Skip to main content
မီးပြိဳင့္မ်ားတြင္ ေတာင္းရမ္းေနေသာ ကေလးငယ္မ်ား၏ဘ၀ေရွ႕ေရးကုိစဥ္းစားသင့္ဟု ခ်စ္ခ်စ္ေဇာ္ေျပာ 
Ads Block

မီးပြိဳင့္မ်ားတြင္ ေတာင္းရမ္းေနေသာ ကေလးငယ္မ်ား၏ဘ၀ေရွ႕ေရးကုိစဥ္းစားသင့္ဟု ခ်စ္ခ်စ္ေဇာ္ေျပာ 

မီးပြဳိင့္မ်ားတြင္ ေတာင္းရမ္းေနေသာကေလးငယ္မ်ား၏ဘ၀ေရွ႕ေရးကုိ လူတုိင္းစဥ္းစားေပးသင့္ေၾကာင္း သရုပ္ေဆာင္ခ်စ္ခ်စ္ေဇာ္က ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိစိန္ရတုခန္းမတြင္ ေမလ ၁၉ ရက္ကက်င္းပေသာ ရန္ကုန္တုိင္းေဒသႀကီးအတြင္းရွိ ရင္ခြင္မဲ့ကေလးငယ္မ်ားေလွ်ာ့ခ်ေရးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေရးအသင္းအဆင့္ဆင့္ဖြဲ႔စည္းေရး အစည္းအေ၀းတြင္ အကုန္သိသတင္းဌာနထံ ေျဖၾကားေပးျခင္းျဖစ္သည္။ 
“ တစ္ခါတစ္ေလမီးပြဳိင့္မွာလည္းကေလးေတြ ေတြ႔ေတြ႔ေနရတယ္။ အဲဒါမ်ိဳးေတြ႕ရင္ အစ္မဆုိလည္း စိတ္ထဲမေကာင္းဘူး။ ကားမွန္ခ်ၿပီးဘယ္မွာေနလဲ။ ဘာျဖစ္လုိ႔ဒီလုိေတာင္းေနတာလဲ။ မိဘေရာရွိလား။ အၿမဲတမ္းေမးေမးျဖစ္တယ္။ စိတ္မခ်မ္းသာစရာေပါ့။ အဲဒီေတာ့ ဒီကေလးေတြကုိထိန္းထိန္းသိမ္းသိမ္းနဲ႔ ဒီကေလးေတြဘ၀ေရွ႕ေရးအတြက္ဘယ္လုိေကာင္းေအာင္လုပ္ၾကမလဲ။ အဲလုိမ်ိဳးေလး စဥ္းစားသင့္တယ္’’ ဟု ခ်စ္ခ်စ္ေဇာ္က ေျပာသည္။
ျမန္မာႏုိင္ငံအတြင္း ၂၀၁၂ ခုႏွစ္မွ စတင္ေဆာင္႐ြက္ခဲ့သည့္ ဘက္စုံလႊမ္းၿခဳံႏုိင္ေသာပညာေရးက႑ ေလ့လာသုံးသပ္ေရးလုပ္ငန္း (Comprehensive Education Secotor Review-CESR) အစီအရင္ခံစာအရ ေက်ာင္းလုံး၀မေနဖူးသူႏွင့္ အေျခခံပညာၿပီးဆုံးေအာင္သင္ၾကားခြင့္မရသူဦးေရ ၂ ဒႆမ ၇ သန္း ရွိေၾကာင္း သိရသည္။
ထုိ႔အျပင္ ျမန္မာႏုိင္ငံရွိ ကေလးငယ္ေပါင္း ၂ ဒသမ ၅ သန္းသည္ အာဟာခ်ိဳ႕တဲ့မႈကို တစ္နည္းမဟုတ္ တစ္နည္းျဖင့္ခံစားေနရေၾကာင္း က်နး္မာေရးႏွင့္အားကစား၀န္ႀကီးဌာန၏ လြန္ခဲ့ေသာနွစ္မ်ားက ထုတ္ျပန္ထားခ်က္အရ သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

မီးပွိုင့်များတွင် တောင်းရမ်းနေသော ကလေးငယ်များ၏ဘဝရှေ့ရေးကိုစဉ်းစားသင့်ဟု ချစ်ချစ်ဇော်ပြော 

မီးပွိုင့်များတွင် တောင်းရမ်းနေသောကလေးငယ်များ၏ဘဝရှေ့ရေးကို လူတိုင်းစဉ်းစားပေးသင့်ကြောင်း သရုပ်ဆောင်ချစ်ချစ်ဇော်က ပြောသည်။
ရန်ကုန်မြို့ရှိစိန်ရတုခန်းမတွင် မေလ ၁၉ ရက်ကကျင်းပသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအဆင့်ဆင့်ဖွဲ့စည်းရေး အစည်းအဝေးတွင် အကုန်သိသတင်းဌာနထံ ဖြေကြားပေးခြင်းဖြစ်သည်။ 
“ တစ်ခါတစ်လေမီးပွိုင့်မှာလည်းကလေးတွေ တွေ့တွေ့နေရတယ်။ အဲဒါမျိုးတွေ့ရင် အစ်မဆိုလည်း စိတ်ထဲမကောင်းဘူး။ ကားမှန်ချပြီးဘယ်မှာနေလဲ။ ဘာဖြစ်လို့ဒီလိုတောင်းနေတာလဲ။ မိဘရောရှိလား။ အမြဲတမ်းမေးမေးဖြစ်တယ်။ စိတ်မချမ်းသာစရာပေါ့။ အဲဒီတော့ ဒီကလေးတွေကိုထိန်းထိန်းသိမ်းသိမ်းနဲ့ ဒီကလေးတွေဘဝရှေ့ရေးအတွက်ဘယ်လိုကောင်းအောင်လုပ်ကြမလဲ။ အဲလိုမျိုးလေး စဉ်းစားသင့်တယ်’’ ဟု ချစ်ချစ်ဇော်က ပြောသည်။
မြန်မာနိုင်ငံအတွင်း ၂၀၁၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည့် ဘက်စုံလွှမ်းခြုံနိုင်သောပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (Comprehensive Education Secotor Review-CESR) အစီအရင်ခံစာအရ ကျောင်းလုံးဝမနေဖူးသူနှင့် အခြေခံပညာပြီးဆုံးအောင်သင်ကြားခွင့်မရသူဦးရေ ၂ ဒဿမ ၇ သန်း ရှိကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံရှိ ကလေးငယ်ပေါင်း ၂ ဒသမ ၅ သန်းသည် အာဟာချို့တဲ့မှုကို တစ်နည်းမဟုတ် တစ်နည်းဖြင့်ခံစားနေရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လွန်ခဲ့သောနှစ်များက ထုတ်ပြန်ထားချက်အရ သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။