Skip to main content
ကာစီႏိုေလာင္းကစား႐ုံအတြက္ လာေရာက္ေလွ်ာက္ထားသည့္ ကုမၸဏီမရွိေသးဟုဆို
Ads Block

ကာစီႏိုေလာင္းကစား႐ုံအတြက္ လာေရာက္ေလွ်ာက္ထားသည့္ ကုမၸဏီမရွိေသးဟုဆို

ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေလာင္းကစားဥပေဒအသစ္ကို အတည္ျပဳျပ႒ာန္းၿပီးသည့္နာက္ပိုင္းတြင္  ကာစီႏိုေလာင္းကစား႐ုံအတြက္ လာေရာက္ေလွ်ာက္ထားသည့္ ကုမၸဏီမရွိေသးေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ေျပာသည္။
အတည္ျပဳျပ႒ာန္းလိုက္သည့္ ဥပေဒတြင္ ျပည္ပလုပ္ငန္းရွင္ကိုသာ လုပ္ကိုင္ခြင့္ျပဳမည္ျဖစ္ၿပီး ျပည္တြင္းလုပ္ငန္းရွင္မ်ားကို လုပ္ကိုင္ခြင့္ျပဳမည္မဟုတ္ဘဲ ျပစ္မႈျပစ္ဒဏ္အေနျဖင့္ ေထာင္ဒဏ္ သုံးႏွစ္ႏွင့္ ဒဏ္ေငြ က်ပ္ ၁၀ သိန္းအထိ သတ္မွတ္ထားေၾကာင္း သိရသည္။ 

ကာစီႏိုေလာင္းကစား႐ုံအတြက္ လာေရာက္ေလွ်ာက္ထားသည့္ ကုမၸဏီမရွိေသးဟုဆို


“သူက ဥပေဒသာ အတည္ျပဳျပ႒ာန္းလိုက္တာ။ တစ္ျခားေဆာင္႐ြက္ရမယ့္ဟာေတြ အမ်ားႀကီးက်န္ေသးတယ္။ နည္းဥပေဒကအစ ေရးဆြဲဖို႔ က်န္ေသးတယ္။ လက္ရွိအခ်ိန္ထိေတာ့ လာေရာက္ေလွ်ာက္ထားတဲ့ ကုမၸဏီမရွိေသးဘူး။ အေသးစိတ္ကိုေတာ့ ျပည္ထဲေရးဝန္ႀကီးဌာနက ကိုင္တာျဖစ္ပါတယ္” ဟု ဦးေအာင္ႏိုင္ဦးက ေျပာသည္။
အတည္ျပဳျပ႒ာန္းလိုက္သည့္ ဥပေဒတြင္ ေလာင္းကစားဝိုင္းမ်ားအား သတင္းေပးသူကို ႏိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္းရမိ သည့္အထဲမွ ၁၀ ရာခိုင္ႏႈန္းကို ဆုေငြခ်ီးျမႇင့္ျခင္းႏွင့္ ဖမ္းဆီးသူမ်ားအား ၂၀ ရာခိုင္ႏႈန္း ခ်ီးျမႇင့္မည့္ ျပ႒ာန္းခ်က္မ်ားကိုလည္း ထည့္သြင္းျပ႒ာန္းထားေၾကာင္း သိရသည္။ 
ယခင္ျပ႒ာန္းထားသည့္ ဥပေဒအရ ကာစီႏိုမ်ားသည္ တရားမဝင္ေသာ္လည္း ေကာ့ေသာင္းၿမိဳ႕နယ္ႏွင့္ ျမဝတီၿမိဳ႕နယ္မ်ားအတြင္ ဖြင့္လွစ္လုပ္ကိုင္ေနသည္မွာ ဆယ္စုႏွစ္ တစ္ခုေက်ာ္ၿပီျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံတကာတြင္လည္း ကာစီႏိုလုပ္ငန္းကို တရားဝင္လုပ္ကိုင္ေနၾကသည့္အတြက္ ျပည္တြင္း၌လည္း တရားဝင္လုပ္ကိုင္ခြင့္ျပဳရန္ လိုအပ္ေၾကာင္း၊ ျပည္ပခရီးသြားဧည့္သည္မ်ားကို ဆြဲေဆာင္ႏိုင္ရန္အတြက္ ကာစီႏိုသည္မ်ားစြာအေထာက္အကူျပဳေၾကာင္းလည္း ခရီးသြားလုပ္ငန္းရွင္မ်ား၏ ေျပာျပခ်က္အရ သိရသည္။
ျပည္တြင္း၌ ကာစီႏိုလုပ္ငန္းလုပ္ကိုင္ရန္  ထိုင္းႏိုင္ငံမွ အမ်ားဆုံးစိတ္ဝင္စားမႈရွိေနၿပီး ျမန္မာႏိုင္ငံသားမ်ား လုံးဝဝင္ေရာက္ ေဆာ့ကစားျခင္းမျပဳရန္ ထိေရာက္စြာ တားျမစ္သြားမည္ျဖစ္ၿပီး ကရင္ျပည္နယ္၊ တနသၤာရီႏွင့္ မြန္ျပည္နယ္တို႔တြင္ လုပ္ကိုင္ခြင့္ျပဳရန္ ျပည္ေထာင္စုအဖြဲ႕သို႔ စာတင္ထားေၾကာင္းလည္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode version

ကာစီနိုလောင်းကစားရုံအတွက် လာရောက်လျှောက်ထားသည့် ကုမ္ပဏီမရှိသေးဟုဆို

ပြည်ထောင်စုလွှတ်တော်တွင် လောင်းကစားဥပဒေအသစ်ကို အတည်ပြုပြဋ္ဌာန်းပြီးသည့်နာက်ပိုင်းတွင်  ကာစီနိုလောင်းကစားရုံအတွက် လာရောက်လျှောက်ထားသည့် ကုမ္ပဏီမရှိသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောသည်။
အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် ပြည်ပလုပ်ငန်းရှင်ကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပြုမည်မဟုတ်ဘဲ ပြစ်မှုပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် သုံးနှစ်နှင့် ဒဏ်ငွေ ကျပ် ၁၀ သိန်းအထိ သတ်မှတ်ထားကြောင်း သိရသည်။ 

ကာစီႏိုေလာင္းကစား႐ုံအတြက္ လာေရာက္ေလွ်ာက္ထားသည့္ ကုမၸဏီမရွိေသးဟုဆို


“သူက ဥပဒေသာ အတည်ပြုပြဋ္ဌာန်းလိုက်တာ။ တစ်ခြားဆောင်ရွက်ရမယ့်ဟာတွေ အများကြီးကျန်သေးတယ်။ နည်းဥပဒေကအစ ရေးဆွဲဖို့ ကျန်သေးတယ်။ လက်ရှိအချိန်ထိတော့ လာရောက်လျှောက်ထားတဲ့ ကုမ္ပဏီမရှိသေးဘူး။ အသေးစိတ်ကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တာဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။
အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် လောင်းကစားဝိုင်းများအား သတင်းပေးသူကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရမိ သည့်အထဲမှ ၁၀ ရာခိုင်နှုန်းကို ဆုငွေချီးမြှင့်ခြင်းနှင့် ဖမ်းဆီးသူများအား ၂၀ ရာခိုင်နှုန်း ချီးမြှင့်မည့် ပြဋ္ဌာန်းချက်များကိုလည်း ထည့်သွင်းပြဋ္ဌာန်းထားကြောင်း သိရသည်။ 
ယခင်ပြဋ္ဌာန်းထားသည့် ဥပဒေအရ ကာစီနိုများသည် တရားမဝင်သော်လည်း ကော့သောင်းမြို့နယ်နှင့် မြဝတီမြို့နယ်များအတွင် ဖွင့်လှစ်လုပ်ကိုင်နေသည်မှာ ဆယ်စုနှစ် တစ်ခုကျော်ပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာတွင်လည်း ကာစီနိုလုပ်ငန်းကို တရားဝင်လုပ်ကိုင်နေကြသည့်အတွက် ပြည်တွင်း၌လည်း တရားဝင်လုပ်ကိုင်ခွင့်ပြုရန် လိုအပ်ကြောင်း၊ ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရန်အတွက် ကာစီနိုသည်များစွာအထောက်အကူပြုကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။
ပြည်တွင်း၌ ကာစီနိုလုပ်ငန်းလုပ်ကိုင်ရန်  ထိုင်းနိုင်ငံမှ အများဆုံးစိတ်ဝင်စားမှုရှိနေပြီး မြန်မာနိုင်ငံသားများ လုံးဝဝင်ရောက် ဆော့ကစားခြင်းမပြုရန် ထိရောက်စွာ တားမြစ်သွားမည်ဖြစ်ပြီး ကရင်ပြည်နယ်၊ တနင်္သာရီနှင့် မွန်ပြည်နယ်တို့တွင် လုပ်ကိုင်ခွင့်ပြုရန် ပြည်ထောင်စုအဖွဲ့သို့ စာတင်ထားကြောင်းလည်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။