူေတြထံ WhatApp ကတဆင့္ အႀကိမ္ႀကိမ္ ဆက္သြယ္ေတာင္းဆုိခဲ့ေၾကာင္း ရဲတပ္ဖြဲ ့ သတင္းရင္းျမစ္တစ္ဦးက Time of India သတင္းဌာနကုိ ေျပာဆုိခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ရဲတပ္ဖြဲ ့ဟာ ဖမ္းေခၚသြားတဲ့ ကားရဲ ့လုိင္စင္နံပါတ္အရ ပုိင္ရွင္ကုိ ေျခရာခံရွာေဖြခဲ့ပါတယ္။ ကားပုိင္ရွင္ကုိ ေနအိမ္မွာေတြ ့ခဲ့ကာ ၄င္းဟာလည္း ျပန္ေပးအစီအစဥ္မွာ အပုိင္းတစ္ေနရာက ပါ၀င္သူျဖစ္ေၾကာင္းနဲ ့ ေငြအလြယ္ရခ်င္လုိ ့ အခုလုိပါ၀င္ခဲ့တာျဖစ္ေၾကာင္း ၀န္ခံေျဖာင့္ခ်က္ေပးခဲ့ပါတယ္။ လုပ္ငန္းရွင္ သူေဌးဖမ္းခံထားရတဲ့ ေနရာကုိ ၄င္းက ရဲတပ္ဖြဲ ့ထံ ေျပာဆုိခဲ့ပါတယ္။ 
ၿမိဳ ့ေတာ္ ေဒလီ အေရွ ့ပုိင္း လက္မီနာဂါခရုိင္ရွိ ျပန္ေပးသမားေတြ ပုန္းေအာင္းေနတဲ့ ေနရာကုိ စေနေန ့မွာ ရဲတပ္ဖြဲ ့က ၀င္စီးခဲ့ၿပီး အမ်ဳိးသမီးေလးဦးနဲ ့ ကားပုိင္ရွင္ အပါအ၀င္ အမ်ဳိးသားႏွစ္ဦးတုိ ့ကုိ ဖမ္းဆီးခဲ့ပါတယ္။ အမႈနဲ ့ပတ္သက္ၿပီး စစ္ေဆးမႈေတြ ဆက္လုပ္ေနတာေၾကာင့္ ၄င္းတုိ ့ရဲ႕ အမည္နာမေတြကုိေတာ့ ထုတ္ေဖာ္ေျပာဆုိျခင္း မရွိေသးပါဘူး။ 
လုပ္ငန္းရွင္သူေဌးကုိေတာ့ ယင္း အိမ္ရဲ႕အခန္းတစ္ခုမွာ ေသာ့ပိတ္ထားတာကုိ ေတြ ့ရွိခဲ့ပါတယ္။ လုပ္ငန္းရွင္ရဲ႕အဆုိအရ လက္မီနာဂါကုိ လာေရာက္ဖုိ ့ အမ်ဳိးသမီးႏွစ္ဦးက သူ ့ကုိ ဖိတ္ေခၚခဲ့ေၾကာင္း ၄င္းတုိ ့အနက္ တစ္ဦးဟာ အရင္ကတည္းက သူနဲ ့သိကၽြမ္းသူျဖစ္ေၾကာင္း ဆုိပါတယ္။ ဒါေပမဲ့လည္း သူတုိ ့ေတြ ယင္းေနရာကုိ ေရာက္သြားခ်ိန္မွာ ေနာက္ထပ္ အမ်ဳိးသမီးႏွစ္ဦးကုိ ထပ္ေတြ ့ခဲ့ရေၾကာင္း၊ ယင္းေနာက္ သူတုိ ့သမီးတစ္ဦးကုိ အဓမၼျပဳက်င့္ခဲ့တယ္ဆုိကာ ယင္း အမ်ဳိးသမီးေတြက သူ ့ကုိ စြပ္စြဲခဲ့ၿပီး သူ ့ကုိ ျပန္လႊတ္ေပးဖုိ ့အတြက္ ျပန္ေပးေငြေတာင္းခဲ့ေၾကာင္း လုပ္ငန္းရွင္က ရွင္းျပခဲ့ပါတယ္။ 
အမည္နာမ ေဖာ္ျပျခင္းမရွိေသးတဲ့ ယင္း လုပ္ငန္းရွင္က သူ ့အေပၚ စြပ္စြဲခ်က္ေတြကုိ ျငင္းဆုိထားခဲ့ကာ ရဲတပ္ဖြဲ ့အေနနဲ ့လည္း ျပန္ေပးသမားေတြ စြပ္စြဲတဲ့ လိင္ပုိင္းဆုိင္ရာက်ဴးလြန္မႈဆုိတာကုိ စုံစမ္းစစ္ေဆးေနျခင္းရွိ မရွိ ရွင္းရွင္းလင္းလင္း မသိရပါဘူး။ 
- ကိုလင္း (အကုန္သိ သတင္းဌာန) | Ref : RT 

Unicode version

မုဒိမ်းမှုကျူးလွန်ခဲ့သည်ဆိုသည့် လုပ်ငန်းရှင်တစ်ဦးကို အိန္ဒိယ အမျိုးသမီးတစ်စုက ပြန်ပေးဆွဲကာ ငွေညှစ်မှုဖြစ်ပွား 

လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုရှိခဲ့တယ်လို့ စွပ်စွဲကာ အမျိုးသမီးတစ်စုက ပြန်ပေးဆွဲသွားတဲ့ လူချမ်းသာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ကယ်တင်ဖို့အတွက် အိန္ဒိယရဲတပ်ဖွဲ့ဟာ နယူးဒေလီမြို့က နေအိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ မုဒိမ်းမှုဟာ အဓိက ပြဿနာကြီးတစ်ခုဖြစ်နေပြီး မုဒိမ်းကောင် အဖြစ် မှားယွင်း ယိုးစွပ်မှုတွေလည်း များစွာ ပေါ်ပေါက်နေခဲ့ပါတယ်။ 
မွမ်ဘိုင်းမြို့အခြေစိုက် ပင်လယ်ရေကြောင်း အင်ဂျင်နီယာ ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျင်း ဒါရိုက်တာဖြစ်သူဟာ မြို့တော်သို့ ခရီးထွက်သွားစဉ် ပြန်ပေးဆွဲခံလိုက်ရကြောင်း သောကြာနေ့မှာ ရဲတပ်ဖွဲ့ထံ သတင်းပေးချက်ရရှိခဲ့ပါတယ်။ မကြာခင်မှာ ထွက်ပေါ်လာတဲ့ စီစီတီဗီမှတ်တမ်းအရ အသက် ၆၄ နှစ်အရွယ် သူဌေးဟာ တည်းခိုရာ ကြယ်ငါးပွင့်ဟိုတယ်ကနေ အမျိုးသမီးနှစ်ဦး ခြံရံထွက်လာကာ Hyudai Verna ကားနဲ့ထွက်ခွာသွားခဲ့တာတွေ့ရှိခဲ့ကြပါတယ်။ 
ပြန်ပေးသမားတွေဟာ သူဌေးကို ရူပီး ၃ သန်း(ဒေါ်လာ ၄၂၆၀၀) နဲ့ ပြန်ရွေးဖို့အတွက် ကုမ္ပဏီတာဝန်ရှိသူတွေထံ WhatApp ကတဆင့် အကြိမ်ကြိမ် ဆက်သွယ်တောင်းဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက Time of India သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရဲတပ်ဖွဲ့ဟာ ဖမ်းခေါ်သွားတဲ့ ကားရဲ့လိုင်စင်နံပါတ်အရ ပိုင်ရှင်ကို ခြေရာခံရှာဖွေခဲ့ပါတယ်။ ကားပိုင်ရှင်ကို နေအိမ်မှာတွေ့ခဲ့ကာ ၎င်းဟာလည်း ပြန်ပေးအစီအစဉ်မှာ အပိုင်းတစ်နေရာက ပါဝင်သူဖြစ်ကြောင်းနဲ့ ငွေအလွယ်ရချင်လို့ အခုလိုပါဝင်ခဲ့တာဖြစ်ကြောင်း ဝန်ခံဖြောင့်ချက်ပေးခဲ့ပါတယ်။ လုပ်ငန်းရှင် သူဌေးဖမ်းခံထားရတဲ့ နေရာကို ၎င်းက ရဲတပ်ဖွဲ့ထံ ပြောဆိုခဲ့ပါတယ်။ 
မြို့တော် ဒေလီ အရှေ့ပိုင်း လက်မီနာဂါခရိုင်ရှိ ပြန်ပေးသမားတွေ ပုန်းအောင်းနေတဲ့ နေရာကို စနေနေ့မှာ ရဲတပ်ဖွဲ့က ဝင်စီးခဲ့ပြီး အမျိုးသမီးလေးဦးနဲ့ ကားပိုင်ရှင် အပါအဝင် အမျိုးသားနှစ်ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေ ဆက်လုပ်နေတာကြောင့် ၎င်းတို့ရဲ့ အမည်နာမတွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ 
လုပ်ငန်းရှင်သူဌေးကိုတော့ ယင်း အိမ်ရဲ့အခန်းတစ်ခုမှာ သော့ပိတ်ထားတာကို တွေ့ရှိခဲ့ပါတယ်။ လုပ်ငန်းရှင်ရဲ့အဆိုအရ လက်မီနာဂါကို လာရောက်ဖို့ အမျိုးသမီးနှစ်ဦးက သူ့ကို ဖိတ်ခေါ်ခဲ့ကြောင်း ၎င်းတို့အနက် တစ်ဦးဟာ အရင်ကတည်းက သူနဲ့သိကျွမ်းသူဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမဲ့လည်း သူတို့တွေ ယင်းနေရာကို ရောက်သွားချိန်မှာ နောက်ထပ် အမျိုးသမီးနှစ်ဦးကို ထပ်တွေ့ခဲ့ရကြောင်း၊ ယင်းနောက် သူတို့သမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုကာ ယင်း အမျိုးသမီးတွေက သူ့ကို စွပ်စွဲခဲ့ပြီး သူ့ကို ပြန်လွှတ်ပေးဖို့အတွက် ပြန်ပေးငွေတောင်းခဲ့ကြောင်း လုပ်ငန်းရှင်က ရှင်းပြခဲ့ပါတယ်။ 
အမည်နာမ ဖော်ပြခြင်းမရှိသေးတဲ့ ယင်း လုပ်ငန်းရှင်က သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားခဲ့ကာ ရဲတပ်ဖွဲ့အနေနဲ့လည်း ပြန်ပေးသမားတွေ စွပ်စွဲတဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဆိုတာကို စုံစမ်းစစ်ဆေးနေခြင်းရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ 
- ကိုလင်း (အကုန်သိ သတင်းဌာန)  | Ref : RT 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။