Skip to main content
မင္းေသြးသစ္
Ads Block

ျမန္မာႏုိင္ငံ၏ လက္ရွိအေျခအေနမွာ ဖက္ဆစ္စနစ္ကုိဦးတည္သြားေနၿပီဟု မင္းေသြးသစ္ ေျပာ 

ျမန္မာႏုိင္ငံ၏ လက္ရွိႏုိင္ငံေရးအေျခအေနသည္ ဖက္ဆစ္စနစ္ကုိဦးတည္သြားေနၿပီျဖစ္ေၾကာင္း ေက်ာင္းသားသမဂၢေခါင္းေဆာင္ ကိုမင္းေသြးသစ္က ေျပာၾကားလုိက္သည္။

ရန္ကုန္ၿမိဳ႕ရွိ ေတာ္၀င္နွင္းဆီခန္းမတြင္ ေမလ ၁၉ ရက္က က်င္းပေသာ “ငါတုိ႔ႏုိင္ငံေတာ္” အနာဂတ္စကား၀ုိင္းတြင္ ယခုကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ ကြ်န္ေတာ္တုိ႔ အခုလက္ရွိမွာေတာ့ ဒီႏွစ္ပုိင္းကာလမွာေတာ့ ဘယ္ကုိသြားရမွန္းမသိတဲ့စနစ္ကေန ေက်ာ္လာၿပီ။ အဲဒီဇုန္ကုိေက်ာ္လာၿပီး ဘယ္ကုိသြားေနလဲဆုိေတာ့ ဖက္ဆစ္စနစ္ကုိ ဦးတည္တဲ့ႏုိင္ငံကုိ သြားေနတယ္။ ႏုိင္ငံရဲ႕ျပတ္ျပတ္ထင္ထင္မရွိတဲ့အေျခအေနကေနၿပီးေတာ့ ကြ်န္ေတာ္တုိ႔စၿပီးေတာ့ ႏုိင္ငံရဲ႕အေျခအေနကုိၾကည့္လုိက္တဲ့အခါမွာ အဲဒီအေျခအေနကုိ ေက်ာ္သြားၿပီးေတာ့ ဘယ္ကုိလွမ္းေနလဲဆုိတာ ေတြ႔လုိက္ရတယ္။ အဲဒါကေတာ့ ဖက္ဆစ္စနစ္ပဲ။ တကယ့္အာဏာရွင္စနစ္ထဲမွာမွ အဆုိးရြားဆုံးနဲ႔ အေဖာက္ျပန္ဆုံးစနစ္ကုိ သြားေနတယ္ ’’ ဟု ေက်ာင္းသားသမဂၢေခါင္းေဆာင္ ကုိမင္းေသြးသစ္က ေျပာသည္။ ထို႔အျပင္ ျမန္မာႏုိင္ငံ၏ ႏုိင္ငံေရးတြင္ သူရဲေကာင္း၀ါဒ အရိုးစြဲခဲ့သည္မွာ လြတ္လပ္ေရးရယူစဥ္ကာလကတည္းကျဖစ္ေၾကာင္းလည္း ၄င္းက ထည့္သြင္းေျပာၾကားသည္။ 

၂၀၁၅ ခုႏွစ္ ပါတီစုံဒီမုိကေရစီအေထြေထြေရြးေကာက္ပြဲတြင္ NLD ပါတီက အႏုိင္ရခဲ့ၿပီး သမၼတႏွစ္ဆက္ေျပာင္းလဲခဲ့ေသာ NLD အစုိးရလက္ထက္၏ လက္ရွိသမၼတမွာ ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္ျဖစ္ကာ အစိုးရအေနျဖင့္ အုပ္ခ်ဳပ္မႈသက္တမ္း ၃ ႏွစ္ကာလနီးပါးရွိၿပီလည္း ျဖစ္သည္။

Unicode Version 

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေသည် ဖက်ဆစ်စနစ်ကိုဦးတည်သွားနေပြီဖြစ်ကြောင်း ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောကြားလိုက်သည်။

ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် မေလ ၁၉ ရက်က ကျင်းပသော “ငါတို့နိုင်ငံတော်” အနာဂတ်စကားဝိုင်းတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ “ ကျွန်တော်တို့ အခုလက်ရှိမှာတော့ ဒီနှစ်ပိုင်းကာလမှာတော့ ဘယ်ကိုသွားရမှန်းမသိတဲ့စနစ်ကနေ ကျော်လာပြီ။ အဲဒီဇုန်ကိုကျော်လာပြီး ဘယ်ကိုသွားနေလဲဆိုတော့ ဖက်ဆစ်စနစ်ကို ဦးတည်တဲ့နိုင်ငံကို သွားနေတယ်။ နိုင်ငံရဲ့ပြတ်ပြတ်ထင်ထင်မရှိတဲ့အခြေအနေကနေပြီးတော့ ကျွန်တော်တို့စပြီးတော့ နိုင်ငံရဲ့အခြေအနေကိုကြည့်လိုက်တဲ့အခါမှာ အဲဒီအခြေအနေကို ကျော်သွားပြီးတော့ ဘယ်ကိုလှမ်းနေလဲဆိုတာ တွေ့လိုက်ရတယ်။ အဲဒါကတော့ ဖက်ဆစ်စနစ်ပဲ။ တကယ့်အာဏာရှင်စနစ်ထဲမှာမှ အဆိုးရွားဆုံးနဲ့ အဖောက်ပြန်ဆုံးစနစ်ကို သွားနေတယ် ’’ ဟု ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် သူရဲကောင်းဝါဒ အရိုးစွဲခဲ့သည်မှာ လွတ်လပ်ရေးရယူစဉ်ကာလကတည်းကဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။ 

၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရခဲ့ပြီး သမ္မတနှစ်ဆက်ပြောင်းလဲခဲ့သော NLD အစိုးရလက်ထက်၏ လက်ရှိသမ္မတမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဖြစ်ကာ အစိုးရအနေဖြင့် အုပ်ချုပ်မှုသက်တမ်း ၃ နှစ်ကာလနီးပါးရှိပြီလည်း ဖြစ်သည်။

   -  မင္းသီဟန္ (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။