Skip to main content
ပုလဲၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ထုႏွင့္ လြတ္လပ္ေရးေက်ာက္တိုင္ တည္ေဆာက္မည္
Ads Block

ပုလဲၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ထုႏွင့္ လြတ္လပ္ေရးေက်ာက္တိုင္ တည္ေဆာက္မည္

စစ္ကိုင္းတိုင္းေဒသႀကီး၊ ပုလဲၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ထုႏွင့္ လြတ္လပ္ေရးေက်ာက္တိုင္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ပုလဲၿမိဳ႕နယ္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္႐ုံးမွ သိရသည္။
ၿမိဳ႕သာယာလွပၿပီး ၿမိဳ႕အဂၤါရပ္ႏွင့္ ညီၫြတ္ရန္၊ ႏိုင္ငံေတာ္၏ ေန႔ထူးေန႔ျမတ္မ်ားျဖစ္သည့္ ျပည္ေထာင္စုေန႔၊ လြတ္လပ္ေရးေန႔၊ အာဇာနည္ေန႔ စသည့္ အခမ္းအနားမ်ား ခမ္းနားထည္ဝါစြာ က်င္းပႏိုင္ရန္ႏွင့္ ၿမိဳ႕နယ္သူ ၿမိဳ႕နယ္သားမ်ား အပန္းေျဖ အနားယူ ႏိုင္ရန္အတြက္ ယခုကဲ့သို႔ တည္ေဆာက္ရျခင္းျဖစ္ေၾကာင္း သိရသည္။
"နတ္ေမာက္က ဗိုလ္ခ်ဳပ္အိမ္မွာရွိတဲ့ ကုလားထိုင္ေပၚမွာ ဗိုလ္ခ်ဳပ္စာဖတ္ေနတဲ့ပုံကို ထုလုပ္ခဲ့တဲ့ ဗိသုကာဆရာက ကြၽန္ေတာ္တို႔ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ထုကို  ထုလုပ္မွာ ျဖစ္ပါတယ္၊ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကို ၉ ေပ အျမင့္ ထုလုပ္မွာျဖစ္ပါတယ္၊ ေျမေနရာအတြက္ကို ေတာ့ ျပည္သူ႔လႊတ္ေတာ္အမတ္က ဝန္ႀကီးဌာနဆီ တင္ျပေတာင္းခံခဲ့ပါတယ္" ဟု ပုလဲၿမိဳ႕နယ္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒါက္တာေအာင္လင္းက ေျပာသည္။
ပုလဲၿမိဳ႕ ဝါႀကိတ္စက္႐ုံဝင္း အတြင္းရွိ ေျမ ၂.၆၁ ဧကတြင္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ထု၊ လြတ္လပ္ေရးေက်ာက္တိုင္၊ ၿမိဳ႕ေတာ္ခန္းမႏွင့္ အနားယူအပန္းေျဖ ပန္းၿခံတို႔ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
"ျပည္သူေတြအေနနဲ႔လည္း ပူးေပါင္းပါဝင္ေဆာင္႐ြက္ေပးၾကဖို႔ ေမတၱာရပ္ခံတယ္၊ ဖြင့္ပြဲအခမ္းအနားကိုေတာ့ လြတ္လပ္ေရးေန႔၊ ျပည္ေထာင္စုေန႔၊ ဗိုလ္ခ်ဳပ္ေမြးေန႔တို႔ထဲက သင့္ေတာ္ရာ တစ္ရက္ရက္မွာ ျပဳလုပ္ဖို႔  ေမွ်ာ္မွန္းထားပါတယ္" ဟု ပုလဲၿမိဳ႕နယ္မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ထက္က ေျပာသည္။
ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တု ျပဳလုပ္ႏိုင္ရန္အတြက္ ပုလဲၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္စန္းလႈိင္မွ က်ပ္သိန္း ၂၀၀ မတည္လႉဒါန္းၿပီး ဗိုလ္ခ်ဳပ္ပန္းၿခံ တည္ေဆာက္ရန္အတြက္ လိုအပ္သည့္ ပစၥည္းမ်ားကို စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ စည္ပင္သာယာေရးဝန္ႀကီး ဦးျမင့္ၾကည္မွ ကူညီေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္းႏွင့္ ၿမိဳ႕ေတာ္ခန္းမအတြက္ တိုင္းေဒသႀကီး ရန္ပုံ ေငြျဖင့္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ လုပ္ငန္းမ်ားအား ယခုလက္ရွိအခ်ိန္တြင္ စတင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနၿပီျဖစ္ၿပီး ယခုႏွစ္ကုန္ပိုင္းတြင္ အၿပီးသတ္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

- ကိုကိုလြင္ - ပုလဲ(အကုန္သိသတင္းဌာန)

Unicode version

ပုလဲမြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ထုနှင့် လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ထုနှင့် လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပုလဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ သိရသည်။
မြို့သာယာလှပပြီး မြို့အင်္ဂါရပ်နှင့် ညီညွတ်ရန်၊ နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များဖြစ်သည့် ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့ စသည့် အခမ်းအနားများ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရန်နှင့် မြို့နယ်သူ မြို့နယ်သားများ အပန်းဖြေ အနားယူ နိုင်ရန်အတွက် ယခုကဲ့သို့ တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။
"နတ်မောက်က ဗိုလ်ချုပ်အိမ်မှာရှိတဲ့ ကုလားထိုင်ပေါ်မှာ ဗိုလ်ချုပ်စာဖတ်နေတဲ့ပုံကို ထုလုပ်ခဲ့တဲ့ ဗိသုကာဆရာက ကျွန်တော်တို့ ဗိုလ်ချုပ်ကြေးရုပ်ထုကို  ထုလုပ်မှာ ဖြစ်ပါတယ်၊ ဗိုလ်ချုပ်ကြေးရုပ်ကို ၉ ပေ အမြင့် ထုလုပ်မှာဖြစ်ပါတယ်၊ မြေနေရာအတွက်ကို တော့ ပြည်သူ့လွှတ်တော်အမတ်က ဝန်ကြီးဌာနဆီ တင်ပြတောင်းခံခဲ့ပါတယ်" ဟု ပုလဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာအောင်လင်းက ပြောသည်။
ပုလဲမြို့ ဝါကြိတ်စက်ရုံဝင်း အတွင်းရှိ မြေ ၂.၆၁ ဧကတွင် ဗိုလ်ချုပ်ကြေးရုပ်ထု၊ လွတ်လပ်ရေးကျောက်တိုင်၊ မြို့တော်ခန်းမနှင့် အနားယူအပန်းဖြေ ပန်းခြံတို့ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
"ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံတယ်၊ ဖွင့်ပွဲအခမ်းအနားကိုတော့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်မွေးနေ့တို့ထဲက သင့်တော်ရာ တစ်ရက်ရက်မှာ ပြုလုပ်ဖို့  မျှော်မှန်းထားပါတယ်" ဟု ပုလဲမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောသည်။
ဗိုလ်ချုပ်ကြေးရုပ်တု ပြုလုပ်နိုင်ရန်အတွက် ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ ကျပ်သိန်း ၂၀၀ မတည်လှူဒါန်းပြီး ဗိုလ်ချုပ်ပန်းခြံ တည်ဆောက်ရန်အတွက် လိုအပ်သည့် ပစ္စည်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် မြို့တော်ခန်းမအတွက် တိုင်းဒေသကြီး ရန်ပုံ ငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများအား ယခုလက်ရှိအချိန်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

- ကိုကိုလွင် - ပုလဲ(အကုန်သိသတင်းဌာန) ​​​​​​​

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။