Skip to main content
အိႏၵိယရဲ႕မာရသြန္ မဲေပးပြဲမ်ားအၿပီး ထြက္ေပၚလာေသာ စစ္တမ္းမ်ားအရ ၀န္ႀကီးခ်ဳပ္မုိဒီ ထပ္မံ အာဏာရဖုိ ့ရွိေန 
Ads Block

အိႏၵိယရဲ႕မာရသြန္ မဲေပးပြဲမ်ားအၿပီး ထြက္ေပၚလာေသာ စစ္တမ္းမ်ားအရ ၀န္ႀကီးခ်ဳပ္မုိဒီ ထပ္မံ အာဏာရဖုိ ့ရွိေန 

အိႏၵိယႏုိင္ငံရဲ ့ သီတင္းပတ္ခ်ီၾကာတဲ့ အေထြေထြေရြးေကာက္ပြဲႀကီး တနဂၤေႏြေန ့မွာ ၿပီးေျမာက္ ခဲ့ၿပီျဖစ္ကာ ထြက္ေပၚလာတဲ့ စစ္တမ္းေကာက္ယူမႈေတြအရ ၀န္ႀကီးခ်ဳပ္ နာရင္ျဒာမုိဒီဟာ ပါလီမန္မွာ လက္ရွိထက္ပုိတဲ့ ကုိယ္စားလွယ္အမ်ားစုရကာ တေက်ာ့ျပန္အာဏာကုိင္စြဲ ႏုိင္ဖုိ ့ အလားအလာ ေကာင္းေနပါတယ္။ 

အိႏၵိယရဲ႕မာရသြန္ မဲေပးပြဲမ်ားအၿပီး ထြက္ေပၚလာေသာ စစ္တမ္းမ်ားအရ ၀န္ႀကီးခ်ဳပ္မုိဒီ ထပ္မံ အာဏာရဖုိ ့ရွိေန 
အေစာပုိင္းက မဲဆြယ္စည္းရုံးကာလမွာ အလုပ္အကုိင္ ဖန္တီးမေပးႏုိင္ျခင္း၊ လယ္ယာထြက္ကုန္ ေစ်းႏႈန္း ေလ်ာ့က်ျခင္းေတြေၾကာင့္ ေ၀ဖန္မႈေတြ ရင္ဆုိင္ခဲ့ရသလုိ အဓိက အတုိက္အခံ ကြန္ဂရက္ပါတီနဲ ့ ခက္ခက္ခဲခဲ ယွဥ္ၿပိဳင္ရမယ့္ ေရြးေကာက္ပြဲျဖစ္လာႏုိင္တယ္လုိ ့ ႏုိင္ငံေရးသမားေတြ ခန္ ့မွန္းခဲ့ၾကတာပါ။ ဒါေပမဲ့လည္း အိမ္နီးခ်င္းပါကစၥတန္နဲ ့ တင္းမာမႈေတြ ျမင့္တက္ခဲ့ၿပီးေနာက္ ၀န္ႀကီးခ်ဳပ္ဟာ ၄င္းရဲ ့ ဟိႏၵဴအမ်ဳိးသားေရး၀ါဒကုိ အေျခခံ စည္းရုံးကာ မဲဆြယ္စည္းရုံးမႈေတြမွာ အမ်ဳိးသားလုံၿခဳံေရးအတြက္ တုိက္ပြဲ၀င္မယ့္သူအျဖစ္ အမႊန္းတင္ဆြယ္ခဲ့ၿပီး ၄င္းရဲ ့အဓိကၿပိဳင္ဘက္ကေတာ့ ႏုိင္ငံရဲ႕မဟာရန္ဘက္အေပၚ ေပ်ာ့ေျပာင္းသေဘာထားသူအျဖစ္ ထုိးႏွက္ခဲ့ပါတယ္။ 
India Today Axis ရဲ႕စစ္တမ္းေကာက္ယူမႈ ရလဒ္အရ မုိဒီရဲ႕အမ်ဳိးသားဒီမုိကရက္တစ္ မဟာမိတ္ (NDA) ဟာ ပါလီမန္ရဲ ့ ေအာက္လႊတ္ေတာ္ အမတ္ေနရာ ၅၄၅ ေနရာအနက္ ၃၃၉ နဲ ့ ၃၆၅ ေနရာအၾကား အႏုိင္ရဖြယ္ရွိေနကာ ကြန္ဂရက္ပါတီဦးေဆာင္တဲ့ အတုိက္အခံမဟာမိတ္ေတြကေတာ့ အမတ္ေနရာ ၇၇ ကေန ၁၀၈ အၾကား ရရွိႏုိင္ေၾကာင္း ထြက္ေပၚခဲ့ပါတယ္။ အာဏာရယူႏုိင္ဖုိ ့အတြက္ ပါတီတစ္ခုဟာ အမတ္ေနရာ ၂၇၂ ေနရာ အႏုိင္ရဖုိ ့လုိအပ္ၿပီး မုိဒီရဲ႕မဟာမိတ္အဖြဲ ့ဟာ ၂၀၁၄ ခုႏွစ္ ေရြးေကာက္ပြဲမွာ အမတ္ေနရာ ၃၃၆ ေနရာ အႏုိင္ရခဲ့ပါတယ္။ 
ထြက္ေပၚခဲ့တဲ့ စစ္တမ္းေတြအရ မုိဒီဟာ ေျမာက္ပုိင္း ဟင္ဒီနယ္တေက်ာကုိ ေအာင္ပြဲခံႏုိင္ယုံမက အစဥ္အလာအားျဖင့္ ေဒသဆုိင္ရာ ပါတီအုပ္စုေတြ ထိန္းခ်ဳပ္ေလ့ရွိတဲ့ အေရွ ့ပုိင္းေဒသေတြအထိ ထုိးေဖာက္ ေအာင္ႏုိင္ခဲ့တာျဖစ္ပါတယ္။ 
သိန္းနဲ ့ခ်ီတဲ့ ကြန္ပ်ဴတာမဲေပးစက္ေတြက မွတ္တမ္းတင္ထားတဲ့ ဆႏၵမဲေရတြက္မႈေတြကုိ ၾကာသပေတးေန ့ (ေမ ၂၃) အေစာပုိင္းမွာ စတင္ေရတြက္မွာျဖစ္ၿပီး မဲရလဒ္ေတြကေတာ့ ယင္းေန ့ မြန္းတည့္ ခ်ိန္ေလာက္မွာ ထြက္ေပၚလာဖုိ ့ရွိေနေၾကာင္း သိရပါတယ္။ 

- ကုိလင္း(အကုန္သိ သတင္းဌာန) | Reuters 

Unicode version

အိန္ဒိယရဲ့မာရသွန် မဲပေးပွဲများအပြီး ထွက်ပေါ်လာသော စစ်တမ်းများအရ ဝန်ကြီးချုပ်မိုဒီ ထပ်မံ အာဏာရဖို့ရှိနေ 

အိန္ဒိယနိုင်ငံရဲ့ သီတင်းပတ်ချီကြာတဲ့ အထွေထွေရွေးကောက်ပွဲကြီး တနင်္ဂနွေနေ့မှာ ပြီးမြောက် ခဲ့ပြီဖြစ်ကာ ထွက်ပေါ်လာတဲ့ စစ်တမ်းကောက်ယူမှုတွေအရ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီဟာ ပါလီမန်မှာ လက်ရှိထက်ပိုတဲ့ ကိုယ်စားလှယ်အများစုရကာ တကျော့ပြန်အာဏာကိုင်စွဲ နိုင်ဖို့ အလားအလာ ကောင်းနေပါတယ်။ 

အိႏၵိယရဲ႕မာရသြန္ မဲေပးပြဲမ်ားအၿပီး ထြက္ေပၚလာေသာ စစ္တမ္းမ်ားအရ ၀န္ႀကီးခ်ဳပ္မုိဒီ ထပ္မံ အာဏာရဖုိ ့ရွိေန 


အစောပိုင်းက မဲဆွယ်စည်းရုံးကာလမှာ အလုပ်အကိုင် ဖန်တီးမပေးနိုင်ခြင်း၊ လယ်ယာထွက်ကုန် ဈေးနှုန်း လျော့ကျခြင်းတွေကြောင့် ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရသလို အဓိက အတိုက်အခံ ကွန်ဂရက်ပါတီနဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးသမားတွေ ခန့်မှန်းခဲ့ကြတာပါ။ ဒါပေမဲ့လည်း အိမ်နီးချင်းပါကစ္စတန်နဲ့ တင်းမာမှုတွေ မြင့်တက်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟာ ၎င်းရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒကို အခြေခံ စည်းရုံးကာ မဲဆွယ်စည်းရုံးမှုတွေမှာ အမျိုးသားလုံခြုံရေးအတွက် တိုက်ပွဲဝင်မယ့်သူအဖြစ် အမွှန်းတင်ဆွယ်ခဲ့ပြီး ၎င်းရဲ့အဓိကပြိုင်ဘက်ကတော့ နိုင်ငံရဲ့မဟာရန်ဘက်အပေါ် ပျော့ပြောင်းသဘောထားသူအဖြစ် ထိုးနှက်ခဲ့ပါတယ်။ 
India Today Axis ရဲ့စစ်တမ်းကောက်ယူမှု ရလဒ်အရ မိုဒီရဲ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ် (NDA) ဟာ ပါလီမန်ရဲ့ အောက်လွှတ်တော် အမတ်နေရာ ၅၄၅ နေရာအနက် ၃၃၉ နဲ့ ၃၆၅ နေရာအကြား အနိုင်ရဖွယ်ရှိနေကာ ကွန်ဂရက်ပါတီဦးဆောင်တဲ့ အတိုက်အခံမဟာမိတ်တွေကတော့ အမတ်နေရာ ၇၇ ကနေ ၁၀၈ အကြား ရရှိနိုင်ကြောင်း ထွက်ပေါ်ခဲ့ပါတယ်။ အာဏာရယူနိုင်ဖို့အတွက် ပါတီတစ်ခုဟာ အမတ်နေရာ ၂၇၂ နေရာ အနိုင်ရဖို့လိုအပ်ပြီး မိုဒီရဲ့မဟာမိတ်အဖွဲ့ဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာ အမတ်နေရာ ၃၃၆ နေရာ အနိုင်ရခဲ့ပါတယ်။ 
ထွက်ပေါ်ခဲ့တဲ့ စစ်တမ်းတွေအရ မိုဒီဟာ မြောက်ပိုင်း ဟင်ဒီနယ်တကျောကို အောင်ပွဲခံနိုင်ယုံမက အစဉ်အလာအားဖြင့် ဒေသဆိုင်ရာ ပါတီအုပ်စုတွေ ထိန်းချုပ်လေ့ရှိတဲ့ အရှေ့ပိုင်းဒေသတွေအထိ ထိုးဖောက် အောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 
သိန်းနဲ့ချီတဲ့ ကွန်ပျူတာမဲပေးစက်တွေက မှတ်တမ်းတင်ထားတဲ့ ဆန္ဒမဲရေတွက်မှုတွေကို ကြာသပတေးနေ့ (မေ ၂၃) အစောပိုင်းမှာ စတင်ရေတွက်မှာဖြစ်ပြီး မဲရလဒ်တွေကတော့ ယင်းနေ့ မွန်းတည့် ချိန်လောက်မှာ ထွက်ပေါ်လာဖို့ရှိနေကြောင်း သိရပါတယ်။ 


- ကိုလင်း(အကုန်သိ သတင်းဌာန) | Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။