Skip to main content
မေလးရွားႏုိင္ငံတြင္ ျမန္မာႏုိင္ငံသား ၃ ဦး ယာဥ္မေတာ္တဆမႈျဖစ္ၿပီးေသဆံုး 
Ads Block

မေလးရွားႏုိင္ငံတြင္ ျမန္မာႏုိင္ငံသား ၃ ဦး ယာဥ္မေတာ္တဆမႈျဖစ္ၿပီးေသဆံုး 

မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕သို႔ တရားမ၀င္သြားေရာက္ၾကေသာ ျမန္မာႏိုင္ငံသား ၃ ဦးမွာ ယာဥ္မေတာ္တဆျဖစ္ပြား၍ ေသဆံုးသြားခဲ့ေၾကာင္း မေလးရွားႏိုင္ငံျမန္မာလူမႈကူညီေရးအသင္းထံမွ သိရသည္။

မေလးရွားႏုိင္ငံတြင္ ျမန္မာႏုိင္ငံသား ၃ ဦး ယာဥ္မေတာ္တဆမႈျဖစ္ၿပီးေသဆံုး 


ျဖစ္စဥ္မွာ ေမလ  ၁၉ ရက္၌ မေလးရွားႏုိင္ငံ ဘာတာဝပ္ၿမိဳ႕ႏွင့္အီပို႔ၿမိဳ႕အၾကား မိုင္တိုင္အမွတ္ ၁၉၀/၅ ေဘးတြင္ ကာရံထားေသာ စတီးပရိတ္ျပားမ်ားကို တိုက္မိၿပီး တံတားေပၚမွ ေအာက္ဖက္လမ္းေပၚသို ့ (၄)ေယာက္လြင့္စင္ျပဳတ္က်ကာ ေနရာတြင္ ၃ ဦးေသဆံုးကာ က်န္ ၁ ဦးမွာ တိုက္ပင္းေဆးရံုတြင္ အတြင္းလူနာအျဖစ္ ေဆးကုသမူခံေနေၾကာင္း သိရသည္။
အဆိုပါကားေပၚ၌ ေနလင္း(၂၅)ႏွစ္၊ ေယာဟန္(၁၅)ႏွစ္၊ မာန္မြန္းေတြာင္(၁၇)ႏွစ္ႏွင့္ ဂိုပ္ပိုမ္ထန္(၂၅)ႏွစ္တို႔ ၄ ဦးလည္း လိုက္ပါလာခဲ့ၾကၿပီး ၎တို႔မွာမူထိခိုက္ဒဏ္ရာအနည္းငယ္မွ်သာရရွိခဲ့ၾကသည္ဟု သိရသည္။
ေသဆံုးသူမ်ားမွာ ေမာင္ေမာင္သန္း(၂၇)ႏွစ္ ခ်င္း(ခူးမီးလူမ်ိဳး)၊ ေမာင္ဆုမြန္(၂၀)ႏွစ္ ခ်င္းလူမ်ိဳး၊ ေမာင္ခတ္လိုက္(၃၇)ႏွစ္ ခ်င္းလူမ်ိဳးတို႔ ၃ ဦးတို႔ျဖစ္ေၾကာင္း မေလးရွားႏိုင္ငံျမန္မာလူမႈကူညီေရးအသင္းထံမွ သိရွိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ မေလးရွားရဲတပ္ဖြဲ႔က အမႈမွန္ေပၚေပါက္ေရးအတြက္ ၎တို႔ကိုထိန္းသိမ္းထားရွိၿပီး စစ္ေဆးရာ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕၊ တြန္းဇံၿမိဳ႕၊ တီးတိန္ၿမိဳ႕ႏွင့္ မတူပီးၿမိဳ႕တို႔ဘက္မွ မေလးရွားႏိုင္ငံသို႔ တရားမ၀င္၀င္ေရာက္လာသူမ်ားျဖစ္ေၾကာင္း စစ္ေဆးသိရွိရသည္။
လက္ရွိတြင္ ျမန္မာႏိူင္ငံဆိုင္ရာ မေလး႐ွားႏိုင္ငံ သံအမတ္ႀကီး ဦးစိန္ဦးႏွင့္ သံရံုးအဖြ႔ဲဝင္မ်ားအျပင္ မေလးရွားႏိုင္ငံျမန္မာလူမႈကူညီေရးအသင္းလူမူကူညီေရးအသင္းမ်ားမွကူညီေဆာင္ရြက္ေပးေနေၾကာင္း သတင္းရရွိသည္။   
- ဒါးဇ(အကုန္သိသတင္းဌာန) | ဓာတ္ပံု - မေလးရွားႏိုင္ငံျမန္မာလူမႈကူညီေရးအသင္း

Unicode version

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ၃ ဦး ယာဉ်မတော်တဆမှုဖြစ်ပြီးသေဆုံး 

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ တရားမဝင်သွားရောက်ကြသော မြန်မာနိုင်ငံသား ၃ ဦးမှာ ယာဉ်မတော်တဆဖြစ်ပွား၍ သေဆုံးသွားခဲ့ကြောင်း မလေးရှားနိုင်ငံမြန်မာလူမှုကူညီရေးအသင်းထံမှ သိရသည်။

မေလးရွားႏုိင္ငံတြင္ ျမန္မာႏုိင္ငံသား ၃ ဦး ယာဥ္မေတာ္တဆမႈျဖစ္ၿပီးေသဆံုး 


ဖြစ်စဉ်မှာ မေလ  ၁၉ ရက်၌ မလေးရှားနိုင်ငံ ဘာတာဝပ်မြို့နှင့်အီပို့မြို့အကြား မိုင်တိုင်အမှတ် ၁၉၀/၅ ဘေးတွင် ကာရံထားသော စတီးပရိတ်ပြားများကို တိုက်မိပြီး တံတားပေါ်မှ အောက်ဖက်လမ်းပေါ်သို့ (၄)ယောက်လွင့်စင်ပြုတ်ကျကာ နေရာတွင် ၃ ဦးသေဆုံးကာ ကျန် ၁ ဦးမှာ တိုက်ပင်းဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမူခံနေကြောင်း သိရသည်။
အဆိုပါကားပေါ်၌ နေလင်း(၂၅)နှစ်၊ ယောဟန်(၁၅)နှစ်၊ မာန်မွန်းတွောင်(၁၇)နှစ်နှင့် ဂိုပ်ပိုမ်ထန်(၂၅)နှစ်တို့ ၄ ဦးလည်း လိုက်ပါလာခဲ့ကြပြီး ၎င်းတို့မှာမူထိခိုက်ဒဏ်ရာအနည်းငယ်မျှသာရရှိခဲ့ကြသည်ဟု သိရသည်။
သေဆုံးသူများမှာ မောင်မောင်သန်း(၂၇)နှစ် ချင်း(ခူးမီးလူမျိုး)၊ မောင်ဆုမွန်(၂၀)နှစ် ချင်းလူမျိုး၊ မောင်ခတ်လိုက်(၃၇)နှစ် ချင်းလူမျိုးတို့ ၃ ဦးတို့ဖြစ်ကြောင်း မလေးရှားနိုင်ငံမြန်မာလူမှုကူညီရေးအသင်းထံမှ သိရှိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မလေးရှားရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ရေးအတွက် ၎င်းတို့ကိုထိန်းသိမ်းထားရှိပြီး စစ်ဆေးရာ ချင်းပြည်နယ်၊ ပလက်ဝမြို့၊ တွန်းဇံမြို့၊ တီးတိန်မြို့နှင့် မတူပီးမြို့တို့ဘက်မှ မလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသူများဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
လက်ရှိတွင် မြန်မာနိူင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး ဦးစိန်ဦးနှင့် သံရုံးအဖွ့ဲဝင်များအပြင် မလေးရှားနိုင်ငံမြန်မာလူမှုကူညီရေးအသင်းလူမူကူညီရေးအသင်းများမှကူညီဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။   
- ဒါးဇ(အကုန်သိသတင်းဌာန) | ဓာတ်ပုံ - မလေးရှားနိုင်ငံမြန်မာလူမှုကူညီရေးအသင်း

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။