Skip to main content
လက္ရွိဘ႑ာႏွစ္အတြက္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေမွ်ာ္မွန္းခ်က္ ကန္ေဒၚလာ ၃ ဘီလ်ံေက်ာ္လိုအပ္ေန
Ads Block

လက္ရွိဘ႑ာႏွစ္အတြက္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေမွ်ာ္မွန္းခ်က္ ကန္ေဒၚလာ ၃ ဘီလ်ံေက်ာ္လိုအပ္ေန

လက္ရွိဘ႑ာႏွစ္အတြက္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေမွ်ာ္မွန္းခ်က္ျပည့္မီရန္ အေမရိကန္ေဒၚလာ ၃ ဒႆမ ၃ ဘီလ်ံေက်ာ္လိုအပ္ေသးေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာန (DICA) မွ စာရင္းမ်ားအရ သိရသည္။
ျမန္မာႏိုင္ငံအတြင္း ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈျမွင့္တင္ေရးအစီအစဥ္အရ ယခု ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာလ ၁ ရက္မွ စက္တင္ဘာလကုန္အထိျပည္ပရင္းႏွီးျမွဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၅ ဒႆမ ၈ ဘီလ်ံေမွ်ာ္မွန္းထားေသာ္လည္း ေမလ ၁၁ ရက္အထိ အေမရိကန္ေဒၚလာ ၂ ဒႆမ ၅၆၉  ဘီလ်ံသာ ရင္းႏွီးျမွဳပ္ႏွံမႈရရွိေသးေၾကာင္း သိရသည္။
“၂၀၁၈-၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာလ ၁ ရက္ကေန ေမလ ၁၁ ရက္ေန႔အထိ စုစုေပါင္း ႏိုင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၂၅၆၈ ဒႆမ ၆၃၃ သန္း ျဖစ္ပါတယ္” ဟု DICA မွ ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚတင္ေအးဟန္က ေျပာသည္။
အဆိုပါ ရင္းႏွီးျမွဳပ္ႏွံမႈတြင္ လုပ္ငန္းအသစ္ ၁၅၅ ခုခြင့္ျပဳျခင္းအတြက္ အေမရိကန္ေဒၚလာ ၁ ဒႆမ ၇၀၂ ဘီလ်ံေက်ာ္ဝင္ေရာက္ထားၿပီး လုပ္ကိုင္ဆဲလုပ္ငန္းမ်ားမွ ရင္းႏွီးျမွဳပ္ႏွံမႈ ထပ္မံတိုးျမင့္သည့္ပမာဏမွာ အေမရိကန္ေဒၚလာ သန္း ၇၃၀ ေက်ာ္ျဖစ္သည့္အျပင္ သီလဝါ အထူးစီးပြားေရးဇုန္သို႔ ရင္းႏွီးျမွဳပ္ႏွံမႈ ထပ္မံတိုးျမင့္ဝင္ေရာက္လာသည့္ပမာဏမွာ အေမရိကန္ေဒၚလာ ၁၃၄ သန္းေက်ာ္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအတြင္း ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ ျမင့္တင္ေရးအစီအစဥ္ကို ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္မွ စတင္ ေဆာင္ရြက္ခဲ့ၿပီး ၂၀၃၆ ခုႏွစ္အထိ ႏွစ္ေပါင္း ၂၀ စီမံကိန္းျဖင့္ အေကာင္အထည္ေဖာ္သြားမည္ျဖစ္ကာ ယင္းကာလအတြင္း ရင္းႏွီးျမွဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၁၇ ဒႆမ ၆ ဘီလ်ံရရွိရန္ ေမွ်ာ္မွန္းထားေၾကာင္း DICA မွ သိရသည္။

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

 

လက်ရှိဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျှော်မှန်းချက်ပြည့်မီရန် အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃ ဘီလျံကျော်လိုအပ်သေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအစီအစဉ်အရ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလကုန်အထိပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၈ ဘီလျံမျှော်မှန်းထားသော်လည်း မေလ ၁၁ ရက်အထိ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅၆၉  ဘီလျံသာ ရင်းနှီးမြှုပ်နှံမှုရရှိသေးကြောင်း သိရသည်။
“၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်ကနေ မေလ ၁၁ ရက်နေ့အထိ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၅၆၈ ဒဿမ ၆၃၃ သန်း ဖြစ်ပါတယ်” ဟု DICA မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က ပြောသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုတွင် လုပ်ငန်းအသစ် ၁၅၅ ခုခွင့်ပြုခြင်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇၀၂ ဘီလျံကျော်ဝင်ရောက်ထားပြီး လုပ်ကိုင်ဆဲလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးမြင့်သည့်ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၇၃၀ ကျော်ဖြစ်သည့်အပြင် သီလဝါ အထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးမြင့်ဝင်ရောက်လာသည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၄ သန်းကျော်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်တင်ရေးအစီအစဉ်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၃၆ ခုနှစ်အထိ နှစ်ပေါင်း ၂၀ စီမံကိန်းဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကာ ယင်းကာလအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၇ ဒဿမ ၆ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း DICA မှ သိရသည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။