Skip to main content
စြန္႔ပစ္ခံ ေမြးကင္းစကေလးငယ္အား ေဖၚထုတ္ကယ္တင္ခဲ့တဲ့ ေခြး
Ads Block

စြန္႔ပစ္ခံ ေမြးကင္းစကေလးငယ္အား ေဖၚထုတ္ကယ္တင္ခဲ့တဲ့ ေခြး

ထုိင္းႏုိင္ငံမွာ စြန္႔ပစ္ခံေမြးကင္းစကေလးငယ္အား ကယ္တင္ခဲ့တဲ့ ေခြးတစ္ေကာင္ကုိ လူအမ်ားက ေကာင္းခ်ီးေထာပနာျပဳေနၾကေၾကာင္း သိရပါတယ္။ ႏုိင္ငံေျမာက္ပုိင္း နခြန္ရတ္ခ်စီမျပည္နယ္မွာ ေမလ ၁၅ ရက္ေန႔တုန္းက ဆယ္ေက်ာ္သက္အ႐ြယ္မိခင္တစ္ဦးဟာ ၄င္းရဲ႕ကေလးငယ္ကုိ ျခံတစ္ျခံအနီး ေျမႀကီးထဲမွာ ႁမွဳပ္ႏွံေဖ်ာက္ဖ်က္ခဲ့ပါတယ္။

စြန္႔ပစ္ခံ ေမြးကင္းစကေလးငယ္အား ေဖၚထုတ္ကယ္တင္ခဲ့တဲ့ ေခြး


ဒါေပမဲ့ ကေလးငယ္ကုိ “ပင္ေပါင္” အမည္ရွိ ေခြးတစ္ေကာင္က ေန႔တြင္းခ်င္း ရွာေဖြကယ္တင္ ႏုိင္ခဲ့တာေၾကာင့္ ကေလးငယ္ခမ်ာ အသက္ခ်မ္းသာရာ ရခဲ့ပါတယ္။ ေခြးက ကေလးႁမွဳပ္ထားတဲ့ေနရာကုိ တူးဆြခဲ့တဲ့ေနာက္မွာ ၄င္းရဲ႕ပုိင္ရွင္ ႏြားေက်ာင္းသားအား လွမ္းေဟာင္ၿပီး အသိေပးခဲ့ပါတယ္။
ထုိ႔ေၾကာင့္ ကေလးငယ္ကုိ ေဆး႐ုံသုိ႔ အျမန္ပုိ႔ႏုိင္ခဲ့ရာ ယခုမွာေတာ့ ကေလးငယ္ က်န္းက်န္းမာမာ ရွိေၾကာင္း သိရပါတယ္။ ၄င္းရဲ႕မိခင္ျဖစ္သူ မိန္းကေလးကုိေတာ့ လူသတ္ရန္ၾကံစည္မႈနဲ႔ ကေလး စြန္႔ပစ္မႈတုိ႔ျဖင့္ ဖမ္းဆီးၿပီး စြဲခ်က္တင္ထားပါတယ္။

စြန္႔ပစ္ခံ ေမြးကင္းစကေလးငယ္အား ေဖၚထုတ္ကယ္တင္ခဲ့တဲ့ ေခြး


မိခင္ဟာ အသက္ ၁၅ ႏွစ္အ႐ြယ္သာရွိေသးၿပီး မီးဖြားေၾကာင္းကုိ မိဘမ်ား ၾကားသိပါက ေဒါသထြက္ၾကမည္ကုိ စုိး႐ြံ႕ခဲ့ေၾကာင္း၊ ဒါေၾကာင့္ ကေလးကုိ တစ္ေယာက္တည္းေမြးခဲ့ၿပီး ေမြးေမြးခ်င္း ေဖ်ာက္ဖ်က္ခဲ့ေၾကာင္း၊ ေဖ်ာက္ဖ်က္ၿပီး မၾကာခင္မွာပဲ ပင္ေပါင္က ေဖၚထုတ္ကယ္တင္ခဲ့ေၾကာင္း ရဲအရာရွိတစ္ဦးက ေျပာျပပါတယ္။
ပင္ေပါင္ရဲ႕ ထူးျခားမြန္ျမတ္တဲ့လုပ္ရပ္အေၾကာင္းကုိ မီဒီယာေတြက ေဖၚျပဂုဏ္ျပဳေနၾကၿပီး လူမႈကြန္ယက္ေပၚမွာလည္း ခ်ီးမြမ္းေနသူေတြ အမ်ားအျပားရွိေနပါတယ္။
- ZHO (အကုန္သိ သတင္းဌာန) | (Ref : AFP)

Unicode version

စွန့်ပစ်ခံ မွေးကင်းစကလေးငယ်အား ဖေါ်ထုတ်ကယ်တင်ခဲ့တဲ့ ခွေး

ထိုင်းနိုင်ငံမှာ စွန့်ပစ်ခံမွေးကင်းစကလေးငယ်အား ကယ်တင်ခဲ့တဲ့ ခွေးတစ်ကောင်ကို လူအများက ကောင်းချီးထောပနာပြုနေကြကြောင်း သိရပါတယ်။ နိုင်ငံမြောက်ပိုင်း နခွန်ရတ်ချစီမပြည်နယ်မှာ မေလ ၁၅ ရက်နေ့တုန်းက ဆယ်ကျော်သက်အရွယ်မိခင်တစ်ဦးဟာ ၎င်းရဲ့ကလေးငယ်ကို ခြံတစ်ခြံအနီး မြေကြီးထဲမှာ မြှုပ်နှံဖျောက်ဖျက်ခဲ့ပါတယ်။

စြန္႔ပစ္ခံ ေမြးကင္းစကေလးငယ္အား ေဖၚထုတ္ကယ္တင္ခဲ့တဲ့ ေခြး


ဒါပေမဲ့ ကလေးငယ်ကို “ပင်ပေါင်” အမည်ရှိ ခွေးတစ်ကောင်က နေ့တွင်းချင်း ရှာဖွေကယ်တင် နိုင်ခဲ့တာကြောင့် ကလေးငယ်ခမျာ အသက်ချမ်းသာရာ ရခဲ့ပါတယ်။ ခွေးက ကလေးမြှုပ်ထားတဲ့နေရာကို တူးဆွခဲ့တဲ့နောက်မှာ ၎င်းရဲ့ပိုင်ရှင် နွားကျောင်းသားအား လှမ်းဟောင်ပြီး အသိပေးခဲ့ပါတယ်။
ထို့ကြောင့် ကလေးငယ်ကို ဆေးရုံသို့ အမြန်ပို့နိုင်ခဲ့ရာ ယခုမှာတော့ ကလေးငယ် ကျန်းကျန်းမာမာ ရှိကြောင်း သိရပါတယ်။ ၎င်းရဲ့မိခင်ဖြစ်သူ မိန်းကလေးကိုတော့ လူသတ်ရန်ကြံစည်မှုနဲ့ ကလေး စွန့်ပစ်မှုတို့ဖြင့် ဖမ်းဆီးပြီး စွဲချက်တင်ထားပါတယ်။

စြန္႔ပစ္ခံ ေမြးကင္းစကေလးငယ္အား ေဖၚထုတ္ကယ္တင္ခဲ့တဲ့ ေခြး


မိခင်ဟာ အသက် ၁၅ နှစ်အရွယ်သာရှိသေးပြီး မီးဖွားကြောင်းကို မိဘများ ကြားသိပါက ဒေါသထွက်ကြမည်ကို စိုးရွံ့ခဲ့ကြောင်း၊ ဒါကြောင့် ကလေးကို တစ်ယောက်တည်းမွေးခဲ့ပြီး မွေးမွေးချင်း ဖျောက်ဖျက်ခဲ့ကြောင်း၊ ဖျောက်ဖျက်ပြီး မကြာခင်မှာပဲ ပင်ပေါင်က ဖေါ်ထုတ်ကယ်တင်ခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောပြပါတယ်။
ပင်ပေါင်ရဲ့ ထူးခြားမွန်မြတ်တဲ့လုပ်ရပ်အကြောင်းကို မီဒီယာတွေက ဖေါ်ပြဂုဏ်ပြုနေကြပြီး လူမှုကွန်ယက်ပေါ်မှာလည်း ချီးမွမ်းနေသူတွေ အများအပြားရှိနေပါတယ်။
- ZHO (အကုန်သိ သတင်းဌာန)  | (Ref : AFP)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။