Skip to main content
ထိုင္း-ျမန္မာနယ္စပ္၊ ျမန္မာပိုင္နက္တြင္ ေသနတ္ကိုင္ရမ္းကားသူမ်ားကို ဖမ္းဆီးရမိ
Ads Block

ထိုင္း-ျမန္မာနယ္စပ္၊ ျမန္မာပိုင္နက္တြင္ ေသနတ္ကိုင္ရမ္းကားသူမ်ားကို ဖမ္းဆီးရမိ

ထိုင္း- ျမန္မာနယ္စပ္ ျမဝတီခ်စ္ၾကည္ေရး တံတားေအာက္၊ ျမန္မာပိုင္နက္ျဖစ္ေသာ ေရလယ္ကြၽန္းတြင္ ညအခ်ိန္မေတာ္ ေသနတ္ကိုင္ေဆာင္ၿပီးရမ္းကားသူမ်ားကို ဖမ္းဆီးအမႈဖြင့္ထားေၾကာင္း သိရသည္။

ထိုင္း-ျမန္မာနယ္စပ္၊ ျမန္မာပိုင္နက္တြင္ ေသနတ္ကိုင္ရမ္းကားသူမ်ားကို ဖမ္းဆီးရမိ

ျဖစ္စဥ္မွာ ေမလ ၁၈ ရက္၌ ျမဝတီရဲတပ္ဖြဲ႔ဝင္မ်ားမွ ကင္းလွည့္စစ္ေဆးေဆာင္ရြက္ေနစဥ္ ည ၁၁ နာရီခြဲခန္႔တြင္ ေရလယ္ကၽြန္း၌ ျမင့္ေဆြ(ခ)ေရႊဘတို႔အဖြဲဲ႕မွ ေသနတ္မ်ားႏွင့္ ရမ္းကားေနေၾကာင္းသတင္းပို႔လာသျဖင့္ သြားေရာက္စစ္ေဆးခဲ့ၾကေၾကာင္း သိရသည္။ ယင္းေနာက္ ကြၽန္းေပၚတြင္ ျမင့္ေဆြ၊ သန္းႏိုင္ႏွင့္ေအာင္ေအာင္တို႔ကိုေတြ႔႐ွိရသျဖင့္ စစ္ေဆးေမးျမန္းရာ ေရလယ္ကၽြန္းတဲေအာက္ထပ္တြင္ ဝွက္ထားေသာ ၉မမ က်ည္ ၆ ေတာင့္ပါ ပစၥတိုတလက္ေတြ႕႐ွိရၿပီး ေမလ ၁၉ ရက္တြင္ ထပ္မံဝန္ခံထြက္ဆိုခ်က္အရ ေနာက္ထပ္ေသနတ္တစ္လက္ကိုပါ ထပ္မံသိမ္းဆည္းႏိုင္ခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ တရားမ၀င္ ေသနတ္ကိုင္ေဆာင္သူမ်ားျဖစ္ေသာ ျမင့္ေဆြ၊ သန္းႏိုင္ႏွင့္ေအာင္ေအာင္တို႔ ၃ ဦးကို ျမဝတီၿမိဳ႕မရဲစခန္း၌ (ပ)၆၆ဝ/၂၀၁၉ ၊ လက္နက္ပုဒ္မ ၁၉(စ)တို႔ျဖင့္အမႈဖြင့္ထားေၾကာင္း သိရသည္။

- ကိုကိုႀကီး- ျမဝတီ(အကုန္သိသတင္းဌာန)

Unicode Version

ထိုင်း- မြန်မာနယ်စပ် မြဝတီချစ်ကြည်ရေး တံတားအောက်၊ မြန်မာပိုင်နက်ဖြစ်သော ရေလယ်ကျွန်းတွင် ညအချိန်မတော် သေနတ်ကိုင်ဆောင်ပြီးရမ်းကားသူများကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၁၈ ရက်၌ မြဝတီရဲတပ်ဖွဲ့ဝင်များမှ ကင်းလှည့်စစ်ဆေးဆောင်ရွက်နေစဉ် ည ၁၁ နာရီခွဲခန့်တွင် ရေလယ်ကျွန်း၌ မြင့်ဆွေ(ခ)ရွှေဘတို့အဖွဲ့မှ သေနတ်များနှင့် ရမ်းကားနေကြောင်းသတင်းပို့လာသဖြင့် သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ကျွန်းပေါ်တွင် မြင့်ဆွေ၊ သန်းနိုင်နှင့်အောင်အောင်တို့ကိုတွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ ရေလယ်ကျွန်းတဲအောက်ထပ်တွင် ဝှက်ထားသော ၉မမ ကျည် ၆ တောင့်ပါ ပစ္စတိုတလက်တွေ့ရှိရပြီး မေလ ၁၉ ရက်တွင် ထပ်မံဝန်ခံထွက်ဆိုချက်အရ နောက်ထပ်သေနတ်တစ်လက်ကိုပါ ထပ်မံသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တရားမဝင် သေနတ်ကိုင်ဆောင်သူများဖြစ်သော မြင့်ဆွေ၊ သန်းနိုင်နှင့်အောင်အောင်တို့ ၃ ဦးကို မြဝတီမြို့မရဲစခန်း၌ (ပ)၆၆ဝ/၂၀၁၉ ၊ လက်နက်ပုဒ်မ ၁၉(စ)တို့ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

- ကိုကိုကြီး- မြဝတီ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။