Skip to main content
Huawei ဖုန္းမ်ားတြင္ Google ရဲ႕ ဝန္ေဆာင္မႈ Application မ်ား အသုံးျပဳခြင့္ ဆုိင္းငံ့ေတာ့မည္
Ads Block

Huawei ဖုန္းမ်ားတြင္ Google ရဲ႕ ဝန္ေဆာင္မႈ Application မ်ား အသုံးျပဳခြင့္ ဆုိင္းငံ့ေတာ့မည္

Google ဟာ Open Source License ျဖင့္ အသုံးျပဳခြင့္ေပးထားတဲ့အရာမ်ားမွအပ ၄င္းတုိ႔ရဲ႕ အျခား Hardware ၊ Software နဲ႔ နည္းပညာပုိင္းဝန္ေဆာင္မႈေတြကုိ Huawei ဖုန္းမ်ားတြင္ အသုံးျပဳခြင့္ကို ဆုိင္းငံ့ထားလုိက္ၿပီျဖစ္ေၾကာင္း ေမလ ၁၉ ရက္ေန႔မွာ သတင္းရရွိခဲ့ပါတယ္။
ထုိသုိ႔ဆုိင္းငံ့လုိက္ျခင္းေၾကာင့္ အသစ္ထုတ္မယ့္ Huawei ဖုန္းေတြမွာ Google ရဲ႕ Play Store ကဲ့သုိ႔ေသာ App ေတြကုိ အသုံးျပဳခြင့္ရေတာ့မွာ မဟုတ္ပါဘူး။
ဒါေပမဲ့ အသုံးျပဳသူေတြၾကား လက္ရွိလည္ပတ္ေနတဲ့ ဖုန္းေတြမွာ Google ရဲ႕ Application ေတြကုိ ဆက္လက္အသုံးျပဳႏုိင္မယ့္အျပင္ Update ေတြကုိပါ ရယူႏုိင္ဦးမယ္လုိ႔ သိရပါတယ္။ ဒါ့ျပင္ Google Play Protect လုံၿခဳံေရးဝန္ေဆာင္မႈကုိလည္း အသုံးျပဳႏုိင္ဦးမယ္လုိ႔ ဆုိပါတယ္။
အသစ္ထုတ္မယ့္ Huawei ဖုန္းေတြမွာေတာ့ Google မွ Open Source License ျဖင့္ ခြင့္ျပဳ ေပးထားတဲ့ Andriod OS ကုိ ဆက္လက္အသုံးျပဳႏုိင္ဦးမွာ ျဖစ္ေပမယ့္ Chrome Browser၊ Play Store ၊ Gmail နဲ႔ Youtube ကဲ့သုိ႔ေသာ Google မူပုိင္ Application ေတြကုိ အသုံးျပဳႏုိင္ေတာ့မွာ မဟုတ္ပါဘူး။
Huawei ဖုန္းေတြမွာ မည္သည့္ဝန္ေဆာင္မႈေတြကုိ အသုံးျပဳခြင့္ဆုိင္းငံ့ထားမည္ ဆုိသည့္ အေၾကာင္းကုိ Google ကုမၸဏီအတြင္းမွာ အေသးစိတ္ ဆက္လက္ေဆြးေႏြးေနၾကဆဲဟု သိရပါတယ္။ 
Huawei ဘက္ကလည္း ၄င္းတုိ႔ဟာ Andriod အသုံးျပဳခြင့္ ပိတ္သိမ္းခံရပါက ဆက္လက္ လည္ပတ္ႏုိင္ရန္ အေရးေပၚအစီအစဥ္ေတြ ျပင္ဆင္ထားတယ္လုိ႔ ဆုိပါတယ္။ အခ်ိဳ႕နည္းပညာေတြဆုိရင္ တ႐ုတ္ျပည္တြင္းမွာ ေရာင္းခ်၊ အသုံးျပဳေနၿပီး ျဖစ္ပါတယ္။
ထရမ့္အစုိးရဟာ ေမလ ၁၆ ရက္ေန႔မွာ Huawei နည္းပညာကုမၸဏီကုိ ကုန္သြယ္ေရး အမည္ပ်က္စာရင္း သြင္းခဲ့တာေၾကာင့္ အေမရိကန္အေျခစုိက္ကုမၸဏီေတြအတြက္ Huawei နဲ႔ ပူးေပါင္းလုပ္ကုိင္ရန္ အလြန္ခက္ခဲသြားပါတယ္။ Huawei ဘက္ကလည္း ထုိသုိ႔အမည္ပ်က္စာရင္း သြင္းခံရျခင္းေၾကာင့္ မည္သုိ႔မည္မွ် သက္ေရာက္ထိခုိက္လာဦးမည္ဆုိတာကုိ ဆက္လက္ ေလ့လာေနပါတယ္။
5G နည္းပညာၿပိဳင္ပြဲမွာ အနည္းငယ္အေရးသာေနတဲ့ တ႐ုတ္ကုိ အေမရိကန္တုိ႔က ေနရာမေပး လုိတဲ့အတြက္ ဖိအားေပးေနၾကရာ တ႐ုတ္ကုမၸဏီ Huawei ဟာ အဓိကပစ္မွတ္ ျဖစ္လာပါတယ္။ Huawei ဟာလည္း 5G နည္းပညာမွာ ေရွ႕ဆုံးမွဦးေဆာင္ေနတဲ့ ကုမၸဏီျဖစ္ပါတယ္။ 
- ZHO (အကုန္သိ သတင္းဌာန) | (Ref : Multiple Sources)

Unicode version

Huawei ဖုန်းများတွင် Google ရဲ့ ဝန်ဆောင်မှု Application များ အသုံးပြုခွင့် ဆိုင်းငံ့တော့မည်

Google ဟာ Open Source License ဖြင့် အသုံးပြုခွင့်ပေးထားတဲ့အရာများမှအပ ၎င်းတို့ရဲ့ အခြား Hardware ၊ Software နဲ့ နည်းပညာပိုင်းဝန်ဆောင်မှုတွေကို Huawei ဖုန်းများတွင် အသုံးပြုခွင့်ကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း မေလ ၁၉ ရက်နေ့မှာ သတင်းရရှိခဲ့ပါတယ်။
ထိုသို့ဆိုင်းငံ့လိုက်ခြင်းကြောင့် အသစ်ထုတ်မယ့် Huawei ဖုန်းတွေမှာ Google ရဲ့ Play Store ကဲ့သို့သော App တွေကို အသုံးပြုခွင့်ရတော့မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ အသုံးပြုသူတွေကြား လက်ရှိလည်ပတ်နေတဲ့ ဖုန်းတွေမှာ Google ရဲ့ Application တွေကို ဆက်လက်အသုံးပြုနိုင်မယ့်အပြင် Update တွေကိုပါ ရယူနိုင်ဦးမယ်လို့ သိရပါတယ်။ ဒါ့ပြင် Google Play Protect လုံခြုံရေးဝန်ဆောင်မှုကိုလည်း အသုံးပြုနိုင်ဦးမယ်လို့ ဆိုပါတယ်။
အသစ်ထုတ်မယ့် Huawei ဖုန်းတွေမှာတော့ Google မှ Open Source License ဖြင့် ခွင့်ပြု ပေးထားတဲ့ Andriod OS ကို ဆက်လက်အသုံးပြုနိုင်ဦးမှာ ဖြစ်ပေမယ့် Chrome Browser၊ Play Store ၊ Gmail နဲ့ Youtube ကဲ့သို့သော Google မူပိုင် Application တွေကို အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။
Huawei ဖုန်းတွေမှာ မည်သည့်ဝန်ဆောင်မှုတွေကို အသုံးပြုခွင့်ဆိုင်းငံ့ထားမည် ဆိုသည့် အကြောင်းကို Google ကုမ္ပဏီအတွင်းမှာ အသေးစိတ် ဆက်လက်ဆွေးနွေးနေကြဆဲဟု သိရပါတယ်။ 
Huawei ဘက်ကလည်း ၎င်းတို့ဟာ Andriod အသုံးပြုခွင့် ပိတ်သိမ်းခံရပါက ဆက်လက် လည်ပတ်နိုင်ရန် အရေးပေါ်အစီအစဉ်တွေ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ အချို့နည်းပညာတွေဆိုရင် တရုတ်ပြည်တွင်းမှာ ရောင်းချ၊ အသုံးပြုနေပြီး ဖြစ်ပါတယ်။
ထရမ့်အစိုးရဟာ မေလ ၁၆ ရက်နေ့မှာ Huawei နည်းပညာကုမ္ပဏီကို ကုန်သွယ်ရေး အမည်ပျက်စာရင်း သွင်းခဲ့တာကြောင့် အမေရိကန်အခြေစိုက်ကုမ္ပဏီတွေအတွက် Huawei နဲ့ ပူးပေါင်းလုပ်ကိုင်ရန် အလွန်ခက်ခဲသွားပါတယ်။ Huawei ဘက်ကလည်း ထိုသို့အမည်ပျက်စာရင်း သွင်းခံရခြင်းကြောင့် မည်သို့မည်မျှ သက်ရောက်ထိခိုက်လာဦးမည်ဆိုတာကို ဆက်လက် လေ့လာနေပါတယ်။
5G နည်းပညာပြိုင်ပွဲမှာ အနည်းငယ်အရေးသာနေတဲ့ တရုတ်ကို အမေရိကန်တို့က နေရာမပေး လိုတဲ့အတွက် ဖိအားပေးနေကြရာ တရုတ်ကုမ္ပဏီ Huawei ဟာ အဓိကပစ်မှတ် ဖြစ်လာပါတယ်။ Huawei ဟာလည်း 5G နည်းပညာမှာ ရှေ့ဆုံးမှဦးဆောင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ 
- ZHO (အကုန်သိ သတင်းဌာန)  | (Ref : Multiple Sources)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။