Skip to main content
ေသြးတုိးေရာဂါရွိသူတစ္၀က္ခန္႔မွာ ေသြးတုိးေရာဂါရွိေၾကာင္းမသိဘဲ ေနာက္ဆက္တြဲေရာဂါမ်ားျဖင့္ အသက္ဆုံးရႈံးၾကရဟု ဆို 
Ads Block

ေသြးတုိးေရာဂါရွိသူတစ္၀က္ခန္႔မွာ ေသြးတုိးေရာဂါရွိေၾကာင္းမသိဘဲ ေနာက္ဆက္တြဲေရာဂါမ်ားျဖင့္ အသက္ဆုံးရႈံးၾကရဟု ဆို 

ေသြးတုိးေရာဂါရွိသူတစ္၀က္ခန္႔မွာ ေသြးတုိးေရာဂါရွိမွန္းမသိဘဲ ေနာက္ဆက္တြဲေရာဂါမ်ားျဖင့္ အသက္ဆုံးရံႈးခံေနရေၾကာင္း ပါေမာကၡေဒါက္တာညြန္႔သိန္း(ဂုဏ္ထူးေဆာင္ပါေမာကၡ ေဆးတကၠသုိလ္- ၁ ရန္ကုန္) က ေျပာသည္။
ေသြးတုိးေရာဂါႏွင့္ပတ္သက္၍ေျပာၾကားရာတြင္ ယခုကဲ့သို႔ ထည့္သြင္းေျပာၾကားျခင္း ျဖစ္သည္။ 
“အံ့ၾသစရာေကာင္းတာက ေသြးတုိးေရာဂါရွိေနတဲ့လူတစ္၀က္ေလာက္ဟာ ေသြးတုိးေရာဂါရွိမွန္းမသိဘဲနဲ႔ ေသြးတုိးေရာဂါရဲ႕ ေနာက္ဆက္တြဲေရာဂါေတြနဲ႔အသက္ဆုံးရႈံးေနရတာျဖစ္ပါတယ္။ ေသြးတုိးေရာဂါဆုိတဲ့ ေနရာမွာ ေသြးတုိးတစ္ခုတည္းနဲ႔ျပႆနာျဖစ္တာမဟုတ္ဘဲနဲ႔ သူ႔ရဲ႔ေနာက္ဆက္တြဲျပႆနာေတြထဲမွာ ေၾကာက္စရာအေကာင္းဆုံးကေလျဖတ္တယ္။ ဦးေႏွာက္ေသြးေၾကာျပတ္တယ္။ ဦးေႏွာက္ေသြးေၾကာ ပိတ္တယ္။ ႏွလံုးေပါ့။ ေနာက္ပုိင္းက်ေတာ့ ေက်ာက္ကပ္ထိခုိက္တယ္။ အဲဒီလုိမ်ိဳးေတြေၾကာင့္ ခုနကေျပာသလုိ သန္းေပါင္းမ်ားစြာလူေတြအသက္ကုိထိခုိက္တာမုိ႔လုိ႔ ေသြးတုိးနဲ႔ပတ္သက္လုိ႔ နံပါတ္တစ္- လူေတြသိဖုိ႔ လုိပါတယ္’’ ဟုပါေမာကၡ ေဒါက္တာညြန္႔သိန္းက ေျပာသည္။

ေသြးတုိးေရာဂါရွိသူတစ္၀က္ခန္႔မွာ ေသြးတုိးေရာဂါရွိေၾကာင္းမသိဘဲ ေနာက္ဆက္တြဲေရာဂါမ်ားျဖင့္ အသက္ဆုံးရႈံးၾကရဟု ဆို 


နွစ္စဥ္ေမလ ၁၇ ရက္သည္ ကမၻာ႔ေသြးတုိးေရာဂါေန႔ျဖစ္ၿပီး ကမၻာေပၚတြင္ လူဦးေရ ၁ ဒႆမ ၈ ဘီလ်ံသည္ ေသြးတုိးေရာဂါခံစားေနရကာ နွစ္စဥ္ လူဦးေရ ၁၀ မီလ်ံသည္ ေသြးတုိးႏွင့္ေနာက္ဆက္တြဲေရာဂါမ်ားေၾကာင့္ အသက္ထိခုိက္ဆုံးရံႈးေနရေၾကာင္း သိရသည္။
“ သင့္ရဲ႕နံပါတ္ကုိသိပါ။ ဘာနံပါတ္လဲဆုိေတာ့ ေသြးတုိးဘယ္ေလာက္ရွိလဲဆုိတာကိုသိပါ။ ဒီလုိသိျခင္းအားျဖင့္ ေသြးတုိးရွိတာကုိသိမယ္။ သိရင္ ေသြးတုိးကုိဖိဖိစီးစီးကုမယ္။ အခုနေျပာသလုိ အသက္ဆုံးရႈံးႏုိင္ေလာက္တဲ့ ဒါမွမဟုတ္ လူစဥ္မမီေလာက္တဲ့ေရာဂါေတြကုိကုသႏုိင္ဖုိ႔အတြက္ကုိ က်န္းမာေရးအဖြဲ႔ေတြဟာ လုပ္ေနၾကတာ ျဖစ္ပါတယ္’’ ဟု ပါေမာကၡေဒါက္တာညြန္႔သိန္းက ဆက္ေျပာသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

သွေးတိုးရောဂါရှိသူတစ်ဝက်ခန့်မှာ သွေးတိုးရောဂါရှိကြောင်းမသိဘဲ နောက်ဆက်တွဲရောဂါများဖြင့် အသက်ဆုံးရှုံးကြရဟု ဆို 

သွေးတိုးရောဂါရှိသူတစ်ဝက်ခန့်မှာ သွေးတိုးရောဂါရှိမှန်းမသိဘဲ နောက်ဆက်တွဲရောဂါများဖြင့် အသက်ဆုံးရှုံးခံနေရကြောင်း ပါမောက္ခဒေါက်တာညွန့်သိန်း(ဂုဏ်ထူးဆောင်ပါမောက္ခ ဆေးတက္ကသိုလ်- ၁ ရန်ကုန်) က ပြောသည်။
သွေးတိုးရောဂါနှင့်ပတ်သက်၍ပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။ 
“အံ့သြစရာကောင်းတာက သွေးတိုးရောဂါရှိနေတဲ့လူတစ်ဝက်လောက်ဟာ သွေးတိုးရောဂါရှိမှန်းမသိဘဲနဲ့ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေနဲ့အသက်ဆုံးရှုံးနေရတာဖြစ်ပါတယ်။ သွေးတိုးရောဂါဆိုတဲ့ နေရာမှာ သွေးတိုးတစ်ခုတည်းနဲ့ပြဿနာဖြစ်တာမဟုတ်ဘဲနဲ့ သူ့ရဲ့နောက်ဆက်တွဲပြဿနာတွေထဲမှာ ကြောက်စရာအကောင်းဆုံးကလေဖြတ်တယ်။ ဦးနှောက်သွေးကြောပြတ်တယ်။ ဦးနှောက်သွေးကြော ပိတ်တယ်။ နှလုံးပေါ့။ နောက်ပိုင်းကျတော့ ကျောက်ကပ်ထိခိုက်တယ်။ အဲဒီလိုမျိုးတွေကြောင့် ခုနကပြောသလို သန်းပေါင်းများစွာလူတွေအသက်ကိုထိခိုက်တာမို့လို့ သွေးတိုးနဲ့ပတ်သက်လို့ နံပါတ်တစ်- လူတွေသိဖို့ လိုပါတယ်’’ ဟုပါမောက္ခ ဒေါက်တာညွန့်သိန်းက ပြောသည်။

ေသြးတုိးေရာဂါရွိသူတစ္၀က္ခန္႔မွာ ေသြးတုိးေရာဂါရွိေၾကာင္းမသိဘဲ ေနာက္ဆက္တြဲေရာဂါမ်ားျဖင့္ အသက္ဆုံးရႈံးၾကရဟု ဆို 


နှစ်စဉ်မေလ ၁၇ ရက်သည် ကမ္ဘာ့သွေးတိုးရောဂါနေ့ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူဦးရေ ၁ ဒဿမ ၈ ဘီလျံသည် သွေးတိုးရောဂါခံစားနေရကာ နှစ်စဉ် လူဦးရေ ၁၀ မီလျံသည် သွေးတိုးနှင့်နောက်ဆက်တွဲရောဂါများကြောင့် အသက်ထိခိုက်ဆုံးရှုံးနေရကြောင်း သိရသည်။
“ သင့်ရဲ့နံပါတ်ကိုသိပါ။ ဘာနံပါတ်လဲဆိုတော့ သွေးတိုးဘယ်လောက်ရှိလဲဆိုတာကိုသိပါ။ ဒီလိုသိခြင်းအားဖြင့် သွေးတိုးရှိတာကိုသိမယ်။ သိရင် သွေးတိုးကိုဖိဖိစီးစီးကုမယ်။ အခုနပြောသလို အသက်ဆုံးရှုံးနိုင်လောက်တဲ့ ဒါမှမဟုတ် လူစဉ်မမီလောက်တဲ့ရောဂါတွေကိုကုသနိုင်ဖို့အတွက်ကို ကျန်းမာရေးအဖွဲ့တွေဟာ လုပ်နေကြတာ ဖြစ်ပါတယ်’’ ဟု ပါမောက္ခဒေါက်တာညွန့်သိန်းက ဆက်ပြောသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။