Skip to main content
အဂတိလိုက္စားမႈျဖင့္တရားစြဲခံထားရသူ မိုးညိဳၿမိဳ႕နယ္ လ.ဝ.က ဦးစီးအရာရွိ အက်ဥ္းေထာင္တြင္ ေသဆုံး
Ads Block

အဂတိလိုက္စားမႈျဖင့္တရားစြဲခံထားရသူ မိုးညိဳၿမိဳ႕နယ္ လ.ဝ.က ဦးစီးအရာရွိ အက်ဥ္းေထာင္တြင္ ေသဆုံး

အဂတိလိုက္စားမႈျဖင့္ တရားစြဲဆိုခံထားရသူ မုိးညိဳၿမိဳ႕နယ္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေဇာ္မုိးမွာ ယေန႔(ေမလ ၁၉ ရက္)၊ ေန႔လယ္ ၁ နာရီ ၅၅ မိနစ္ခန္႔က ပဲခူးအက်ဥ္းေထာင္တြင္ ေသဆုံးသြားေၾကာင္း သိရသည္။
“အက်ဥ္းေထာင္ထဲမွာ သတိလစ္သြားလို႔ ေဆးရုံကိုပို႔တဲ့အခါ ေဆးရုံေရာက္ေတာ့ ေသသြားတာပဲ။ ဘယ္လိုေၾကာင့္ေသရသလဲဆိုတာကိုေတာ့ ရင္မခြဲရေသးလို႔ မသိေသးပါဘူး။ သူ႔အမ်ဳိးသမီးကို ဆက္သြယ္ၿပီး ေခၚထားပါတယ္” ဟု ပဲခူးၿမိဳ႕မရဲစခန္းမွ စခန္းမွဴးဒုရဲမွဴးႏိုင္စိုးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ေသဆုံးသူဦးေဇာ္မုိးသည္ ပဲခူးတုိင္းေဒသႀကီး၊ မုိးညိဳၿမိဳ႕နယ္ လ.ဝ.က ဦးစီးအရာရွိတစ္ဦးျဖစ္ၿပီး ႏုိင္ငံသား စိစစ္ေရးကတ္ျပားႏွင့္ အိမ္ေထာင္စုစာရင္းျပဳလုပ္သူမ်ားထံမွ ေငြေၾကးႏွင့္လက္ေဆာင္ပစၥည္းမ်ားေတာင္းခံျခင္း၊ ဦးစီးအရာရွိ ရံုးခန္းအတြင္းရွိ အလွဴခံပံုးအတြင္းသုိ႔ အလွဴေငြမ်ားထည့္ဝင္ခုိင္းျခင္းတုိ႔ ျပဳလုပ္ခဲ့မႈေၾကာင့္ အေရးယူေပးပါရန္ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္သုိ႔ တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တုိင္ၾကားစာအရ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္က စံုစမ္းစစ္ေဆးေရးအဖဲြ႕ ဖဲြ႕စည္းစစ္ေဆးခဲ့ရာ မုိးညိဳၿမိဳ႕နယ္ လ.၀.က ဦးစီးအရာရွိ ဦးေဇာ္မုိးသည္ မုိးညိဳၿမိဳ႕နယ္ လ.၀.က ဦးစီးမွဴးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့စဥ္အတြင္း ၄င္းလုပ္ပုိင္ခြင့္ရွိသည့္ ႏုိင္ငံသားစိစစ္ေရးကတ္ျပား ျပဳလုပ္ေပးသည့္ ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ေငြေၾကးေတာင္းခံရယူျခင္းျဖင့္ အဂတိလုိက္စားမႈကုိ က်ဴးလြန္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ေက်းရြာနယ္ေျမခံသတင္းမ်ားအရ ေငြေၾကးမရလွ်င္ အေၾကာင္းအမ်ဳိးမ်ဳိးျပကာ အခ်ိန္ဆဲြ၍ လုပ္ငန္းေဆာင္ရြက္မေပးဘဲ ေငြေၾကးေပးမွသာ ေဆာင္ရြက္ေပးေလ့ရွိေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ဦးေဇာ္မုိးအေပၚ ၂၀၁၃ ခုႏွစ္၊ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ အရ ပဲခူးတုိင္းေဒသႀကီး တရားလႊတ္ေတာ္တြင္ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ ၃ ရက္၌ တရားစဲြဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ဦးေဇာ္မိုးေသဆုံးသြားျခင္းကို ဓမၼတာအတိုင္း ေသဆုံးျခင္းဟုတ္/မဟုတ္သိရွိႏုိင္ရန္ ပဲခူးၿမိဳ႕မရဲစခန္း၌ ေသမႈေသခင္းအမွတ္စဥ္ ၁၈/၂၀၁၉ ျဖင့္ အမႈေရးဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version

 

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသူ မိုးညိုမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မိုးမှာ ယနေ့(မေလ ၁၉ ရက်)၊ နေ့လယ် ၁ နာရီ ၅၅ မိနစ်ခန့်က ပဲခူးအကျဉ်းထောင်တွင် သေဆုံးသွားကြောင်း သိရသည်။
“အကျဉ်းထောင်ထဲမှာ သတိလစ်သွားလို့ ဆေးရုံကိုပို့တဲ့အခါ ဆေးရုံရောက်တော့ သေသွားတာပဲ။ ဘယ်လိုကြောင့်သေရသလဲဆိုတာကိုတော့ ရင်မခွဲရသေးလို့ မသိသေးပါဘူး။ သူ့အမျိုးသမီးကို ဆက်သွယ်ပြီး ခေါ်ထားပါတယ်” ဟု ပဲခူးမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးနိုင်စိုးက အကုန်သိသတင်းဌာနသို့ ပြောသည်။
သေဆုံးသူဦးဇော်မိုးသည် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် လ.ဝ.က ဦးစီးအရာရှိတစ်ဦးဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းပြုလုပ်သူများထံမှ ငွေကြေးနှင့်လက်ဆောင်ပစ္စည်းများတောင်းခံခြင်း၊ ဦးစီးအရာရှိ ရုံးခန်းအတွင်းရှိ အလှူခံပုံးအတွင်းသို့ အလှူငွေများထည့်ဝင်ခိုင်းခြင်းတို့ ပြုလုပ်ခဲ့မှုကြောင့် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မိုးညိုမြို့နယ် လ.ဝ.က ဦးစီးအရာရှိ ဦးဇော်မိုးသည် မိုးညိုမြို့နယ် လ.ဝ.က ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း ၎င်းလုပ်ပိုင်ခွင့်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ငွေကြေးတောင်းခံရယူခြင်းဖြင့် အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျေးရွာနယ်မြေခံသတင်းများအရ ငွေကြေးမရလျှင် အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲ၍ လုပ်ငန်းဆောင်ရွက်မပေးဘဲ ငွေကြေးပေးမှသာ ဆောင်ရွက်ပေးလေ့ရှိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးဇော်မိုးအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၃ ရက်၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဦးဇော်မိုးသေဆုံးသွားခြင်းကို ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန် ပဲခူးမြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် ၁၈/၂၀၁၉ ဖြင့် အမှုရေးဖွင့်စစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။