Skip to main content
၂၀၀၈ ဖြဲ႕စည္းပုံပါ ပုဒ္မ - ၅၉ ကိုျပင္မည္ဆိုပါကကန႔္ကြက္ရမည္ဟု ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ေျပာ
Ads Block

၂၀၀၈ ဖြဲ႕စည္းပုံပါ ပုဒ္မ - ၅၉ ကိုျပင္မည္ဆိုပါကကန႔္ကြက္ရမည္ဟု ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ေျပာ

၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ပုဒ္မ- ၅၉ ကိုျပင္ဆင္မည္ဆိုျခင္းကို ကန႔္ကြက္ရမည္ဟု ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးက ေျပာလိုက္သည္။
ေမလတတိယပတ္အတြင္းပဲခူးတိုင္းေဒသႀကီးတြင္ ျပည္ခိုင္ၿဖိဳးပါတီဝင္မ်ားႏွင့္ေတြ႕ဆုံစဥ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒအေၾကာင္းအရာေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

၂၀၀၈ ဖြဲ႕စည္းပုံပါ ပုဒ္မ - ၅၉ ကိုျပင္မည္ဆိုပါကကန႔္ကြက္ရမည္ဟု ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ေျပာ


“ ေတာင္းေဆြးေဆြး၊ အ႐ိုးေဆြးေဆြး၊ တိုင္းျပည္ေဆြးေဆြး ဒီဥပေဒထားရမယ္လို႔မဆိုလိုပါ။ တကယ္ အက်ိဳးရွိမဲ့ဟာကိုျပင္ေပးရမယ္ဆိုတာလက္ခံတယ္။ ၅၉ ကိုေတာ့ ကန႔္ကြက္ရမယ္။ ထားသင့္တဲ့ဟာကို ထားရပါမယ္။ ျပင္သင့္တဲ့ဟာကိုျပင္ရပါမယ္။ အေျခအေန၊ အခ်ိန္အခါ ကိုက္လာရင္ လုပ္ေပးရပါမယ္’’ ဟု ဦးသန္းေဌးကေျပာသည္။
၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ရန္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၂၉ ရက္က ျပည္ေထာင္စု လႊတ္ေတာ္တြင္ NLD ပါတီမွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫြန႔္က အေရးႀကီးအဆိုတင္သြင္းခဲ့သည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္မွလည္း ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို မျပင္ဟုတစ္ခါမွမေျပာခဲ့ဖူးေၾကာင္း၊ ျပင္သင့္ျပင္ထိုက္သည္ကို ျပင္ရမည္ ျဖစ္ေၾကာင္း၊ သို႔ေသာ္ ဖြဲ႕စည္းပုံအႏွစ္သာရကိုမထိခိုက္ရန္လိုအပ္ေၾကာင္း ေျပာၾကားထားသည္။

၂၀၀၈ ဖြဲ႕စည္းပုံပါ ပုဒ္မ - ၅၉ ကိုျပင္မည္ဆိုပါကကန႔္ကြက္ရမည္ဟု ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ေျပာ


၂၀၀၈ ဖြဲ႕စည္းပုံ၊ အခန္း- ၃ ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ားပုဒ္မ ၅၉(စ)တြင္  သမၼတ အရည္အခ်င္းျပဌာန္းခ်က္တြင္ မိမိကိုယ္တိုင္ေသာ္လည္းေကာင္း၊ မိမိ၏မိဘတစ္ပါးပါးေသာ္ လည္းေကာင္း၊ မိမိ၏ဇနီးသို႔မဟုတ္ ခင္ပြန္းေသာ္လည္းေကာင္း၊ မိမိ၏တရားဝင္သားသမီး တစ္ဦးဦးေသာ္လည္းေကာင္း၊ ထိုတရားဝင္သားသမီးတစ္ဦးဦး၏ဇနီးသို႔မဟုတ္ ခင္ပြန္း ေသာ္လည္းေကာင္း ႏိုင္ငံျခားအစိုးရ၏ေက်းဇူးသစၥာေတာ္ကိုခံယူေစာင့္ေရွာက္႐ိုေသသူသို႔မဟုတ္ ႏိုင္ငံျခားအစိုးရ၏လက္ေအာက္ခံျဖစ္သူသို႔မဟုတ္ တိုင္းတစ္ပါး၏ ႏိုင္ငံသားျဖစ္သူမျဖစ္ေစရ၊ ထိုသူမ်ားသည္ ႏိုင္ငံျခားအစိုးရ၏ လက္ေအာက္ခံျဖစ္သူေသာ္လည္းေကာင္း၊ တိုင္းတစ္ပါး၏ ႏိုင္ငံသားေသာ္လည္းေကာင္းခံစားရေသာအခြင့္အေရးမ်ားႏွင့္ ေက်းဇူးခံစားခြင့္ရွိသူမ်ားမျဖစ္ေစရဟု ျပ႒ာန္းပါရွိသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ - ၅၉ ကိုပြင်မည်ဆိုပါကကန့်ကွက်ရမည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ- ၅၉ ကိုပြင်ဆင်မည်ဆိုခြင်းကို ကန့်ကွက်ရမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောလိုက်သည်။
မေလတတိယပတ်အတွင်းပဲခူးတိုင်းဒေသကြီးတွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံစဉ် ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်းအရာပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဖြဲ႕စည္းပုံပါ ပုဒ္မ - ၅၉ ကိုျပင္မည္ဆိုပါကကန႔္ကြက္ရမည္ဟု ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ေျပာ


“ တောင်းဆွေးဆွေး၊ အရိုးဆွေးဆွေး၊ တိုင်းပြည်ဆွေးဆွေး ဒီဥပဒေထားရမယ်လို့မဆိုလိုပါ။ တကယ် အကျိုးရှိမဲ့ဟာကိုပြင်ပေးရမယ်ဆိုတာလက်ခံတယ်။ ၅၉ ကိုတော့ ကန့်ကွက်ရမယ်။ ထားသင့်တဲ့ဟာကို ထားရပါမယ်။ ပြင်သင့်တဲ့ဟာကိုပြင်ရပါမယ်။ အခြေအနေ၊ အချိန်အခါ ကိုက်လာရင် လုပ်ပေးရပါမယ်’’ ဟု ဦးသန်းဌေးကပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆိုတင်သွင်းခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဟုတစ်ခါမှမပြောခဲ့ဖူးကြောင်း၊ ပြင်သင့်ပြင်ထိုက်သည်ကို ပြင်ရမည် ဖြစ်ကြောင်း၊ သို့သော် ဖွဲ့စည်းပုံအနှစ်သာရကိုမထိခိုက်ရန်လိုအပ်ကြောင်း ပြောကြားထားသည်။

၂၀၀၈ ဖြဲ႕စည္းပုံပါ ပုဒ္မ - ၅၉ ကိုျပင္မည္ဆိုပါကကန႔္ကြက္ရမည္ဟု ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ေျပာ


၂၀၀၈ ဖွဲ့စည်းပုံ၊ အခန်း- ၃ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများပုဒ်မ ၅၉(စ)တွင်  သမ္မတ အရည်အချင်းပြဌာန်းချက်တွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာတော်ကိုခံယူစောင့်ရှောက်ရိုသေသူသို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူသို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူမဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်းခံစားရသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်ရှိသူများမဖြစ်စေရဟု ပြဋ္ဌာန်းပါရှိသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။